Fact Check: ရန်ကုန်ဆေးရုံကြီးက ကိုဗစ်ကာကွယ်ဆေးလုသွား တယ်ဆိုတာမဟုတ်ပါ

ရန်ကုန်ဆေးရုံကြီးမှCo19.ကာကွယ်ဆေးများအားလုံးကိုစစ်တပ်က လုယူသွားတယ်ဆိုပြီးတော့ လူမှု ကွန် ယက်အသုံးပြုသူများအကြားမျှဝေလျက်ရှိပါတယ်။ “ရန်ကုန်ဆေးရုံကြီးမှCo19.ကာကွယ်ဆေးများအားလုံးကိုစစ်တပ်မှမတရားလုယူသွားပြီးဟုသိရပါတယ်”လို့ ရေးသားပြီးဖေဖော်ဝါရီ ၁ရက်က မျှဝေထားရာမှာ အများအပြားကပြန်လည်မျှဝေခဲ့ပါတယ်။ ဒီလိုမျှဝေနေတဲ့ အကြောင်းအရာဟာ မဟုတ်မှန်ကြောင်း ရန်ကုန်ဆေးရုံးကြီးက ပြန်လည်ရှင်းလင်း ထားတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်နဲ့ ပတ်သက်ပြီး သတင်းမှားသာဖြစ်ကြောင်း ရန်ကုန်ဆေးရုံးကြီးရဲ့ တရားဝင်ဖေ့စ်ဘွတ်စာ မျက်နှာက ဖေဖော်ဝါရီ ၁ ရက်မှာ အောက်ပါအတိုင်း ရှင်းလင်းထားပါတယ်။ မူရင်းလင်ခ့် – Yangon General Hospital |  Archive link သုံးသပ်ချက် အထက်ပါအချက်အလက်အရ ရန်ကုန်ဆေးရုံကြီးမှ ကိုဗစ်ကာကွယ်ဆေးများအားလုံးကိုစစ်တပ်ကလုယူသွား တယ်ဆိုပြီးမျှဝေနေတာဟာ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ Title:ရန်ကုန်ဆေးရုံကြီးက […]

Continue Reading

Fact Check: COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေး နေတယ်ဆိုတဲ့ သတင်းတု သတင်းမှားများဆက်တိုက်ဖြန့်ချိ

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာမကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ မျှဝေလျက်ရှိတဲ့ ပို့စ်တွေမှာ အလှူပေးနေတယ်၊ ငွေလွှဲပေးမယ်၊ထောက်ပံ့ကြေးပေးနေတယ် အခြားသော ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုလည်း မျှဝေပေးပါ၊ အောက်မှာပါတဲ့ လင့်ခ်ကလေးကို နှိပ်ပါ၊ ဖုန်းနံပါတ်ချန်ထားခဲ့ပါ ဆိုပြီးတော့ တောင်းဆိုထားတာတွေ့ရပါတယ်။  ဒီလိုပို့စ်တွေဟာ သတင်းတု သတင်းမှားတွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို ယုံကြည်လာစေဖို့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ငွေသားအထုပ်လိုက်ပုံတွေနဲ့ ဓာတ်ပုံအဟောင်းကိုအသုံးပြုပြီးရေးသား ကြလေ့ရှိတာလည်း တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုတွေကို ဖုန်းနံပါတ်ချန်ထားခဲ့ရန်တောင်းဆိုပြီး များများသိအောင်မျှဝေပေးဖို့နဲ့ ပေးထားတဲ့ လင့်ခ်မှာ အဖွဲ့ဝင်ဖို့တောင်းဆိုထားတဲ့ ပို့စ်တစ်ခုကို “Covid 19 ရောဂါအတွက် အလှူကြီးပေး နေပြီး”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ အောက်တိုဘာ ၂ ရက်ကမျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေသူ […]

