Fact Check: နေပြည်တော်ကို ဝတပ်နဲ့ AA တပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု

နိုင်ငံရေး | Politics

နေပြည်တော်ကို ဝတပ်နဲ့ AA တပ်တွေအပါအဝင် အင်အား ၁၅၀၀လောက်နဲ့ ထိုးစစ်ဆင်နေပြီး မြို့သိမ်းခံရ ဖွယ်ရှိလို့ဆိုတဲ့ ဗွီဒီယိုပုံစံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတု ဖြစ်ပါတယ်။

အောက်ပါ screenshot ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “ဝတပ်နဲ့ AAတပ်တွေ ပါဝင်နေဟု သတင်းထွက်#နေပြည်တော်မြို့ကြီး အထိနာပြီ”လို့ ရေးသားပြီးဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက အောက်ပါအတိုင်း မျှဝေထားရာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရှိတာတွေ့ရပြီး ကြည့်ရှူ့မှုပေါင်း ၃ သိန်းခွဲရှိပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံမှာလည်း “နေပြည်တော်မြို့ အသိမ်းခံရဖွယ်ရှိ လေယာဉ်နဲ့ပစ်တောင်မနိုင်တော့ဘူး အင်အား ၁၅၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေပြီ”စသည်ဖြင့်လည်းရေး သားထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို Youtube ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာလည်း စစ်တပ်ခေါင်းဆောင်တွေက တိုင်းပြည်ကို အလွဲသုံးစားမှုတွေ အကြောင်းကို ပြောကြားနေတဲ့ ပုဂ္ဂလိက အတွေးအမြင်ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတစ်ခုကို အသုံးပြုပြီး သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဒီဗွီဒီယိုထဲမှာ “ဝ”တပ်ဖွဲ့နဲ့ AA တို့ပူးပေါင်းထိုးစစ်စဉ်မှုနဲ့ပတ်သက်တဲ့အကြောင်း တစ်စုံတရာမပါဝင်ပါဘူး။ သတင်းမီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်တဲ့ ယုံကြည်ရလောက်တဲ့ သတင်းဌာနတွေမှာ ဒီလို ဝတပ်နဲ့ AA တပ်တို့ နေပြည်တော်ကို တိုက်ခိုက်သိမ်းပိုက်နေပြီဆိုတဲ့ သတင်းမျိုးဖော်ပြခြင်းမရှိပါဘူး။ 

စစ်တပ်နဲ့ AA ဟာ နိုဝင်ဘာလကုန်ပိုင်းမှာ ယာယီ အပစ်ရပ်သဘောတူညီပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိတော့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – IrrawaddyArchive link  

ထိုနည်းတူစွာ “ဝ”အမျိုးသားညီညွှတ်ရေးတပ်မတော်(UWSA)ဟာ မြန်မာစစ်တပ်နဲ့ ပလဲနံပသင့်တဲ့ လက်နက် ကိုင်တပ်ဖွဲ့ဖြစ်ပြီး စတင်တည်ထောင်ကတည်းက မြန်မာစစ်တပ်နဲ့ အထူးတလဲ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်းမျိုး မတွေ့ရပါဘူး။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ဝတပ်ဖွဲ့ရော AA ဟာ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး လတ်တလောမှာ တိုက်ပွဲတစ်စုံတစ်ရာ မရှိပါဘူး။ နေပြည်တော်ကို ဝတပ်နဲ့ AA တပ်တွေအပါအဝင် အင်အား ၁၅၀၀လောက်နဲ့ ထိုးစစ်ဆင်နေပြီဆိုတာ သတင်းတုဖြစ်ပါတယ်။

Avatar

Title:Fact Check: နေပြည်တော်ကို ဝတပ်နဲ့ AA တပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *