Fact Check: ထိုင်းတောင်ပိုင်းက ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား

ထိုင်းမှာ ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ အခြားဘာသာတွေကို နေရာပေးမိတဲ့အတွက် ထိုင်းနိုင်ငံမှာ ဘုန်းကြီးတွေ အသတ်ခံလိုက်ရ တဲ့ အဖြစ်အပျက်ဆိုပြီးတော့ မျှဝေထားတာဖြစ်ပါတယ်။ သို့သော်လည်း မျှဝေထားတဲ့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံက ဘုန်းကြီးတွေ အသတ်ခံရတဲ့ပုံ မဟုတ်ဘဲ တရုတ် တိဘက်ဒေသက ဘုန်းကြီးတွေ တရုတ်ရဲ့ အုပ်ချုပ်မှုကို ဆန္ဒဖော်ထုတ်နေပုံဖြစ်တာကို  Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံမှာ ဘုန်းကြီးအမြောက်အများကို အခြားဘာသာဝင်တွေက သတ်ဖြတ်မှုဖြစ်ပေါ်ခဲ့တဲ့ဆိုတဲ့ အချက်အလက် တစ်စုံတစ်ရာလည်း မတွေ့ရှိရပါဘူး။ “ဘာလုပ်သင့်လဲ စဉ်းစားကြပေါ့ နှလုံးသားမှာ ဘုရားတည်နေရင် ဘယ်ဘာသာဝင်ကမှ လာဖျက်ဆီးလို့မရဘူး။ ကျန်တဲ့ဘာသာတွေကိုလည်း နေရာပေးရမယ်လို့ NLD ပါတီဝန်းရံသူတွေက ပြောကြတယ်။ နှလုံးသားမှာ ဘုရား တည်နေပါလျှက်နဲ့ ဘာသာခြားတွေကို […]

Continue Reading

ယာဉ်မတော်တဆမှုကို ထိုင်းစစ်တပ်က ခိုးဝင်မြန်မာတွေ ပစ်သတ်မှုအဖြစ် ဖော်ပြနေ

ထိုင်းစစ်တပ်က ခိုးဝင်မြန်မာတွေ ပစ်သတ်မှုအဖြစ် ဖော်ပြနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ထိုင်းထဲကို…ခိုးဝင်မလာကြပါနဲ့…ပစ်မိန့်လည်းထုတ်ထားပြီပြီ…အသိနဲ့သတိရှိပါ จากเหตุการณ์เมื่อวาน รถกะบะบรรทุกคนชาวกาฬสินธุ์มาจากเที่ยวคำชโนด อ.บ้านดุง #หลับในพุ่งชนต้นไม้ อ.ไชยวาน ช่วงนี้มีรายงานเสียชีวิตเพิ่มเป็น3ราย..เสียใจด้วยน่ะคับ”လို့ ရေးသားထားပြီး ကားလမ်းဘေး လယ်ကွင်းပြင်တစ်ခုက မြေပြင်မှာ အတုံးအရှုံးလဲနေတဲ့ လူတွေနဲ့ သစ်ပင်တစ်ပင်ကို တိုက်မိပြီး ခေါင်းကြေ သွားတဲ့ကားတစ်စီးနဲ့ ကယ်ဆယ်ရေးလုပ်သားတွေလည်း ပါဝင်ပါတယ်။ “ဆူးရဲ့ဒဏ်ရာများနဲ့ သူ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ “KO Kyaw Gyi” နဲ့ “မချစ်စု ငွေလွှဲ ကောင်တာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုတွေကလည်း မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ ထိုင်းစာကို ဖေ့စ်ဘွတ်ရဲ့ ဘာသာပြန်ဆိုချက်ကို နှိပ်ကြည့်လိုက်တဲ့အခါမှာအောက်ပါ အတိုင်းတွေ့ ရပါတယ်။ မြန်မာဘာသာနဲ့ရေးသားချက်မှာ ထိုင်းကို ခိုးဝင်လာတဲ့သူတွေကို […]

Continue Reading

ထိုင်းနိုင်ငံချင်ရိုင်းခရိုင်က ကောက်ရိုးဘန်ဂလိုတွေကို မိတ္ထီလာကဘန်ဂလိုတွေအဖြစ် မျှဝေနေကြ

“မိတ္ထီလာရောက်ရင် ဝင်ခဲ့ပါ ရှန်တဲလေတပ်စခန်း ရဲ့ ဘေးက သရက်ခြံက ကျနော့်တို့ခြံပဲ ထန်းရေနဲ့ ဆိတ်သား ခြောက်ဖုတ် free ကြွေးမယ် ခွေးသားလည်းရတယ် အတွဲးတွေလာမယ်ဆိုရင် ဘိကောင်းတယ်နော်ဂစ်တာတီး မလား ဖဲရိုက်မလား နောက်ဆုံး fa ဖြစ်ပါစေ အားငယ်စရာမလိုဘူး…..(မှတ်ချက်-စကားလုံးအသုံးအနှုန်းကြမ်း တမ်းမှုကြောင့် ချန်လှပ်ထားခဲ့ပါသည်)မီထီလာ စီးပွားရေး တက္ကသိုလ်က ကျောင်းသား#သူများ အပြင် GTC ပါမကျန် အခြားမေဂျာပေါင်းစုံက ကျောင်းသား/သူတွေအတွက် ကျနော်တို့ ခြံလေးက လုံးဝနတ်ပြည် အိုအေ စစ်လေးပါ တစ်ချို့မန်လေးသားတွေတောင် တစ်လကိုးသီတင်း လာနေကြပါတယ်ဗျ။ ခြံအကျယ်ဝန်း ကတော့ ၁၂ဧကရှိပါတယ် အားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျ”ဆိုပြီး “Kyaw Htet Naing”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဘန်ဂလိုပုံကို Google […]

Continue Reading

မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြောကြားဆိုတဲ့ သတင်းတု

“မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင် ဝန်ကြီးချုပ်ပြောကြာ”ဆိုပြီး ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန် ယက်မှာ ပျံ့နှံ့ပါတယ်။ “မင်း ကြီး ကြိုက်”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ပဲခူးမြို့ကသတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ဧပြီ ၂၆ ရက်ကမျှဝေထားပါတယ်။ Fb link Archive link အခြားသော ဖေ့စ်ဘွတ်အုပ်စုတွေမှာလည်း မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ “Zarni Tike”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်းဘန်ကောက်ပို့စ်မှာပါတဲ့ Mr.Kushima Asharay ၏ 3 Days to Myanmar ကိုဆီလျှော်အောင်ဘာသာပြန်ဆိုသည်ဆိုပြီးတော့ အလားတူပို့စ်တစ်ခုကို မျှဝေထားတာတွေ့ရ ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး Google မှာ ““မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင် ဝန်ကြီးချုပ်ပြောကြာ”ဆိုပြီး အဓိကကျတဲ့ စကားလုံးတွေအသုံးပြုပြီးရှာဖွေရာမှာ […]

Continue Reading

ထိုင်းမှာ COVID-19 နောက်ဆက်တွဲပြဿနာကြောင့် လင်မယားနှစ်ယောက်ကြိုးဆွဲချ သေခဲ့တာလား… အမှန်က ဒီလိုပါ

ကမ္ဘာတစ်လွှားမှာကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ခြင်းနဲ့ မဖြစ်မနေလုပ်ငန်းဆောင်တာတွေကလွဲလို့ လူစုလူဝေးရှောင်ကြဉ်ဖို့ ဆောင်ရွက်နေရခြင်းမှာ စီးပွားရေးထိခိုက်မှုတွေက အနည်းနဲ့အများဆိုသလိုရှိကြတာ မလွဲမသွေကိစ္စပဲဖြစ်ပါတယ်။ ဒီ COVID-19 ကူးစက်မှုပျံ့နှံမှုကြောင့်ထိခိုက်ခဲ့တဲ့နိုင်ငံတွေထဲမှာလည်း ထိုင်းနိုင်ငံ ဟာလည်း အပါအဝင်ဖြစ်ပါတယ်။ ဧပြီ ၂၄ ရက်အထိ ထိုင်းနိုင်ငံမှာ ပိုးတွေ့ အတည်ပြုလူနာ ၂၈၀၀ ကျော်နဲ့ သေဆုံးသူ ၅၀ ဉီး၊ ပြန်လည်ကောင်းမွန်လာသူ ၂၄၉၀ ဉီးရှိတယ်လို့ worldmeters.info ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ခမ်းဟေမန်” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ထိုင်းမှာ ကိုဗစ်-19 နောက်ဆက် တွဲပြဿနာကြောင့် နေ့စဉ် ရေထဲခုန်ချ အသေခံတာတို့၊ ဆွဲကြိုးချအသေခံတာတို့ နေ့စဉ်ဖြစ်ပေါ်နေပါတယ်။ ထို့ကြောင့် အဆင်မပြေတာလေးရှိနေရင် သီးခံအောင့်အင်းပြီးနေကြပါ ရှိတာလေးနဲ့ လောက်အောင်စား ရတာလေးနဲ့ ကျေနပ်ကြပါလို့ ပြောချင်ပါတယ်။”ဆိုပြီး ဓာတ်ပုံတစ်ချို့နဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်း မျှဝေလာပါတယ်။ […]

Continue Reading