Continue Reading

COVID-19 ရောဂါပျောက်ကင်းဆေးတဲ့ တိုင်းရင်းဆေးဝါးအဖြစ် မျှဝေနေတဲ့ အချက်အလက်မှား

အောက်တိုဘာ ၂ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 အတည်ပြုလူနာ ၃၄ သန်းကျော်ရှိလာပြီး သေဆုံးသူ တစ်သန်းထက်မနည်း ရှိလာချိန်မှာ မြန်မာနိုင်ငံမှာလည်း အောက်တိုဘာ ၂ ရက်နေ့အထိ အတည်ပြုလူနာပေါင်း ၁၅၅၂၅ ဦးနဲ့သေဆုံးလူနာ ၃၅၃ ဦးရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ပြည်တွင်းကလည်း COVID-19 ပျောက်ကင်းဆေးဆိုပြီးတော့ ကြေညာထားတဲ့ ပို့စ်တစ်ခုတွေ လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီလိုမျှဝေလျက်ရှိတဲ့ပို့စ်အပေါ်မှာ ဟာသအနေနဲ့ ရှူမြင်မျှဝေနေကြသူတွေရှိကြသလို မှတ်ချက်တွေ ကြည့်မယ်ဆိုရင် ယုံကြည်သူတွေလည်း ရှိပါတယ်။ ဆက်သွယ်ရန်ဖုန်းနံပါတ်ကိုလည်း အခုကြေညာမှာ ထည့်သွင်းထားတာတွေ့ရပါတယ်။  Fact Crescendo Myanmar အချက်အလက်စိစစ်ချက်အရ အောက်တိုဘာ ၂ ရက်နေ့အထိ COVID-19 ကိုကာကွယ်နိုင်ကုသနိုင်တယ်လို့ အများပြည်သူကို ရောင်းချခွင့်ပေးထားတဲ့ ဆေးတစ်စုံတစ်ရာမရှိ သေးတာတွေ့ရပါတယ်။ လူထုအကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ […]

Continue Reading

Fact Check: ရန်ကုန်တိုင်းအတွင်းသွားလာဖို့ QR Passမလိုတဲ့ လုပ်ငန်းစာရင်း အမှားထွက်ပေါ်

ရန်ကုန်တိုင်းရဲ့ Stay Homeသတ်မှတ်ကာလအတွင်း မြိုနယ်ကျော်သွားလာဖို့ QR Passလိုအပ်ပြီး QR Passမလိုအပ်ပဲ မြို့နယ်ကျော်သွားလာလုပ်ကိုင်ခွင့်ရှိတဲ့ လုပ်ငန်းတွေကိုလည်း သတ်မှတ်ပေးထားပါတယ်။ ဒီလိုသတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစားတွေနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာတချိုမှာ အမျိုးမျိုးဖြန့်ဝေနေကြတာတွေ့ရပါတယ်။ ဒိလိုဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ “QR Pass မလိုပဲ လွတ်လပ်စွာသွားလာနိုင်သူများ ထုတ်ပြန်”လို့ အညွှန်းတပ်ထားပြီး QR Passမလိုတဲ့လုပ်ငန်းတွေအဖြစ် (၁)ဘဏ်လုပ်ငန်း၊ (၂)စက်သုံးဆီအရောင်ဆိုင်များ၊ (၃)Shopping Mall၊ (၄)Covid အထူးတာဝန်ဖြင့် တာဝန်ချခံရသည့် ဝန်ထမ်းများ၊ (၅)ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေးတာဝန် ထမ်းဆောင်နေသူများ၊ (၆)သတင်းတိုက်များ၊ (၇)နိုင်ငံခြးသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ပေးအပ်ထားသူများ၊ (၈) သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုဗဟိုဌာနမှတာဝန်ရှိသူများလို့ ဖော်ပြထားကာ ဒီလုပ်ငန်းက ဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းကဒ်နဲ့သွားလာနိုင်ကြောင်း ရေးသားထားတာတွေ့ရပါတယ်။  FB Link Archive Link အချက်အလက်စိစစ်ချက် အထက်ပါပို့စ်မှာဖော်ပြထားတဲ့ […]

Continue Reading

Fact Check: ဓာတ်ပုံဟောင်းတွေကို အသုံးပြုပြီး မြန်မာရေတပ်က ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေသယောင်ဖော်ပြနေတဲ့ သတင်းမှား

COVID-19 ကူးစက်မဖြစ်စေဖို့အတွက် တပ်မတော်(ရေ)က ဘင်္ဂလား-မြန်မာနယ်စပ်မှာ ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေ သယောင် ဓာတ်ပုံတွေနဲ့တကွ ဖော်ပြနေတဲ့ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “နောက်ဆုံးတော့လည်း တပ်မတော်ကပဲ အမုန်းခံလိုက်ပါပြီ လက်ခံဖို့ချပြထားသော ဘင်္ဂါလီများအား Covid 19 သံသယဖြင့် ပြည်ထဲမဝင်ရန် တပ်မတော်မှ ဖိဖိစီးစီး တားဆီးကာ Navy စစ်သင်္ဘောများမှ တားဆီးပစ်ခတ်မှုစတင်ပါပြီ တိုင်းပြည်ချစ်သူမှန်ရင် နားလည်ကြပါ မြန်မာပြည်သားများ အန္တရာယ်အတွက်သာ ဦးစားပေးပါမည် ဘင်ဂါလီ မဝင်ရ ပိုးမပြန့်စေရ်”စသည်ဖြင့် ရေးသားထားပြီး “Win Htein Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ Link Archive link စက်တင်ဘာလထဲမှာ လူမှုကွန်ယက်အသုံးပြုသူထောင်နဲ့ချီပြီး မျှဝေထားတဲ့ အလားတူပို့စ်ကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တပ်မတော်ရဲ့ […]

