Fact Check: စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်တဲ့ သတင်းတု

စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်ပြီး တပ်ချုပ်အသစ်ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်ပြီး စစ်‌ခေါင်းဆောင် နုတ်ထွက်တာမရှိပါဘူး။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “မင်းအောင်လှိုင် ရာထူးက နုတ်ထွက် တပ်ချုပ်အသစ်ကြေညာပြီး ထွက်ပေါက်ရှာနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာကို တုပထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ် အကြောင်း Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုထဲပါ အကြောင်းအရာဟာ မေ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်မယ်၊ အာဏာပြန်လွှဲမယ်ဆိုတဲ့ သတင်းတု

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နုတ်ထွက်မယ်လို့ ကြေညာလိုက်၊ အာဏာပြန်လွဲလိုက် ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ “Local celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့  ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။NLD ကို လွှတ်တော်ခေါ်ခွင့်ပေးလိုက်ပြီ၊ ၃၈ နာရီအတွင်း အာဏာပြန်လွှဲမယ်၊ ဒေါ်သက်သက်ခိုင်ကို သမ္မတအဖြစ်ခန့်အပ်ပြီး မင်းအောင်လှိုင် နုတ်တွက်တော့မယ်ဆိုတဲ အလားတူဖြန့်ဝေမှုတွေကို ့ ဒီနေရာနဲ့ ဒီနေရာမှာ ဒီချန်နယ်က ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေ(MOI, […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ရာထူးကနုတ်ထွက်ပြီး ရုရှားကို ပြေးသွားတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရတယ်။ သတင်းမှားဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၂၄ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လုံးဝထင်မထားတဲ့ သတင်းကြီးဟေ့  မအလ နှုတ်ထွက်ပြီတဲ့ကွ စစ်ဗိုလ်ချုပ် ၁၅၀ နီးပါး  ရုရှားနဲ့ တရုတ် ကို အသီးသီးပြေးကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်ရာမှာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်လို့ တနိုင်ငံလုံး အံဩကုန်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နုတ်ထွက်လို့ တနိုင်ငံလုံး အံဩကာ စစ်တပ်အကြီးအကဲ အသစ်လည်း ခန့်အပ်တော့မယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်းဝန်းကျင်ရရှိ ထားတယ်။ “မင်းအောင်လှိုင် နှုတ်ထွက် သတင်း တစ်နိုင်ငံလုံး အံ့ဩကုန်ပြီ တပ်ချုပ်အသစ် ခန့်အပ်တော့မည်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်း […]

Continue Reading

Fact Check: ဒုကာချုပ်စိုးဝင်းနဲ့ အရာရှိ ၂၅ ဦးနုတ်ထွက်မှု သတင်းတု

ဇန်နဝါရီ ၁၁ ရက်နေ့မှာ စစ်အာဏာသိမ်း စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး စိုးဝင်းနဲ့ အရာရှိ ၂၅ ဦးနုတ်ထွက်ကုန်ပြီလို့ထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဇန်နဝါရီ ၁၁ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီဟာ လက်ရှိအချိန်အထိ ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ ကျော်ရရှိထားတယ်။ “(၁၁)ရက်နေ့ အရေးပေါ်သတင်း အချင်းချင်းကိုကုန်ပြီဟေ့ ဒုကာချုပ်စိုးဝင်းနဲ့အရာရှိ(၂၅)ဦးနုတ်ထွက်ကုန်ပြီ ဆူပူထကြွကုန်ပြီဗျို့/စစ်အုပ်စု နှစ်ခြမ်းကွဲပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Burmese News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ […]

Continue Reading

Fact Check: ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အရာရှိ ၅၉ ဦး ရာထူးမှ နုတ်ထွက်မှုသတင်းတု

ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အရာရှိ ၅၉ ဦး ရာထူးမှ နုတ်ထွက်မှုသတင်းတုပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။  အောက်ပါစခရင်ရှော့နဲ့စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။   “ဗိုလ်ချုပ်ကြီး ဦးရာပြည့်နဲ့ အရာရှိ (၅၉)ဦး ရာထူးမှ နုတ်ထွက်ကုန်ပြီ(ထူးပြီဟေ့) MWD သတင်းအတည်ပြု ကြေညာပြီ/ရှုံးမဲမဲဖြစ်ကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက်တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့နေရာတွေဖြစ်တာတွေ့ရပါတယ်။ ဒီလိုပဲ အခုဗွီဒီယိုထဲမှာပါသလို စစ်တပ်ပိုင် MWD သတင်းဌာနကနေပြီးတော့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်မယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အနားယူတော့မယ်လို့ တရားဝင်ကြေညာလိုက် တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “(၃) ရက်နေ့ မင်းအောင်လှိုင်‌ခေါင်းရှောင်ဖို့လုပ်နေပြီ အနားယူတော့မယ်လို့ တရားဝင်ကြေညာ”စသည်ဖြင့်ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ ဒီနေရာမှာလည်း အလားတူဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေတဲ့ ယူကျူ့ချန်နယ် တွေဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုထဲမှာ “(၃) ရက်နေ့ မင်းအောင်လှိုင်‌ခေါင်းရှောင်ဖို့လုပ်နေပြီ အနားယူတော့မယ်လို့ တရားဝင်ကြေညာ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: မင်းအောင်လှိုင် ရာထူးကနုတ်ထွက်ကြောင်း မြဝတီသတင်းက ထုတ်ပြန် ကြေညာဆိုတဲ့သတင်းတု

 မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ ရုတ်တရက်နုတ်ထွက်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းက ထုတ်ပြန်ကြေညာလိုက်တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဟာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။   “(၁၇)ရက်နေ့ အရေးပေါ်သတင်း မအလ ရာထူးမှရုတ်တရက်နုတ်ထွက် MWD တရားဝင်ထုတ်ပြန်ကြေညာပြီ မအလ စစ်ရှုံးလို့ ခေါင်းရှောင်သွားပြီဗျို့”လို့ဆိုပြီး Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ကဖော်ပြ ထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ မင်းအောင်လှိုင် ရာထူးမှ ရုတ်တရက်နုတ်ထွက်တဲ့ အကြောင်း စစ်တပ်ပိုင် မြဝတီမီဒီယာက ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ ဒီအပြင် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီလိုသတင်း […]

Continue Reading

Fact Check: စိုးဝင်းကိုအာဏာလွှဲပြီး မင်းအောင်လှိုင်နုတ်ထွက် ဇော်မဲလုံးကြေညာဆိုတဲ့ သတင်းမှား

ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် တာဝန်က အနားယူလိုက်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုအဏာလွှဲကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကြေညာဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။သတင်းဌာနအချို့ကဖော်ပြပြီးဖြစ်တဲ့သတင်းတွေကို လူတွေစိတ်ဝင်စားမှုရဖို့အတွက် သတင်းခေါင်းစဉ်တုနဲ့ထပ်မံဖြန့်ချိနေဖြစ်ပါတယ်။ “မင်းအောင်လှိုင် နုတ်ထွက်ပြီ#သတင်းထူး”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုရဲ့ thumbnail ရုပ်ပုံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းတို့ အစည်းအဝေး ဓာတ်ပုံ၊ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲဓာတ်ပုံတွေအသုံးပြုပြီး “စိုးဝင်းကို အာဏာလွှဲပြီး မင်းအောင်လှိုင်နုတ်ထွက် ဇော်မဲလုံး တရားဝင်ကြေညာလိုက်ပြီ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာပါမဝင်ပါဘူး။ ဗွီဒီယိုပါမပထမဆုံးသတင်းတစ်ပုဒ်ဟာ Ayeyarwaddy Times သတင်းဌာနက နိုဝင်ဘာ ၁၇ ရက်ဖော်ပြခဲ့တဲ့ “စစ်ခေါင်းဆောင် မင်းအောင်လှိုင်က […]

Continue Reading

Fact Check: မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နုတ်ထွက်ဆိုတဲ့သတင်းခေါင်းစဉ်မှား

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာဝန်ကနေနုတ်ထွက်သွားတယ်လို့ရေးသားလျှက် ဗွီဒီယို ပို့စ် တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အောက်တိုဘာ ၃၀ ရက်က ဖြန့်ဝေလာတာတွေ့ရပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို နားလည်မှုလွဲ စေနိုင်တဲ့ ခေါင်းစဉ်တုခေါင်းစဉ်မှားပေးပြီး ဖြန့်ချိနေခြင်းဖြစ်တယ်။ “မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နှတ်ထွက်”လို့ ရေးသားပြီး “Foodella” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကအောက်ပါအတိုင်းမျှဝေထားပါတယ်။ ဗွီဒီယိုရဲ့ ရုပ်သေဓာတ်ပုံနေရာမှာလည်း MRTV တံဆိပ်နဲ့အတူ “MRTV မှာကြေညာသွားပြီ ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးကို တပ်ချုပ်ရာထူးခန့်ပြီး ပင်စင်နဲ့အနားယူမယ်လို့ ကြေညာ” လို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပို့စ်စာသားနေရာမှာ “မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နုတ်ထွက်”လို့ ရေးသားထားသလို ဗွီဒီယို […]

Continue Reading