Fact Check: ဒီပုံတွေက ပဲခူးမှာသေနတ်နဲ့ အပစ်ခံရတဲ့ စစ်ဗိုလ်ရဲ့ကားပုံ မဟုတ်ပါ

ပဲခူးမှာ တပ်ကဗိုလ်ကြီးကားနဲ့ ရဲမူးကား အပြန်အလှန်ပစ်ခတ်မူဖြစ်ပွားပြီးတိမ်းမှောက်သွားတဲ့ကားအဖြစ် ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပဲခူးမှာ ရဲနဲ့ အပြန်အလှန် ပစ်ခတ်ပြီး​နောက် ကား​မှောက်သေဆုံးခဲ့တဲ့ စစ်ဗိုလ်​သတင်းကို ဒီမှာတွေ့ရပါတယ်။ မျှဝေလျက်ရှိတဲ့ပို့စ်မှာ သေနတ်ကျဉ်ပေါက်များစွာထိမှန်ထားတဲ့ အိမ်စီးကားတစ်စီးနဲ့ ကားမှန်ကွဲနေတဲ့ ကားပုံတွေပါဝင်ပါတယ်။သို့သော်လည်း ဒီကားပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးတဲ့ ဓာတ်ပုံတွေဖြစ်ပြီး မြန်မာနိုင်ငံလည်းသက်ဆိုခြင်း မရှိပါဘူး။  “ပဲခူးမှာ တပ်ကဗိုလ်ကြီးကားနှင့်ရဲမူး ကားအဝေမတည့်၍fast and furious ဇာတ်ကားထဲကလို ကားတေပေါ်မှ hollywood ဇာတ်ကားထဲမှ စတန့်ဇာတ်ဝင်ခန်းတစ်ခုကဲ့သို့ ကားမောင်းရင်းသေနတ်များဖြင့် အပြန်အလှန် အညိုးတကြီး ပစ်ခတ်ကြခြင်းဖြစ်ကြောင်းကြားသိရပါတယ်ခမျ ဗိုလ်ကြီးကား နှင့် ရဲမှူးကားတို့ သနပ္ပင်လမ်းမတလျောက်သေနတ်ဖြင့်လိုက်ပစ် ရာမှ နာရီစင်ရှေ့ရောက်တွင် ဗိုလ်ကြီးကားမှာ ဘလောက်တုံးများဝင်တိုက်မိ၍ မှောက်လျက်သားဖြစ်သွား။(မူရင်းအရေးအသား)”စသည်ဖြင့့်ေရးသားပြီး “Thant Zaw Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက […]

Continue Reading

Fact Check: ဒီပုံက မိတ္ထီလာမှာ ပစ်သတ်ခံရတဲ့ စစ်ဗိုလ်ရဲ့ဓာတ်ပုံ မဟုတ်ပါ

စစ်တပ်က အရာရှိတစ်ယောက်ရဲ့ ရုပ်အလောင်းဘေးမှာ ကလေးငယ်တစ်ယောက်ကိုပွေ့ချီလျက်ငိုနေတဲ့ အမျိုး သမီး ဓာတ်ပုံကို မိတ္ထီလာမှာ လုပ်ဖော်ကိုင်ဖက်ဗိုလ်မှူးက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်ကြီးအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံဖြစ်ပါတယ်။ Khinsabalnyo အမည်နဲ့ ဖေစ့်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေး သားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  မိတ္တီလာမှာ စစ်​တပ်က အရာရှိ ၂ ဦးအပြန်အလှန်ပစ်ခတ်မှုမှာ ဒဏ်ရာရ ဗိုလ်ကြီး ​နေပြည်​တော်စစ်​ဆေးရုံတွင် ​သေဆုံးသွားကြောင့် ဧပြီ ၂၆ ရက်က Khit Thit သတင်းဌာနကရေးသားတဲ့သတင်းကို […]

Continue Reading

Fact Check: AmCham ဉက္ကဌနဲ့ ပတ်သက်တဲ့ သတင်းမှား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်အသင်း(The American Chamber of Commerce in Myanmar -AMCHAM) ရဲ့ ဥက္ကဌ Max Talcott ဟာ စစ်တပ်ကခန့်ထားတဲ့ ဟိုတယ်ခရီးဝန်ကြီးနဲ့ မကြာခင်က တွေ့တယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားမျှ ဝေလျက်ရှိပါတယ်။ Max Talcott ဟာ အခြားသောဝန်ကြီးတွေနဲ့လည်း အပြင်မှာတွေ့ဆုံမှုရှိတယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။ “The American Chamber of Commerce in Myanmar (AMCHAM)က လက်ရှိစစ်ကောင်စီနဲ့ တွေ့ဆုံမှုတွေ မလုပ်ဘူးလို့ပြောထားပေမယ့် လက်ရှိ AMCHAM ဒုဥက္ကဌ Max Talcott ဟာစစ်အုပ်စုရဲ့ ဟိုတယ်ခရီးသွားဝန်ကြီး ဦးမောင်မောင်အုန်း နဲ့ မကြာခင်က တွေ့ဆုံခဲ့ပါတယ် ဒါ့့အပြင် တခြားဝန်ကြီးတွေနဲ့လဲ ပြင်ပမှာတွေ့ဆုံမှု တွေရှိတယ်လို့ သိရပါတယ်။AMCHAM  […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်အတွင်းက တိုက်ပွဲကျခဲ့တဲ့ အရာရှိတစ်ဉီးကို လက်ရှိကချင်က ဖြစ်စဉ်အဖြစ်မျှဝေ

ကချင်ပြည်နယ်က ကချင်လက်နက်ကိုင်အဖွဲ့(KIA)ရဲ့ အလောဘွမ်စခန်းကို လာရောက်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မြန်မာစစ်တပ်မှတပ်ရင်းမှူးအဖြစ် အရာရှိတစ်ယောက်ဓာတ်ပုံ၊ လက်နက်ခဲယမ်းပုံများနှင့်အတူရေးသား မျှဝေ ထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ဒီပို့စ်ကို ပြန်လည်မျှဝေလျက်ရှိပါတယ်။  မြန်မာစစ်တပ်ဘက်က ခလရ ၄၃၇ နဲ့ ခလရ ၃၈၇ တပ်ရင်း၂ ရင်းနဲ့ တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း ပစ်ကူတိုက်ခိုက်ခဲ့ပေမဲ့ တပ်ရင်းမှူးအပါအဝင် တပ်ရင်း ၂ ရင်းစလုံးကျရှုံးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ “ခွေးကောင်စီက စေလွှတ်လိုက်တဲ့ ခလရ (၄၃၇) တပ်ရင်းနဲ့ ခလရ ၃၈၇ တပ်ရင်းနှစ်ရင်းလုံးက တပ်ရင်းမှူး နှစ်ဦးလုံး ကာလနာတိုက်ကုန်ကြပြီး ခလရ ၄၃၇ တပ်ရင်းမှူးအလောင်းကိုတော့ နွမ်လျန်ရွာ မှာ ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြပေမယ့် ခလရ ၃၈၇ တပ်ရင်းမှူးကတော့ အလောင်းတောင် ပြန်မသယ်နိုင်ပဲ ပိုးစိုးပက်စက် ရှုံးနိမ့်ခဲ့ကြတယ်။(မူရင်းအရေးအသားအတိုင်း)”စသည်ဖြင့်ရေးသားပြီး […]

Continue Reading