Continue Reading

မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ထောက်ပံ့ကြေး ငွေပေးနေတယ်ဆိုတဲ့ သတင်းတု

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာမကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ အခုတစ်ခါမှာလည်း မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လှအန်ဆန်းနဲ့ အခြားအလှူရှင်တစ်ဦးနဲ့ပေါင်းပြီး မြန်မာငွေကျပ်သိန်းပေါင်း (၅၀၀၀၀)သိန်း ပူးပေါင်းပြီး အကူအညီ”ဆိုပြီး “နေ ဟိန်း” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူ က “နိုင်ငံတကာ ထီပေါက်သူ သူဌေးကြီးများ အလှူ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ တစ်သိန်းခွဲရှိခဲ့ပါတယ်။ Fb link Archive link ဒီလို အွန်လိုင်းကနေ ငွေကြေးထောက်ပံ့နေတယ်၊ အောက်မှာပါတဲ့လင့်ခ်ကို နှိပ်ပြီး “join group”ကိုနှိပ်ပေးပါ၊ အခြားသော group တွေကို ရှယ်ပေးပါ၊ ပြီးရင် ဖုန်းနံပါတ်တွေ ရေးခဲပါဆိုတဲ့ပို့စ်တွေဟာ သတင်းမှားတွေဖြစ်တာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ဒီလိုမျှဝေထားတာတွေဟာ မဟုတ်မှန်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်ကနေ အောက်ပါအတိုင်းရှင်းလင်းရေးသားထားပါတယ်။ […]

Continue Reading

နှစ် (၁၀၀) တိုင်းမှာ တစ်ကြိမ် ကမ္ဘာကြီးမှာ ကမ္ဘာ့ရောဂါကပ်ကြီးတစ်ခုဖြစ်တယ်ဆို တာဟုတ်ပါလား

နှစ် (၁၀၀) တိုင်းမှာ တစ်ကြိမ် ကမ္ဘာကြီးမှာ ကမ္ဘာ့ရောဂါကပ်ကြီးဖြစ်ပြီး လူအသေအပျောက်များတတ်တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်မှာသုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “အနှစ် (၁၀၀) လျှင် တစ်ကြိမ် ကမ္ဘာကြီးက လူသန့်ရှင်းရေးလုပ်တဲ့ချိန် ရောက်ပြီလား” စသည်ဖြင့်အစချီပြီး ၁၈၂၀ ခုနှစ်၊ ၁၉၂၀ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်ဆိုပြီးတော့ လူတွေအတုန်းအရှုံးသေတဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံတစ်ချို့နဲ့ ကမ္ဘာပေါ်မှာ လူဦးရေလျော့ချဖို့အတွက် နှစ် ၁၀၀ တိုင်းမှာကပ်ရောဂါဖြစ်တယ်ဆိုပြီး အောက်ပါအတိုင်းရေးသားထားပါတယ်။ Fb link Archive link လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေခဲ့တဲ့ အလားတူပို့စ်မျိုးကို ဒီနေရာနဲ့ ဒီနေရာတွေမှာ လည်း တွေ့ရပါတယ်။ တကယ်ပဲ နှစ် ၁၀၀ တိုင်းမှာ ဒီလိုကပ်ရောဂါဖြစ်ခဲ့တာလား။ ဒီလိုဖြစ်ပျက်ခဲ့ခြင်းဟုတ် မဟုတ် ဆန်းစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မုံရွာက ပြည်ခိုင်ဖြိုးပါတီထောက်ခံပွဲအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံသတင်းမှား

