ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအားမြန်မာနိုင်ငံကလက်ခံရန် လုံခြုံရေးကောင်စီဆုံးဖြတ်ဆို တဲ့သတင်းမှား
ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအားမြန်မာနိုင်ငံကလက်ခံရန် လုံခြုံရေးကောင်စီက ဇွန် ၂၂ရက်က ဆုံးဖြတ်ဆို တဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “နိုင်ငံခြားရေးဝန်ကြီးကြောင့် ဒုက္ခရောက်ကြရပြီ ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအား မြန်မာနိုင်ငံမှ လက်ခံရန်အတွက် ဇွန်(၂၂)ရက်က ကျင်းပခဲ့သော ကုလသမဂ္ဂဆိုင်ရာ လုံခြုံရေးကောင်စီက ထောက်ခံမဲ (၃၈)မဲဖြင့် အတည်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီး ရှိနေပါလျှက်နဲ့ ၂၀၁၇ခုနှစ် ဘင်္ဂလီအရေးအခင်း ဖြစ်သည့်အချိန်မှ ယနေ့အချိန်အထိ ကုလသမဂ္ဂ အစည်းအဝေးများကို ကြောက်ရွံ့စွာဖြင့် ရှောင်တိမ်းခဲ့သော အဆိုပါနိုင်ငံခြားရေးဝန်ကြီး၏ ညံ့ဖျင်းသိမ်နုပ်မှု့ အကျိုးဆက်များကို ယနေ့ခံစားနေရပါပြီ” ဆိုပြီး “အဲ့ဒေါဏီ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစည်းအဝေးမှတ်တမ်းတွေနဲ့ သတင်းထုတ်ပြန်ချက်တွေကို ဖော်ပြပေးနေတဲ့ un.org မှာဝင်ရောက်ရှာဖွေကြည့်ရာမှာ ဇွန် ၂၂ ရက်ကမြန်မာနိုင်ငံနဲ့ […]
Continue Reading