Fact Check: အင်ဒိုနီးရှားမှာ NUG နဲ့ အပစ်ရပ်ဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန်လွှဲဖို့သဘောတူဆိုတဲ့ သတင်းမှား

အင်ဒိုနီးရှားမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အပစ်ရပ်ဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန် လွှဲဖို့သဘောတူဆိုတဲ့ သတင်းမှားပို့စ် ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မအလရှုံးပြီဟေ့ ဝန်ခံလိုက်ပြီ NUG နဲ့အပစ်ရပ်ဖို့ အင်ဒိုနီးရှားမှာဆွေးနွေး မအလ အာဏာပြန်လွှဲဖို့သဘောတူပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်ရှိပါဘူး။  အခုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ် တုတပ်ပြီး ပြန်လည်ဖြန့်ချိပါတယ်။ ထို့အပြင် ပြည်တွင်း သတင်းလုပ်ငန်းမှာ နာမည်ကြီးတဲ့ ရန်ကုန်ခေတ် သစ်မီဒီယာ အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်းတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို […]

Continue Reading

Fact Check: တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ခေါင်းဆောင်က အာဏာပြန်လွှဲပေးတဲ့ သတင်းမှား

တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာပြန်လွှဲပေးတယ်ဆိုတဲ့ ပို့စ် ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ အလားတူတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “စစ်‌ခွေးစစ်သုံပန့်(၁၅၀)ဦး KIA/PDF တပ်ဖမ်းမိ မအလ အရှုံးပေးပြီဟေ့၊ အာဏာပြန်အပ်ရပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရှုံးပေးပြီး အာဏာပြန်အပ်ပြီလို့ရေးထားပေမဲ့ တကယ်တမ်း ဒီအကြောင်းအရာ ဗွီဒီယိုထဲမှာမပါဝင်ပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  တကယ်တမ်း ဗွီဒီယိုပါသတင်းတွေဟာ သတင်းမီဒီယာတွေမှာ မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်မျှ‌ဝေ နေခြင်းဖြစ်တယ်။ “ဖမ်းမိသည့် […]

Continue Reading

Fact Check: တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံးတဲ့ သတင်းတု

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲသတင်းတွေနဲ့အတူ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လဲကျသေ ဆုံးခဲ့တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာဖြန့်ဝေနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။  အောက်ပါကတော့ ဒီလိုဆိုလိုထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုပို့စ်တခုရဲ့ စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်ပါတယ်။  “ရှမ်းမြောက်တွင် တင့်ကားကြီးနဲ့ အလင်းဝင်လာလို့ သိန်းတစ်သောင်းဆုချီးမြှင့်လိုက်ပြီ တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံး” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်‌‌ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုဟာ  DVB TV news သတင်းဌာနရဲ့ ယူကျူ့မှာတင်ဆက်ခဲ့တဲ့  နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီ သတင်းတွေကို ပြန်လည်ကူးယူဖြန့်ချိနေခြင်းဖြစ်တယ်။ မူလဗွီဒီယိုကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုထဲမှာ “မြို့ ၃ မြို့ ကျသွားပြီဟု စစ်ကောင်စီဝန်ခံ”၊ […]

Continue Reading

Fact Check: နေပြည်တော်ကို သိမ်းပိုက်မှုနဲ့ စစ်ခေါင်းဆောင်တွေ အဖမ်းခံရမှုသတင်းတု 

နေပြည်တော်အပါအဝင် မြို့ကြီး ၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်နဲ့ အရာရှိကြီးတွေ ဖမ်းဆီးခံရဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုတွေဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နေပြည်တော်အပါအဝင် မြို့ကြီး(၅)မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်လိုက်ပြီဟေ့ မအလ၊စိုးဝင်းနဲ့ အရာရှိ(၉၀) အဖမ်းခံရ / ခေသစ် အတည်ပြုပြီ” အလားတူတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခု  ဒီဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို […]

Continue Reading

Fact Check: တနိုင်ငံလုံးကတပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင် အမိန့်ပေးတဲ့ သတင်းတု

တနိုင်ငံလုံးကတပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ပေး လိုက်တယ်လို့ထားတဲ့ သတင်းတုဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီထဲမှာပါပဲ အာဏာလွှဲပြောင်းပေးမယ်လို့လည်း စစ်ခေါင်းဆောင်ကပြောကြောင်းဖော်ပြပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နစက ဥက္ကဌ ကာချုပ်မင်းအောင်လှိုင် တနိုင်ငံလုံး စစ်ကောင်စီတပ်များကို လက်နက်ချခိုင်းပြီ မနိုင်တော့ မှန်းသိလို့ အာဏာခုချက်ချင်းလွှဲပေးမယ်ဟု ပြောပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် လွတ်လပ်တဲ့ မီဒီယာတွေအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။  ခေါင်းစဉ်လွဲတပ်ဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာပါတဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်သေမဲ့ရက်ဟောလို့ ကိုရင်လေးကို စစ်တပ်က‌‌ သေဒဏ်ပေးတဲ့ သတင်းတု

