Fact Check: အာဏာဖိဆန်တဲ့ ဗိုလ်ချုပ်ဦးဆောင်တဲ့ PDFတွေက စစ်စခန်းကို တိုက်ခိုက်လို့ သတင်းတုဖြန့်
အာဏာဖိဆန်တဲ့ ဗိုလ်မှူးချုပ်တစ်ယောက်ဦးဆောင်တဲ့ PDF အထူးကွန်မန်ဒိုတပ်တွေက စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဆိုပြီးတော့ ဓာတ်ပုံ ၁၂ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူရာဂဏန်း က ပြန်လည်မျှဝေခဲ့ကြတာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက် ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေဖြစ်တာမှန်ပေမဲ့ အာဏာဖိဆန်ရေး ဗိုလ်မှူးချုပ်တစ်ယောက်ဦးဆောင်တဲ့ တိုက်ခိုက်မှု ဆိုတဲ့ အထောက်အထားမတွေ့ရပါတယ်။ “CDMဗိုလ်မှူးချုပ်သူရအောင်ဝင်းထွန်း(တိုင်းစစ်ဌာနချုပ်-ဗျူဟာမှူး)ဦးစီးသောVIP PDFအထူးကွန်မန်ဒိုတပ်များနှင့် ဒေသခံPDFများမှစစ်ကောင်စီတပ်စခန်းများအားဝင်ရောက်တိုက်ခိုက်ပြီးနောက်သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများနှင့်ပစ္စည်းမျိုးစုံဖြစ်ပါသည်။”လို့ရေးသားပြီး ကောင်းကင်ထက်က ကြယ်တစ်ပွင့်အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဗိုလ်မှူးချုပ် […]
Continue Reading