ကိုဗစ်ထောက်ပံ့ကြေးအတွက် Online စနစ်နဲ့ကောက်ခံနေတယ်လို့ သတင်းမှားဖြန့်

ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက်အိမ်ထောင်တစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်း ထောက်ပံ့ ရန်အတွက် online စနစ်နဲ့ကောက်ခံနေတယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။  â€œGroup ဝင်ထားသူများကိုသာ ထောက်ပံ့ကြေးပေးသွားမည် ဖြစ်သည်။ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တစ်အိမ်ထောင်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် (ဒေသအလိုက်ကွာခြားနိုင်သည်) ထောက်ပံ့ ပေးခဲ့သည်မှာ အားလုံးအသိဖြစ်သည်။ ယခုအခါ ရောဂါပြန့်နှံ့မှုအခြေအနေမှာ ယခင်ကထက် ပိုမိုမြင့်မားလာ သောကြောင့် အိမ်ထောင်စုများအား ကွင်းဆင်းကောက်ခံရန် ခက်ခဲလာသည်။ထို့ကြောင့် Online စနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်သောကြောင့် ယခု ဖော်ပြပါ Group အတွင်းသို့ ဝင်ရောက်၍ စာရင်းပေးထားရန် လိုသည်။ Group ဝင်ရန် (စာကိုနှိပ်၍ Join ကိုနှိပ်ပါ) https://www.facebook.com/groups/1128757160852604/?ref=share  ယခုပို့အား အများသိစေရန် တခြား Groups များတွင် မျှဝေပေးပါ။ […]

Continue Reading

Music Zoneကို လာခဲ့ပြီး သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာမယ်ဆိုတာ ဟုတ်ပါသလား

COVID-19 ပြန်လည်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းအတွင်း စံချိန်ကူးစပ်ပျံ့နှံ့မှုအများဆုံးကို ဖြစ်ပေါ်စေတဲ့ သင်္ဃန်းကျွန်မြိုနယ်ရှိ Music Zone KTVကို သွားလာခဲ့ပြီး သက်ဆိုင်ကျန်းမာရေးဌာနဆီ သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာဖွေဖော်ထုတ်သွားမယ်ဆိုတဲ့ သတင်းဟာ ဖေ့စ်ဘွတ်လူမှုကွန်ယက်တွင် ပြန့်နှံ့နေတာတွေ့ရပါတယ်။ “Music Zoneကို လာခဲ့ပြီး သတင်းမပို့သူများ CCTVမှတ်တမ်းဖြင့် ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ”လို့ရေးသားထားတဲ့ ပို့စ်ကို Kyaw Swar Myintအမည်ရှိတဲ့ ဖေ့စ်ဘွတ်အသုံးပြုတစ်ဦးကတင်ထားပြီး ဒီပို့စ်ကိုပဲ ပြန်လည်မျှဝေသူပေါင်း ငါးထောင့် ငါးရာကျော်ရှိခဲ့ပါတယ်။ FB Link Achive Link အချက်အလက်စိစစ်ချက် သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တစ်ဦးလည်း ဖြစ်ပြီး မြိုံနယ်အတွင်း ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှု အခြေနေသတင်းတွေကို ၎င်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပုံမှန်တင်ပေးနေသူ ဒေါက်တာကျော်စွာဦးရဲ့ ဖေ့စ်ဘွတ်ခ်အကောက်မှာတော့ အထက်ပါသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာရေးသားထားတာမတွေ့ရပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး Factcrescendo Myanmarက […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဗျာလေလံနဲ့ပတ်သက်တဲ့ သတင်းမှားပျံ့နှံ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့၂၀၁၁၁ ခုနှစ်က ဒါရိုက်တာမင်းထင်ကိုကိုကြီးကိုရေးပေးခဲ့တဲ့ကဗျာလေလံနဲ့ ပတ်သက်ပြီး သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ဦးမောင်ဝိတ် ( Myanmar Imperial Vega) ဦးရှိန်ဝင်း (တက်လမ်း ) ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းတို့က သိန်း ၂၄၀၀ ကို စုပေါင်းကျခံပြီး မောင်မောင်အေးတို့ကို ပေးချေ သွားမှာဖြစ်ပါ တယ်”စသည်ဖြင့်ရေးသားထားပြီး နိုင်ငံရေးအရလည်း တိုက်ခိုက်ရေးသားထား တာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီလို ပို့စ်တွေ ပျံနှံ့ခဲ့ပြီးနောက်မှာ ဒီလေလံနဲ့ပတ်သက်ပြီး လေလံပွဲကို ဦးစီးဆောင်ရွက်ခဲ့တဲ့ ကိုမောင်မောင်အေးက အောက်ပါအတိုင်းရှင်းလင်းထားတာတွေ့ရပါတယ်။  “အမေစု ကဗျာလေလံအောင်သွားသူသည် ယခုအွန်လိုင်းတွင်ဖွနေသော ဦးရှိန်ဝင်းရော … ဦးမောင်ဝိတ်ရော လုံးဝ ( […]

