Fact Check: နေပြည်တော်ကို သိမ်းပိုက်ဖို့ တရုတ်စစ်ကူ ၅၀၀၀ လားရှိုးရောက်နေဆိုတဲ့ သတင်းတု
နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် တရုတ်စစ်ကူ ၅၀၀၀ လာရှိုးကို ရောက်ရှိနေပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်း ဖြစ်တယ်။ “စစ်ကောင်စီကို တရုတ်စစ်ကြေငြာ စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကိုတိုက်ခိုက်ဖို့ တရုတ်စစ်ကူ(၅၀၀၀)လာရှိုးသို့ရောက်ရှိနေ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေကလည်း ဖော်ပြချက်မရှိပါဘူး။ အခုလို ဗွီဒီယို ဖြန့်ဝေထားတဲ့ “Khit Thit News” အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည် ကူးယူပြီး ခေါင်းစဉ်တု ဒါမှမဟုတ် လုပ်ကြံသတင်းခေါင်းစဉ်တွေ တပ်ကာ […]
Continue Reading