Fact Check: နေပြည်တော်ကို ဝတပ်နဲ့ AA တပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု
နေပြည်တော်ကို ဝတပ်နဲ့ AA တပ်တွေအပါအဝင် အင်အား ၁၅၀၀လောက်နဲ့ ထိုးစစ်ဆင်နေပြီး မြို့သိမ်းခံရ ဖွယ်ရှိလို့ဆိုတဲ့ ဗွီဒီယိုပုံစံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတု ဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “ဝတပ်နဲ့ AAတပ်တွေ ပါဝင်နေဟု သတင်းထွက်#နေပြည်တော်မြို့ကြီး အထိနာပြီ”လို့ ရေးသားပြီးဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက အောက်ပါအတိုင်း မျှဝေထားရာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရှိတာတွေ့ရပြီး ကြည့်ရှူ့မှုပေါင်း ၃ သိန်းခွဲရှိပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံမှာလည်း “နေပြည်တော်မြို့ အသိမ်းခံရဖွယ်ရှိ လေယာဉ်နဲ့ပစ်တောင်မနိုင်တော့ဘူး အင်အား ၁၅၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေပြီ”စသည်ဖြင့်လည်းရေး သားထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို Youtube ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။ […]
Continue Reading