Fact Check: မလေးရှားအပါအဝင် ၂၅ နိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ၄ ဦးကို ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု

မလေးရှားအပါအဝင် ၂၅ နိုင်ငံက မြန်မာစစ်ခေါင်းဆောင် ၄ ဦးကို ဖမ်းဝရမ်းထုတ်တယ်လို့ ရေးသား ပြီး ဗွီဒီယိုတခု Khit Thit Channel အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖော်ပြထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။  “မလေးရှားဝန်ကြီးချုပ်အပါအဝင် (၂၅)နိုင်ငံမှ  စစ်ခေါင်း‌ဆောင် (၄)ဦးကို ၂၄ နာရီအတွင်း ဖမ်းဝရမ်း ထုတ်ပြီ စစ်ခေါင်းဆောင်တွေ လမ်းဆုံးပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအကြောင်း […]

Continue Reading

Fact Check: စစ်တပ်အမာခံ ပေါက်ကိုယ်တော် အလင်းဝင်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ ပေါက်ကိုယ်တော် အလင်းဝင်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။  “ပေါက်ကိုယ်တော်အလင်းဝင်ပီ မင်းအောင်လှိုင်၏လုပ်ရပ်များကိုမကြိုက် တော့သဖြင့်ပေါက်ကိုယ်တော်ပုံကန်ပီဟေ့ ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ “Myawaddy News” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်ကူးယူ ဖော်ပြ ရာမှာ သတင်းခေါင်းစဉ်တုတပ်ကာ လုပ်ကြံရေးသားကာ ဖြန့်ဝေတဲ့ နေရာတခု ဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ တကယ်တမ်း ဗွီဒီယိုမှာပါတဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: နေပြည်တော်မှာ စစ်ခေါင်းဆောင် အာဏာအသိမ်းခံရပြီး အရေးပေါ် ဖုန်းတွေ ဖြတ်တောက်ထားဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင်နေအိမ်ကို စစ်ကားတွေနဲ့ ဝိုင်းထားပြီး အရေးပေါ်ဖုန်းလိုင်တွေပါဖြတ်တောက်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “နေပြည်တော် အမှောင်ချလိုက်ပြီ စစ်ခေါင်းဆောင်နေအိမ် စစ်ကားအပြည့်နဲ့ ဥဩသံဆွဲနေပြီ အရေး‌ပေါ်ဖုန်းလိုင်းတွေဖြတ်တောက်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ “Khit Thit Media” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အမှန်တကယ် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်သတင်းဌာန” ကိုတုပထားပြီး အခုလိုပဲ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတွေ လုပ်ကြံရေးသားကာ ဖြန့်ဝေနေတဲ့ နေရာတခု ဖြစ်တာတွေ့ရပါတယ်။ Fact […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် နေပြည်တော်မှာ ဗုံးခွဲတိုက်ခိုက်ခံဆိုတဲ့ သတင်းတု 

စစ်ခေါင်းဆောင် နေပြည်တော်မှာ ဗုံးခွဲတိုက်ခိုက်ခံရပြီး သေသလား၊ ရှင်သလား မသိရသေးဘူးလို့ဆိုပြီး ဗွီဒီယို တခု ယူကျူ့မှာ ဖြန့်ဝေနေရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်တယ်။ ဩဂုတ် ၁၅ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယို ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၇ သိန်းကျော် ရရှိထားတယ်။ “မင်းအောင်လှိုင် ဗုံးခွဲခံရပြီ နေပြည်တော်မှာမင်းအောင်လှိုင် ဗုံးခွဲခံရ မအလကြင်စိုး သေမသေမသိရသေး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါ။ ဗွီဒီယိုဖြန့်ဝေနေတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ […]

Continue Reading

Fact Check: လက်အောက်ခံတပ်တွေ လက်နက်ချဖို့ စစ်ခေါင်းဆောင် ကြေညာပြီး NUG ကို အာဏာလွှဲပြောင်းဖို့စီစဉ်တဲ့ သတင်းတု

နိုင်ငံတဝန်းလုံးက တပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင်က ကြေညာလိုက်ပြီး အာဏာလွှဲ ပြောင်းရေး အတွက် NUG တာဝန်ရှိသူတွေလည်း နေပြည်တော်ရောက်နေပြီလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့ ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “17.7.2024 ပြည်သူ့တော်လှန်ရေးကြီး အောင်ပြီဟေ့ အောင်ပြီ နိုင်ငံတဝန်းလုံးက စစ်ကောင်တပ်များကို  လက်နက်ချလိုက်ကြဖို့ မအလ ကြေငြာလိုက်ပြီ အာဏာလွှဲဖို့ NUG  တာဝန်ရှိသူတွေ နပတရောက်နေ”(မူလ အရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေ ကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် အာဏာစွန့်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

