Fact Check: အာဏာပြန်လွှဲပြီ၊ ဒါရိုက်တာဝိုင်းသေဆုံး၊ရန်ကုန်တရားရုံးချုပ်ဗုံးပေါက်ကွဲ စတဲ့ သတင်းတုများစွာနဲ့ Truenewsu ဝက်ဘ်ဆိုဒ်
မင်းအောင်လှိုင်မရှိတုန်း ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရားဝင်လက်မှတ်ထိုးပြီး အာဏာပြန်လွှဲလိုက်ပြီ ဆိုပြီးတော့ ဖေဖော်ဝါရီ ၈ ရက်ကဖေ့စ်ဘွတ်မှာ မျှဝေခဲ့တဲ့အကြောင်းအရာဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်း ခဲ့ပါတယ်။ဒီသတင်းဟာ သတင်းတုတစ်ခုသာဖြစ်ပါတယ်။ “Truenewsu”အမည်နဲ့ဝက်ဘ်ဆိုဒ်က “MWDမှာအခုကြေငြာလိုက်ပြီ”လို့လည်းရေးသားထားသလို “မင်းအောင်လှိုင်မရှိတုန်း ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရားဝင် လက်မှတ်ထိုးပြီဟေ့ အာဏာပြန်ရပြီဗျို့ ” လို့ရေးသားထားတဲ့ ဓာတ်ပုံလည်းပါဝင်ပါတယ်။ တူညီတဲ့မျှဝေမှုတွေဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်ပိုင်မြဝတီသတင်း ဌာနက ဒီလိုကြေညာခဲ့ခြင်းမရှိပါဘူး။ ဒီလင်ခ့်မှာကြည့်ပါ။ “Truenewsu” အမည်နဲ့ ဒီဝက်ဘ်ဆိုဒ်မှာတွေ့ရတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရာမှာ အင်တာနက်ကနေ လူစိတ်ဝင်စားစေမယ့် သတင်းခေါင်းစဉ်တုတွေပေးပြီး ဗွီဒီယိုတစ်ခုကို ကြည့်ရှု့သူအရေ အတွက်ပေါ်မူတည်စီးပွားရှာနေတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုပါအသံဖိုင်ထဲမှာတော့ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ သတင်းနဲ့ အကြောင်းအရာတွေကို […]
Continue Reading