Fact Check: အာဆီယံ အစည်းအဝေးတက်ခွင့်မရလို့ စစ်တပ်ထောက်ခံသူများ ဆန္ဒပြပုံ လား-မဟုတ်ပါ

အာဆီယံကို စစ်တပ်ထောက်ခံသူတွေ ဆန္ဒပြနေတယ်ဆိုပြီးတော့ လူအများအပြားစုဝေးနေပုံနဲ့ လမ်းလျှောက် နေပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၆ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ စစ်တပ်ခေါင်း ဆောင်အပါအဝင် နိုင်ငံရေးရာထူးရှိသူ မည်သူကိုမဆို အာဆီယံအစည်း အဝေးတက်ရောက်ခွင့် မရဖြစ် ပြီးနောက်မှာ ဒီလိုမျှဝေလာတာဖြစ်ပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုဓာတ်ပုံတွေဖြစ်ပါတယ်။ “ယနေ့ ရန်ကုန်တွင် တပ်မတော်ထောက်ခံသူများ စုပေါင်းပြီး အာဆီယံအဖွဲ့ကြီးအား ကန့်ကွက်ဆန့်ကျင်ခဲ့ကြ ပါတယ်”လို့ရေးသားပြီး “June June”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မုဒုံမှာ ဆန္ဒပြရင်းဖမ်းဆီးခံရသူများကို ထားဝယ်က သေဒဏ်ပေးခံရသူများအဖြစ်မျှဝေ

ကြမ်းပြင်မှာ လူရွယ်အမျိုးသမီး၊အမျိုးသား ၇ ယောက်ကထိုင်လျက် ရှေ့မှာဖုန်းတစ်လုံးစီချထားတဲ့ ဓာတ်ပုံတစ်ပုံနှင့်အတူ ထားဝယ်မြို့က ဖမ်းဆီးခံထားရပြီး သေဒဏ်ပေးရတဲ့ကလေးတွေလို့ရေးသားပြီး မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ မတ် ၂၇ ရက်က မုဒုံမှာ ဆန္ဒပြသူတွေကို ဖြိုခွဲမှုအပြီး ဖမ်းဆီးခံရသူတွေရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “၁ရက်ပဲကျန်ပါတော့တယ် 😭😭😭 Death Sentence (သေဒဏ်) တဲ့ …. 🤬🤬🤬 အယူခံဝင်ခွင့်မရှိဘဲ 15 ရက်ဘဲ အချိန်ရတယ် သူတို့အသက်ရှင်ဖို့ ကျေးဇူးပြုပြီး ဝိုင်းတင်ပေးကြပါဦး🙏😥 #ထားဝယ်မြို့ မှဖမ်းဆီးခံ ကလေးများအားလုံးကို သေဒဏ်ပေးခြင်းအား လုံးဝ ကန့်ကွက်ပါသည်။ #ပြည်သူများ #WhatsHappeningInMyanmar #SaveMyammar #crd”လို့ရေးသားပြီး “ဗီလိန်”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၃ ရက်မှာ မျှဝေထားရာမှာ […]

Continue Reading

Fact Check: မန္တလေးမှာ မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးမှုဓာတ်ပုံ ဟောင်းကို ယနေ့အဖြစ်အပျက်အဖြစ်မျှဝေ

ဓာတ်ပုံ ၂ ပုံနှင့်အတူ ဧပြီ ၂ ရက်နေ့က မန္တလေးမှာ မိန်းကလေးတစ်ယောက်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။  ရဲဝတ်စုံနဲ့အမျိုးသားများက မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရတဲ့ ဓာတ်ပုံ ၂ ပုံနှင့် အတူမျှဝေထားတာဖြစ်ပါတယ်။  သို့သော်လည်း ဓာတ်ပုံမှတ်တမ်းတွေကို ပြန်လည်ရှာဖွေကြည့်ရာမှာ ရဲတပ်ဖွဲ့ဝင်အမျိုးသားတွေက အမျိုးသမီး တစ်ယောက်ကို မန္တလေးမှာဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက်ဟာ ဖေဖော်ဝါရီ ၉ ရက် ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ “မန်းလေးမှာ ယနေ့ မိန်းကလေးတစ်ယောက်ကိုကြိုးကွင်းစွပ်ပီးခေါ်သွားတာ 2.04.2021 crd 😭😭😭😭😭  ကူရှယ်ပေးကြပါအုံး”လို့ရေးသားပြီး “K Khing”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေမှု ၈ ထောင်ကျော်ရှိပါတယ်။ […]

