Fact Check: ရခိုင်ပြည်နယ် မောင်ရွှေလေးရေတပ်စခန်းကို AA တိုက်ခိုက်မှု ဓာတ်ပုံလား- မဟုတ်ပါ
ရခိုင်ပြည်နယ် သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော်(AA) က တိုက်ခိုက်စဉ်မှာ နစ်မြုပ်ခဲ့တဲ့ မြန်မာရေတပ်သင်္ဘောဓာတ်ပုံလို့ဆိုလို ထားတဲ့ ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ဟယ်… မောင်ရွှေလေး ရေကူးနေကြပြီ”( မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ရခိုင်ပြည်နယ် သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ မောင်ရွှေလေး ရေတပ်စခန်းကို AA က လအနည်းငယ်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်မှာ ဒီစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကြေညာပါတယ်။ မူလထုတ်ပြန်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ […]
Continue Reading