Continue Reading

ရန်ကုန်မြို့တော်ဝန်နှင့်မိသားစုကို အဂတိကော်မရှင်ကစစ်ဆေးနေဆိုတဲ့ သတင်းအမှား

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးနဲ့ မိသားစုဝင်တွေကို အဂတိလိုက်စားမှုတိုက်ဖျတ်ရေးကော်မရှင်က စစ်ဆေးနေပြီး ဦးမောင်မောင်စိုးရဲ့ သားနဲ့သမီးတို့အကြောင်းတိုင်ကြားစာအမြောက်အများရရှိထားကာ ပြီးခဲ့တဲ့ ၄ နှစ်အတွင် မိသားစုလုပ်ငန်းတွေ အဆမတန်ကြီးပွားလာတာကြောင့် အဂတိကော်မရှင်က စစ်ဆေးနေတာ ဖြစ်ကြောင်း ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပြန့်နှံ့လျက်ရှိတာတွေရပါတယ်။ အဲဒီ့ပို့စ်မှာ မြို့တော်ဝန်ရဲ့သမီးပိုင်တဲ့ အထည်ချုပ်စက်ရုံမှာ မြို့တော်ဝန်ရာထူးထမ်းဆောင်တဲ့ ကာလအတွင်းမှာ အဆမတန်ခဲ့တဲ့အပြင် စက်ရုံပိုင်မြေကွက်အများအပြားကိုလည်း အစိုးရသွင်းဈေးနဲ့ ဂရမ်ရယူးခဲ့တာတွေနဲ့ မြေကွက်‌နေရာချထားနဲ့ပတ်သက်ပြီး သားဖြစ်သူထံမှတဆင့် ငွေကြေးအမြောက်အများပေးခဲ့ရပေမဲ့ သဘောတူထားတဲ့အတိုင်း မြေအကျယ်အဝန်းမရရှိတာတွေကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ကိုပါ တိုင်ကြားစာများ တပြိုင်တည်းပေးပို့တိုင်ကြားခဲ့ခြင်းဖြစ်သည်လို့ ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် အထက်ပါသတင်းနဲ့ပတ်သက်ပြီး ဦးမောင်မောင်စိုးက မဟုတ်မှန်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ စံတော်ချိန် သတင်းစာကို ပြန်လည်ဖြေရှင်းထားတာတွေ့ရပါတယ်။ “မြေရောင်းတာတွေ၊ ဆောက်လုပ်ခွင့်ပေးတာတွေက ကျွန် တော်တို့ EC နဲ့ပဲလုပ်တာ။ ကျွန်တော်ကိုယ်တိုင် ဒီမြေတစ်ကွက်ကို ရောင်းခွင့်ပေးလိုက်ပါဆိုတာ […]

Continue Reading

၂၀၁၅ ခုနှစ် လောက်ကိုင်တိုက်ပွဲက ပုံတွေကို AA အဖွဲ့ရဲ့ လက်ချက်နဲ့ တပ်မ​ေတာ်သား တွေကျဆုံးပုံအဖြစ် သတင်းမှားဖြန့်