Continue Reading

Fact Check: ဖေဖော်ဝါရီ ၂၆ ရက်က ဆန္ဒပြဓာတ်ပုံတွေကို လက်ရှိအဖြစ်အပျက် အဖြစ်ပြန်လည်မျှဝေ

အဖြူရောင်လွှမ်းမိုးသောဝတ်စုံများနဲ့ လူအများအပြားတန်းစီလမ်းလျှောက်နေတဲ့ဓာတ်ပုံ ၃ ပုံနှင့်တကွ ယနေ့ မတ် ၂၅ ရက်မှာ အင်ဂျင်နီယာတွေ စုပေါင်းဆန္ဒပြပုံအဖြစ်ဖေ့စ်ဘွတ်အသုံးပြုထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။ စစ်တပ်ကအာဏာရယူအပြီးမှာ နိုင်ငံအဝှမ်းမှာနေ့စဉ် ဆန္ဒပြလျက်ရှိပါတယ်။ သို့သော်လည်း မတ် ၂၅ ရက် အင်ဂျင်နီယာ စုပေါင်းသပိတ်စစ်ကြောင်းအဖြစ်ဖော်ပြနေတဲ့ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေပြီး  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။  “ယနေ့ ရန်ကုန်  (march -25) အင်ဂျင်နီယာ စုပေါင်း အင်အားစစ်ကြောင်း လူပင်လယ်ကြီး ချီတတ်လာကြပြီ  ____________________________________ ဝင်ဖတ်ရုံဆို သင်ပဲသိမယ်  ပြန်ရှယ်ရင် လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ #WhatsHappeningInMyanmar #SACTerroristGroup #SupportCDM #SupportCRPH #JusticeForMyanmar #Mar25Coup #GenerationZ #နွေဦး ”လို့ […]

Continue Reading

Fact Check: ဖားကန့် မြေပြိုမှုဖြစ်စဉ်က ဓာတ်ပုံကို လှိုင်သာယာမှာ ဆန္ဒပြရင်း ကျဆုံးခဲ့ရသူများအဖြစ်ဖော်ပြ

အလောင်းတွေတန်းစီထားတဲ့ ဓာတ်ပုံနှင့်အတူ လှိုင်သာယာမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေလို့ ရေးသားမျှဝေ ထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေခဲ့ကြပါတယ်။ သို့သော်လည်း ပို့စ်ပါ ဓာတ်ပုံတွေဟာ လှိုင်သာယာက အဖြစ်အပျက်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ ၂၀၂၀ ခုနှစ်အတွင်း ဖားကန့် မြေပြိုမှုဖြစ်စဉ်က ဓာတ်ပုံတွေဖြစ်ပါတယ်။ လှိုင်သာယာမှာ စစ်တပ်က လမ်းပေါ်ရှိနေသူတွေကို ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့တာကြောင့် မတ် ၁၄ ရက် (တနင်္ဂနွေနေ့) တရက်ထဲမှာပဲ အနည်းဆုံး လူ ၅၁ ယောက်သေဆုံးခဲ့ရပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ လှိုင်သာယာက သူရဲကောင်းတွေ ကျဆုံးပုံအဖြစ် ဖော်ပြထားတဲ့ပို့စ်ကိုအောက်ပါအတိုင်း တွေ့ရပါတယ်။ “လိူင်သာယာ သူရဲကောင်းတွေ အားလုံးအေးချမ်းတဲ့ ဘုံဘဝမှာ နားခိုနိုင်ကြပါစေ”လို့ ရေးသားပြီး “Khine Zaw”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ၁ ရက်အတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၂ […]

Continue Reading

Fact Check: KNU နာမည်သုံးပြီး လက်နက်ကိုင်စုဆောင်းမှုလုပ်နေတယ်ဆိုတဲ့ သတင်းမှားဖြန့်

