Fact Check: တရုတ်နဲ့ စစ်ကောင်စီ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ သဘောတူတဲ့ သတင်းတု
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်နဲ့ တရုတ်တို့ သဘောတူညီချက်ရရှိခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့် ချိနေခြင်းဖြစ်တယ်။ အောက်ပါ screenshot ကတော့ မတ် ၁၁ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youbute link | Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ ထို့အတူပဲ ဗွီဒီယိုကို ဖြန့်ဝေရာမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ်နဲ့ မြန်မာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကိုအသုံးပြုထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သဘောတူလိုက်တယ်လို့ ရေးသားထားပေမဲ့ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး တစ်စုံတရာ […]
Continue Reading