ပုဏ္ဏားကျွန်းမှာ မြန်မာ့တပ်မတော်သား ငါးဦးအား အသေပစ်ခတ်ဖမ်းဆီးရမိတယ်ဆိုတဲ့ စစ်သားတွေ မြေပြင်မှာ လဲကျနေပုံနဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်း ကွန်းတောင်ရွာအနီးတဝိုက် အများပြည်သူရပ်ရွာများအား ခိုးဆိုးလုနှိုက်နေသော တပ်မတော်စစ်ကြောင်းတခုသည် ၂၀၂၀ စက်တင်ဘာလ(၁)ရက်နေ့က ရခိုင်အမျိုးသား အဖွဲ့ချုပ်ထိမ်းချုပ်ရာ နယ်မြေအတွင်းသို့ မတရားကျူးကျော် ဝင်ရောက်လာသဖြင့် သက်ဆိုင်ရာ နယ်မြေတာ ဝန်ခံစစ်ဒေသကင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရန်အကြောင်းကြားရာ လက်မခံပဲ ထွက်ပြေးကြသဖြင့် ရခိုင့် တပ်တော်မှ မလွှဲသာမရှောင်သာ၍ ခြောက်လှန့်ပစ်ခတ်စဉ် မြန်မာတပ်မတော်သားငါးဦးကျဆုံးသွားခဲ့ပြီး ၎င်းတို့နှင့်အတူပါလာသော လက်နက်ခဲ ယမ်း ကျည်ဆံများပါထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း FDM သတင်းဌာန၏ ထုတ်ပြန်ကြေငြာချက် အရသိရပါ သည်”စသည်ဖြင့် ရေးသားထားပြီး “တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာပါတယ်။ Link Archive link အလားတူပို့စ်ကို “စော ဒေဝီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ […]

Continue Reading

“AA ရခိုင်စစ်သမီးတွေရဲ့ခံယူချက်”အမည်နဲ့ ရုပ်သံဖိုင်ထဲကရုပ်ကတ်အချို့နဲ့ AA အဖွဲ့ရဲ့ မုဒိန်းကျင်ခံရတဲ့ ရခိုင်မိန်းမပျိုလေးများအဖြစ်ပုံမှားရိုက်ထားတဲ့သတင်းတု

AA အဖွဲ့ကို ဝင်ရောက်သွးတဲ့ အမျိုးသမီးစစ်သည်တွေဟာ အေအေအရာရှိ များရဲ့လိင်ဖော်ဖြေရေးလုပ် သားများဖြစ်သွားကြတယ်ဆိုတဲ့  ဗွီဒီယိုဖိုင်ပို့စ်တစ်ခုကို Myanmar Top News က ယူကျူ့ချန်နယ်မှာ ြသဂုတ် ၂၂ ရက်က မျှဝေခဲ့တာတွေ့ရပါတယ်။  â€œá€Ąá€ąá€Ąá€ąá€Ąá€›á€Źá€›á€žá€­á€™á€ťá€Źá€¸á€›á€˛á€ˇá€œá€­á€„á€şá€–á€ąá€Źá€şá€–á€źá€ąá€›á€ąá€¸á€á€Żá€•á€şá€žá€Źá€¸á€™á€ťá€Źá€¸á€–á€źá€…á€şá€žá€˝á€Źá€¸á€€á€źá€žá€ąá€Źá€›á€á€­á€Żá€„á€şá€™á€­á€”á€şá€¸á€™á€•á€ťá€­á€Żá€œá€ąá€¸á€™á€ťá€Źá€¸â€á€—á€˝á€Žá€’á€Žá€šá€­á€Żá€€á€­á€Ż ခေါင်းစဉ်တပ်ထားပြီး Myanmar Top News အမည်နဲ့ ယူကျူ့ချန်နယ်မှာမျှဝေထားတာရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့သူ ၄သောင်းကျော်ရှိခဲ့ပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး The Nyang News က အချက်အလက်စိစစ်ထားတာ တွေ့ရပါတယ်။ “အဓမ္မ ပြုကျင့်ခံရသူ အမျိုးသမီးက ရခိုင်အမျိုးသမီး များ အစည်း အရုံး ထံ ဖုန်းဆက် အကူအညီ တောင်းခံထားတယ် ဆိုတဲ့ အချက်နဲ့ ရခိုင်အမျိုးသမီး အစည်းအရုံး တာဝန်ရှိသူရဲ့ ပြောကြားခဲ့တယ် […]

