Fact Check: အသစ်ရွေးချယ်လိုက်တဲ့ ဗာတီကန်ပုပ်ရဟန်းမင်းလား-မဟုတ်ပါ
ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းအသစ် ရွေးချယ်လိုက်ပြီဆိုပြီး ပြောဆိုချက်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ ပုပ်ရဟန်းမင်းအသစ် ရွေးကောက်ခြင်းကို မေ ၇ ရက်မှာ ပြုလုပ်မယ်လို့ ဗာတီကန်စီးတီးက ကြေညာထားတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ “Thomas Myo Lin”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူရေးသားခဲ့တဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီလိုပဲ ကာဒီနယ် ၂၃၀ ကျော်ထဲက မဲအများဆုံးရရှိပြီး အသစ်ခန့်အပ်လိုက်တဲ့ ပုပ်ရဟန်းမင်းခန့်အပ်ပွဲဆိုပြီးတော့လည်း ဒီအကောင့်ကပဲ ထပ်မံ မျှဝေခဲ့ပါသေးတယ်။ “ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းကြီးအသစ် ကိုဆောင်ကြည်းလာပါပီ”လို့လည်း ရေးသားထားပါတယ် မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပုပ်ရဟန်းမင်းအသစ် ရွေးကောက်ခြင်း အစည်းအဝေးကို မေ ၇ […]
Continue Reading