COVID-19 ကူးစက်ပျံ့နှံ့မှုမြင့်တက်နေခြင်းနဲ့အတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပါတီတွေဟာ မဲဆွယ်စည်းရုံးမှုကို ကျန်းမာရေးစည်းကမ်းတွေနဲ့အညီဆောင်ရွက်ချိန် လည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအင်္ကျီဝတ်လူအုပ်ကြီးက အလံဝှေ့ယမ်းနေပုံကို “ယနေ့ မုံရွာ မြင်ကွင်း လေးစားပီလေ” ဆိုပြီးတော့ “‎Myo Ko‎”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မုံရွာ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ် အုပ်စုမှာ စက်တင်ဘာ ၈ ရက်က အောက်ပါ အတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၂ ရာကျော်ရှိပါတယ်။ Fb link Archive link ဒီပို့စ်ရဲ့အောက်မှာ မှတ်ချက်တွေဖတ်ကြည့်မယ်ဆိုရင် မုံရွာမှာ ဖြစ်ပျက်ခဲ့ခြင်းမရှိဘူးလို့လည်း မှတ်ချက်ပေး ထားတာမျိုးတွေ တွေ့ရသလို မယုံကြည်သူတွေလည်းရှိပါတယ်။ ဒီပုံထဲမှာပါတဲ့ သူတွေမှာ COVID-19 ကာလအတွင်းစည်းရုံးရေးဓာတ်ပုံတွေလိုမျိုး ပါးစပ်နဲ့ နှာခေါင်းစည်းမပါဝင်တာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံမှာ gettyimages ဆိုပြီးတော့ […]

Continue Reading

အာရပ်သူဌေးက မြန်မာနိုင်ငံသားတွေကို ကျပ် ၈ သိန်း ထောက်ပံ့ကြေးပေးနေတယ် ဆိုပြီး လှည်းစားထားတဲ့ သတင်းတု

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှု ကွန်ယက်အသုံးပြုသူတွေအကြားမှာဖြန့်ဝေနေတာတွေ့ရပါတယ်။ “24.9.2020.မှစ၍ 24 ,10,2020 ထိကျနော်တိုမြန်မာနိုင်ငံသားများကံကောင်းပါပြီ အာရပ်သူဌေးမှ ထောက်ပန့် ကြေးငွေများကို မြန်မာနိုင်ငံ အလှှုရှင် အဖွဲ့ချုပ်ထံ ဘဏ်အကောင့်မှတရာဝင် ငွေလွှဲလိုက်ပါပြီ မြန်မာနိုင်ငံ သားတစ်ယေက်ကို (8) သိန်း ရရှိတော့မှာဖြစ်ပါတယ် group ထဲကိုဝင်ထားပါ ကျနော်တို့ ဒါနကုသိုလ် အလှုရှင်များအဖွှဲ့မှ တရာဝင်ရရှိအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ် အားလုံဘဲ အများမြင်အောင် ဝိုင်းဝန်း share ပေးပါ ဖုန်းနံပါတ်များ ဆက်သွယ်လိုရအောင်းကွန်မက်မှာရေးပေးပါ အောက်ကလင့်ကိုနှိပ်၍ group ထဲဝင်ထားပါ https://www.facebook.com/groups/604699913559406/?ref=share မိမိ Facebook အကောင့်ထဲမှာ 3 ခါတိတိ share ပေးပါ”ဆိုပြီး “Angle Lay” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “covid 19 […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းမှား ဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူး၊ COVID 19 ကူးစက်ခံရတယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တတိယအကြိမ် ဆေးစစ်ချက် COVID 19 ရောဂါပိုး Positive အဖြေထွက်ဟုဆို” ခေါင်းစဉ်တပ်ပြီး “နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ထမ်းအချို့နှင့် သမ္မတရုံး ဝန်ထမ်းများအပါအဝင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိစပ်မှု့ရှိခဲ့သည့် အသိုင်းအဝိုင်းများမှ လူပုဂ္ဂိုလ်အချို့မှာ COVID 19 ရောဂါပိုးတွေ့ရှိ ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်အား COVID 19 ရောဂါ ပိုးကူးစက်ခံရမှုရှိမရှိ စစ်ဆေးခဲ့ရာ ပထမ အကြိမ်နှင့် ဒုတိယအကြိမ်များတွင် Nagative အဖြေထွင်ခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် ညနေပိုင်း တွင်တတိယအကြိမ် ပြန်လည်စစ်ဆေးခဲ့ရာ Positive အဖြေထွက်ခဲ့သည့်အတွက် အထူးကုသမားတော်ကြီး များဖြင့် သီးသန့်ကုသနေကြောင်း […]

Continue Reading