Continue Reading

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ မှာ ထိုးမယ်ဆိုတာမဟုတ်ပါ

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ ကို အောက်တိုဘာ ၂၂ ရက်မှာ စတင်ထိုးမယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “အောက်တိုဘာ 22 Covid19 ကာကွယ်ဆေး USA မှာလူသန်း 200စထိုးပြီ..CNN”လို့ “Lwin Moe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားထားပြီး ဒီသတင်းကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေခဲ့ကြ တာတွေ့ရပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် Google မှာ “us covid-19 vaccine on october 22 cnn”လို့ အဓိကကျတဲ့စကားလုံးတွေကို ရိုက်ရှာမယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။ COVID-19 ကာကွယ်တားဆီးရန်အလားအလာကောင်းများ ကာကွယ်ဆေးတွေအတွက် ခွင့်ပြုချက် သို့မဟုတ် လိုင်စင်ချထားပေးခြင်းတွေကို အားဆွေးနွေးဖို့အတွက် ၂၀၂၀၊ အောက်တိုဘာ ၂၂ ရက်တွင်ကာကွယ်ဆေးနဲ့ […]

Continue Reading

သီတဂူဆရာတော်ကြီးမှာ COVID-19 တွေ့ရှိဆိုတဲ့ သတင်းတု

သီတဂူဆရာတော်ကြီးမှာ COVID-19 တွေ့ရှိဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ လျှက်ရှိတာတွေ့ရပါတယ်။  â€œCovid 19 စစ်ဆေးရာဌာနသို့ သီတဂူဆရာတော်ကြီး ရောက်ရှိလာပြီ”ဆိုတဲ့ ဒီခေါင်းစဉ်နဲ့မျှဝေထားတဲ့သတင်းမှာ သီတဂူဆရာတော်ကြီးကူးစက်ခံရတဲ့ ဗိုင်းရပ်စ်မှာ “Covit 19 ၏အဆင့်အမြင့်ဆုံးဖြစ်သော #blackpigcovitvirus ဖြစ်ပြီးပျောက်ကင်းဖို့ရာမဖြစ်နိုင်နိုင်ကြောင်း”စသည်ဖြင့်ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link ဒီပို့စ်ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ် အချက်အလက်စိစစ်ချက်  â€œá€Ąá€˛á€’ဎပုလက လွန်ခဲ့တဲ့နှစ်များစွာက အာရှတော်ဝင်မှာ နှလုံးစမ်းသပ်တဲ့ စက်ကြီးဝယ်လာလို့ သွားစစ်ဆေး ပေး တာပါ။ ပရိတ်ရွတ်ပေးတာပါ။ ဒီဓာတ်ပုံကိုပဲ သီတဂူဆရာတော် နေမကောင်းလို့ဆိုပြီး လွန်ခဲ့နှစ်က လျှောက် ဖွနေတာ တွေ့ဖူးပါတယ်”ဆိုပြီးတော့ သီတဂူဆရာတော်ကြီးရဲ့ လက်ရုံးတပည့်ဆရာတော်တစ်ပါးဖြစ်တဲ့ ဒေါက်တာကောဝိဒသိရီ(သီတဂူစတားဆရာတော်)က ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာတဆင့် ပြန်လည် ရှင်းလင်းထား တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ […]