စစ်ခေါင်းဆောင် အာဏာစွန့်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတုပို့စ်တွေ ယခုရက်ပိုင်း ယူကျု့ချန်နယ်တွေမှာ ထပ်မံဖြန့်ဝေလာရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ –တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ “ရာထူးမှအနားယူမဲ့ရက်အတိအကျကြေညာပြီ ဆွေးနွေးမှုအောင်မြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့အတည်ပြုပြီ MRTVမှာ မအလ ကမ္ဘာသိကြေညာ(ရုပ်/သံ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီချန်နယ်ဟာ ဗွီဒီယိုထဲမှာလည်း လာမယ့် အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးတော့ မလားဆိုပြီးတော့ ဖော်ပြခဲ့ပေမဲ့ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်ဆိုတဲ့ အကြောင်းဖော်ပြချက်မတွေ့ရပါဘူး။ အခုဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လုပ်ကြံသတင်းတွေဖော်ပြလေ့ရှိတယ်။ ဒီချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင်ကို ဖမ်းဆီးကာ မန္တလေး တိုင်းမှူး ကြည်ခိုင်က အာဏာသိမ်းဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင်ကို ဖမ်းဆီးကာ မန္တလေးတိုင်းမှူး ကြည်ခိုင်က အာဏာသိမ်းလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်း ဖြစ်တယ်။  “မင်းအောင်လှိုင် အာဏာလုခံရ ဗိုလ်ချုပ်ကြည်ခိုင် အာဏာသိမ်းလိုက်ပြီ စိုးဝင်းနဲ့ မအလ ဖမ်းဆီးထိန်းသိမ်း၊ ပွဲဆူနေပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ‌ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဖမ်းဆီးပြီး မန္တလေးတိုင်းမှူးဗိုလ်ချုပ်ကြည်ခိုင်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ ဒါပေမဲ့ မန္တလေးတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို ဖမ်းဆီးလိုက်တဲ့ သတင်းတွေတော့ မီဒီယာတွေမှာဖော်ပြပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်) ဒီအပြင် […]

Continue Reading

Fact Check:  အာဂျင်တီးနားက စစ်‌ခေါင်းဆောင်ကို သေဒဏ်ပေးတဲ့ သတင်းတု

အာဂျင်တီးနာတရားရုံးက မြန်မာစစ်ခေါင်းဆောင်ကို အမြင့်ဆုံးပြစ်ဒဏ် သေမိန့်ချလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ဖြန့်ဝေနေတာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတာတွေ့ ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားက‌တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုက ရယူထားခြင်းဖြစ်တယ်။ “အမြင့်ဆုံး ပစ်ဒဏ် သေမိန့်ကျပြီ  ဒေါ်စုကယ်ခဲ့တုန်းက စော်ကားပြီး အခုပြေးမလွတ်တော့ဘူး အဂျင်တီးနားနိုင်ငံရဲ့ ဖမ်းဝရမ်းနဲ့ စီရင်ချက်”(မူရင်းအရေးအသား) မူရင်းလင့်ခ် – Youtube link | Archive link အချက်အလက်စိစစ်ချက် အာဂျင်းတီးနားနိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တယ် သို့မဟုတ် သေဒဏ်ချမှတ်လိုက် တယ်ဆိုတဲ့ အထောက်အထား သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာဖော်ပြချက်မရှိပါဘူး။ အခုလို အာဂျင်းတီးနားနိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပြီး သေဒဏ်ချလိုက်တယ်လို့ ပြောဆိုမျှဝေထားတဲ့ “Local Times”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ပြီး […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်သား ဗြိတိန်မှာ အဖမ်းခံရမှု သတင်းမှား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံကို ဗြိတိန်ရဲတပ်ဖွဲ့က လေဆိပ်မှာ ဖမ်းဆီးလိုက်တဲ့ ရုပ်သံလို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှ ပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားတခုသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဘလော့ဂ်စာမျက်နှာတခုရဲ့ ဒီနေရာ နဲ့ ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “မင်းအောင်လှိုင် သား အောင်ပြည့်စုံကို  UK ရဲတပ် လေဆိပ်မှာ ဖမ်း (ရုပ်/သံ) MRTV က အတည်ပြုလိုက်ပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ရာထူးကနုတ်ထွက်ပြီး ရုရှားကို ပြေးသွားတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရတယ်။ သတင်းမှားဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၂၄ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လုံးဝထင်မထားတဲ့ သတင်းကြီးဟေ့  မအလ နှုတ်ထွက်ပြီတဲ့ကွ စစ်ဗိုလ်ချုပ် ၁၅၀ နီးပါး  ရုရှားနဲ့ တရုတ် ကို အသီးသီးပြေးကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်ရာမှာ […]

Continue Reading