ပြည်တွင်းသုံးဖုန်း၊ ထိုင်းနိုင်ငံသုံးဖုန်းနံပါတ်တွေနဲ့အတူ ကရင်အမျိုးသားအစည်းအရုံး(KNU)က စစ်သားသစ် စုဆောင်း နေတယ်လို့ ရေးသား မျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေ တာတွေ့ရပါတယ်။ ပျံ့နှံလျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ကရင်အမျိုးသားအလံကိုင်ဆောင်ထားသော လက်နက်ကိုင်တပ်ဖွဲ့ပုံနှင့်အတူ “သင့်အား KNU မှအလိုရှိသည် ထိုင်းနိုင်ငံကရင်အမျိုးသားဆက်ဆံရေးရုံး ရုံးချုပ်တာဝန်ခံဖုန်း။  ။0944710652                                0920897951                                0827982475                                0846517739”လို့ရေးသားထားထားပါတယ်။ “ဝင်ချင်တဲ့သူဆက်သွယ်လိုက်ပါKNU ကြိုဆိုနေပါတယ် Cerdit”လို့ ရေးသားပြီး “Van Duh Thang ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြူသူက အဆိုပါဓာတ်ပုံနှင့်တကွ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၉ ထောင်ကျော်ရှိခဲ့ပါတယ်။ အလားတူ မျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပြီး […]

Continue Reading

Fact Check: ဆန္ဒပြစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေပုံလား-မဟုတ်ပါ

မန္တလေးမှာ ဆန္ဒပြရင်းပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေတဲ့အထောက် အထားအဖြစ် စစ်သားတွေမြေကျင်းတူနေဟန်ပုံတွေကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မကြယ်စင်အပါအဝင် မတ် ၁၁ ရက်အထိ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း သေနတ်ထိမှန် သေဆုံးခဲ့ရသူ ၇၀ ကျော်ရှိပြီဖြစ်ပါတယ်။ မကြယ်စင်ဟာ သူ့မသေခင်ဖေ့စ်ဘွတ်မှာ ရေးသားချက်တွေနဲ့ သေနတ်နဲ့ အပစ်ခံရအပြီး သေဆုံးခဲ့ရချိန်မှာ လူမှုကွန်ယက်အသုံးပြုသူများအကြား တမုဟုတ်ခြင်း ပျံ့နှံ့ခဲ့ပါတယ်။ ထို့အပြင် သေဆုံးသူမကြယ်စင်ရုပ်လောင်းကို စစ်တပ်က ပြန်လည်တူးယူခဲ့တာလည်းတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ မကြယ်စင်ရဲ့ အလောင်းကို တူးဖော်နေတဲ့ပုံတွေမဟုတ်ပါဘူး။ “မကြယ်စင် ရုပ်အလောင်းဖွင့်ဖောက်ခြင်း 5-3-2021(ည)”လို့ ရေးသားပြီး “ပြည်တွင်း ပြည်ပ နေ့စဉ်သတင်းများ နှင့် သုတရသ ဗဟုသုတများ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ  ၁ […]

Continue Reading

Fact Check: ၂၀၁၅ ခုနှစ်က လက်ပတန်းကျောင်းသားသပိတ်ဖြိုခွင်းမှုပုံကို မြောက်ဉက္ကလာမှာ စစ်တပ်က ဖြိုခွင်းမှုအဖြစ်ဖော်ပြ