Continue Reading

ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာခဲ့သလား-မဟုတ်ပါ

ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာပြီး ဒေါ်လာသန်း ၄၁၀ ပေးခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက်သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ “ကျေးဇူးသိတတ်လှတဲ့ ဂျပန်”စသည်ဖြင့်ခေါင်းစဉ်တပ်ထားပြီး ဂျပန်ဝန်ကြီးချုပ်မြန်မာနိုင်ငံကိုရောက်လာခဲ့ပြီး ကိုဗစ်ကြောင့်ဖြစ်ပေါ်တဲ့စီးပွားရေးကျဆင်းမှုကို ကုစားနိုင်ဖို့ အစိုးကို ဒေါ်လာ သန်း ၄၁၀ ပေးသွားပါတယ် (ချေးတာမဟုတ်ပါ) ဆိုပြီးတော့ ဂျပန်ဝန်ကြီးချုပ်ပုံနှင့်တကွ ရေးသားမျှဝေထားတာအောက်ပါအတိုင်းတွေ့ရ ပါတယ်။ Fb link Archive link အလားတူ ပို့စ်ကို ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဒီအချက်အလက်တွေဟာ ထင်ယောင်ထင်မှားဖြစ်စေပြီး မှားယွင်းနေတာတွေ့ရပါတယ်။  ယခုနှစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်ဝန်ကြီးချုပ် လာရောက်ခဲ့ခြင်းမရှိပါဘူး။ ြသဂုတ် ၂၄ ရက်ကနေ ၂၅ ရက်အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဖြစ်တာတွေ့ရပါတယ်။ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။  […]

Continue Reading

ပါတီကို မဲထည့်ကြပါလို့ အတင်းတိုက်တွန်းတာဟာ သိက္ခာမဲ့တယ်လို့ ဒေါ်သက်သက်ခိုင်ပြောခဲ့သလား

ကျွန်မတို့ပါတီကို မဲထည့်ကြပါလို့ အတင်းတိုက်တွန်းတာဟာ သိက္ခာမဲ့တယ်လို့ ခံစားရလို့ အတင်း မတိုက်တွန်းပါဘူးလို့ PPPပါတီဥက္ကဌဒေါ်သက်သက်ခိုင်ကပြောတဲ့အကြောင်း  Zarni Tikeဆိုတဲ့ ဖေ့စ်ဘွတ်အကောက်က တင်ထားတာတွေ့ရပါတယ်။ “အခုကာလက ၂၀၂၀ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလပေါ့နော်။ ဒီနေရာမှာ ပြည်သူများကို ကျွန်မ ပြောချင်တာက ကျွန်မတို့ပါတီဟာ တခြားပါတီတွေလို ကျွန်မတို့ပါတီကို မဲထည့်ကြပါလို့ အတင်းမတိုက်တွန်းပါဘူး။ ဒီလိုအတင်း တိုက်တွန်းတာဟာ သိက္ခာမဲ့တယ်လို့ခံစားရလို့ပါ။..”စသဖြင့် ဒေါ်သက်သက်ခိုင်ကပြောတယ်လို့ ပို့စ်တင်ထားပြီး ပြန်လည်မျှဝေသူပေါင်း သုံးရာကျော်ရှိခဲ့ပါတယ်။ အချက်အလက်စိစစ်ချက် အထက်ပါပြောဆိုချက်ဟာ မဟုတ်မှန်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ PPPရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ “Myanmar National Post မှ အပိုင်း(၄) အနေဖြင့်တင်ထားတဲ့ ပုံနှင့်စာထဲမှ ပုံကိုယူပြီးစာများကို ကလိမ်ကကျစ်ကျစွာဖြင့် ပြည်သူများထင်ယောင်ထင်မှားဖြစ်အောင် အကောင့်ပိုင်ရှင်က စာသားများပြင်ထားတာကို ထင်ထင်ရှားရှားသိစေလို၍ အခုလိုတင်ပြရခြင်းဖြစ်ပါတယ်။” ပြန်လည်ရှင်းလင်းထားပါတယ်။ ဆက်လတ်ပြီး “ပြည်သူတွေအနေနဲ့သတင်းအမှားတွေတင်နေတဲ့ ဖေ့စ်ဘွတ်အကောက်တွေကို […]

Continue Reading