မင်းအောင်လှိုင် သေမဲ့ရက်ဟောလို့ ကိုရင်လေးကို သေဒဏ်ပေးဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကြေညာပြီဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မင်းအောင်လှိုင် သေမဲ့ရက် ဟောတဲ့ ကိုရင်လေးကို သေဒဏ်ပေးမှာလား ဗိုလ်ချုပ် ဇော်မင်းထွန်း ကြေညာပြီ” အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဗွီဒီယိုထဲမှာ လူမှုကွန် ယက်မှာ ရေပန်းစားနေတဲ့ အရှင်ဥတ္တမသာရဆိုတဲ့ ကိုရင်လေးအကြောင်းကို အွန်လိုင်းအသုံးပြုသူတွေ စိတ်ဝင်စားမှုမြင့်တက်နေချိန်မှာ အခုလိုမျိုးခေါင်းစဉ်တုဖန်တီးထားခြင်းဖြစ်တယ်။  ဒီဗွီဒီယိုထဲမှာပဲ ဒီကိုရင်လေးဟာ စစ်ခေါင်းဆောင်သေမဲ့ရက်ကို အခြားသူတဦးက မြှောက့်ပင့်မေးတာကြောင့် ဟောကြားလိုက်တဲ့အကြောင်း၊ ဒီလိုပြောလိုက်တဲ့အတွက် ကိုရင်လေးအနေနဲ့ အနေကြပ်သွားတဲ့ အကြောင်း။ လူတွေအနေနဲ့ ဒီလိုမလုပ်သင့်တဲ့အကြေင်း စသည်ဖြင့် […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ၈၈ ခေါင်းဆောင်ကိုမင်းကိုနိုင် တွေ့ဆုံဆွေးနွေးမှု သတင်းတု

စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ တံခါး ပိတ်ဆွေးနွေးနေကြပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ဓာတ်ပုံတွေနဲ့အတူ “မအလနှင့်မင်းကိုနိုင်တို့တံခါးပိတ်ဆွေးနွေးနေပြီ”ဆိုပြီးတော့ သူတို့ဆွေးနွေးမှုအဖြစ် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာဖော်ပြထားပေမဲ့ ဗွီဒီယိုထဲမှာ စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးမှုအကြောင်း မပါဝင်ပါဘူး။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ဩဂုတ် ၅ ရက်က ကိုမင်းကိုနိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ […]

Continue Reading

Fact Check: တော်လှန်ရေးတပ်ပေါင်းစု နေပြည်တော်ချီတက်လို့ စစ်ခေါင်းဆောင် ထွက်ပြေးတဲ့ သတင်းတု

KNU၊ KIA၊ TNLA၊ AAနဲ့ PDF တွေ စုပေါင်းပြီး နေပြည်တော်ကို ချီတက်လာလို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထွက်ပြေးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ ဒီအဖွဲ့တွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုခိုက်မှုတွေ လုပ်နေတဲ့အဖွဲ့ တွေဖြစ်ပြီး NUG ဟာ နေပြည်တော်ကို ချီတက်တိုက်ခိုက်ဖို့ ကြွေးကြော်ထားပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြချက်အချို့ကို […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ရုတ်တရက်သေဆုံးကြောင်းထုတ်ပြန်ကြေညာတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(န.စ.က ဥက္ကဌ) ရုတ်တရက်သေဆုံးကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ထုတ်ပြန်ကြေညာတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၂၄)ရက်နေ့ နစက ဥက္ကဌ ရုတ်တရက်သေဆုံး ခုပဲ MWD သတင်းဌာန စိတ်မကောင်းစွာနဲ့ အတည်ပြုကြေညာ လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ဗွီဒီယိုမှာ သတင်း‌ခေါင်းစဉ်တုတွေတပ်ပြီး ဖြန့်ဝေနေတာဖြစ်တယ်။ (အချက်အလက်စိစစ်မှုတွေကို ဒီမှာ ကြည့်ပါ။) အခု ဗွီဒီယိုထဲမှာလည်း စစ်ခေါင်းဆောင်သေဆုံးတဲ့အကြောင်းမပါဝင်သလို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ […]

Continue Reading

Fact Check: NUGကိုအာဏာလွှဲပေးမယ်လို့ စစ်ခေါင်းဆောင်ကြေညာတဲ့သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုး (NUG )ထံကို အာဏာလွဲအပ်မယ့်အကြောင်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ‌ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေတာသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၅)ရက်နေ့ သတင်းထူးကြီး မအလလေသံပြောင်းပြီဟေ့ NUGကို အာဏာလွှဲအပ်ရန် မအလကိုယ်တိုင် အတိအလင်းကြေညာလိုက်ပြီ”လို့ဆိုပြီး “Up to Date”အမည်နဲ့ ယူကျု့ချန်နယ်ကနေ ရေးသားဖြန့်ဝေနေ တာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG )ထံကို အာဏာလွှဲ အပ်မယ့်အကြောင်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထုတ်ပြန်ကြေညာတယ်လို့ဆိုတဲ့ သတင်း ကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ […]

Continue Reading