လူတွေကို ရဲတပ်ဖွဲ့က ရိုက်နက်နေပုံ၊ အမျိုးသမီးတွေငိုနေပုံ၊ ရဲတွေရှေ့မှာ လက်နှစ်ဘက်ကို ခေါင်းပေါ်တင်ထားပြီး ခေါင်းငုံ ဒူးကွေးထိုင်နေတဲ့ လူအုပ်ပုံတွေနဲ့အတူ မြောက်ဉက္ကလာပမှာဖြစ်သွားတဲ့ ယနေ့ဖြစ်လို့ ရေးသားမျှ ဝေထားရာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  မတ် ၃  ရက်နေ့က ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုအပြီးမှာ မြောက်ဉက္ကလာပမြို့နယ်မှာ အနည်းဆုံး ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒီကနေ့လည်း စစ်တပ်နဲ့ ရဲအဖွဲ့က ဝင်ရောက်ဖြိုခွင်းခဲ့ရာမှာ ဆန္ဒပြသူ အများအပြားအဖမ်းခံခဲ့ရပါတယ်။  “ဆန္ဒပြ ပြည်သူအား စစ်သုံ့ပန်းမျာကဲ့ သို့ ဆက်ဆံတဲ့ မြောက်ဥက္ကလာပုံရိပ်(10.3.21) “လို့ ရေးသားပြီး “U Myint Wai”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို  ၇ နာရီအတွင်းမှာ ပြန်လည်မျှဝေသူ ၅ထောင်ကျော်ရှိခဲ့ပါတယ်။ မူရင်းလင်ခ့် – Fb link  | […]

Continue Reading

Fact Check: ၂၀၁၁ ခုနှစ်က ကိုဆိုဗိုမှာ တွေ့ရတဲ့ UN အမှတ်တံဆိပ်ကားကို ရန်ကုန်မှာ ဆန္ဒပြသတင်းရယူနေတဲ့ကားအဖြစ်ဖော်ပြနေ

UN အဖွဲ့က မြေပြင်သတင်းယူနေတဲ့ဆိုပြီး ကားပုံ ဓာတ်ပုံ ၃ ပုံနဲ့အတူ မျှဝေထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။  သို့သော်လည်း အင်တာနက်မှာ ပျံ့နှံ့ပြီးဖြစ်တဲ့ ဓာတ်ပုံကို ပြုပြင်ဖန်တီးမျှဝေနေတာဖြစ်ပါတယ်။  လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်ပြီး  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ “UN အဖွဲ စမ်းချောင်းရောက်နေပါတယ် ပိုပြီးအင်အားပြကြပါ Crd Mg Mg Tin Nyunt ထူးထူးခြားခြား UN ရုံးကားများ  တမြို့လုံးပတ်ပြီး မှတ်တမ်း ယူနေပါပြီ  ဆက်တိုက်ဗျိူ့  အရေးတော်ပုံ  အောင်မြင်ရန်  လက်တကမ်း အလို  Fighting ဘရန်ဆိုင်း Thetdwe Aung  TZO ”လို့ ရေးသားထားတဲ့ပို့စ်ကို “Thi Ri”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မေ ၃ ရက်က […]

Continue Reading

Fact Check: အမေရိကန်သံရုံးက အဖမ်းခံရတဲ့သူတွေကို လိုက်ထုတ်ပေးနေ သလား-မဟုတ်ပါ

ပိတ်မိနေသူတွေ ဒါမှမဟုတ်လည်း ဖမ်းခံရသူတွေကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကလိုက်ထုတ်ပေးနေပြီး အကူအညီတောင်း နိုင်တယ် ရေးသားမျှဝေထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေထားပါတယ်။  သို့သော်လည်း ဒီအချက်အလက်ဟာ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ပြီး အထောက်အထားမရှိတာတွေ့ရပါတယ်။  အမေရိကန်သံရုံးဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံနဲ့တကွ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး(ရန်ကုန်)ရဲ့ လိပ်စာနဲ့အတူ ပိတ်မိနေသူတွေကို လိုက်ထုတ်ပေးနေတယ်လို့ရေးမျှဝေထားတဲ့ ပို့စ်တွေရဲ့ ပျံ့နှံ့မှုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “အကယ်လို့ ပိတ်မိနေခဲ့ရင် ပိတ်မိနေတဲ့ သူတွေ US Embassy က လိုက်ထုတ်ပေးပါတယ်။ အကူအညီတောင်းပါ။  110 University Ave, Kamayut Township, Rangoon, Burma. Phone: (951) 7536509 Fax: (95)-(1)-7511069 Email: [email protected] #Credit ”လို့ ရေးသားထားတဲ့ပို့စ်ကို “May Myat Mon”အမည်နဲ့ […]

Continue Reading