Fact Check: ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ကြိမ်ဆက်တိုက် ဖောက်ခွဲခံရဆိုတဲ့ သတင်း‌ခေါင်းစဉ်တု 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ကြိမ်ဆက်တိုက် ဖောက်ခွဲခံရမှုဆိုပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုပို့စ် တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ အောက်ပါကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။  မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်လေဆိပ်ဗုံးပေါက်ကွဲမှုအကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်း ဖော်ပြ ချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းတွေကိုခေါင်းစဉ်လွဲတပ်ပြီး    ပြန်လည်ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။  အခု ဒီဗွီဒီယိုပါသတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် မှာတွေ့နိုင်ပါတယ်။ သတင်းတင်ဆက်မှုထဲမှာ “ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်(ပန်ဆိုင်းမြို့) တို့ကို လက်လွှတ်လိုက်ရပြီဟု စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဇော်မင်းထွန်း ဝန်ခံ”၊ “၁၀၂၇ စစ်ဆင်ရေး၏ […]

Continue Reading

Fact Check: ရန်ကုန်မြို့နယ် ၃ ခုနဲ့ လေတပ်စခန်း PDF သိမ်းပိုက်မှု စစ်ခန့်သမ္မတ ဦးမြင့်ဆွေသေဆုံးတဲ့ သတင်းတု

ရန်ကုန်မြို့နယ် ၃ ခုနဲ့ လေတပ်စခန်း PDF သိမ်းပိုက်လိုက်ပြီး ဒီတိုက်ပွဲတွေအတွင်းမှာ စစ်တပ်ခန့် ယာယီသမ္မတဦးမြင့်ဆွေလည်း သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  မူရင်းလင်ခ့် – Youtube | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်မြို့နယ် ၃ ခုကို PDF က သိမ်းပိုက်မှု၊ လေတပ်စခန်းကို သိမ်းပိုက်မှုနဲ့ ယာယီသမ္မတဦးမြင့်ဆွေ သေဆုံးမှုတို့အကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မျိုးမရှိပါဘူး။  ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာဟာရန်ကုန်က ဗုံးပေါက်ကွဲမှုတွေအကြောင်းတွေပဲဖြစ်ပါတယ်။ ဒီသတင်းဟာလည်း အောက်တိုဘာ ၃ ရက်က ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “သာကေတ သန်လျင်ရေတပ်ဝင်းနှင့် မင်္ဂလာဒုံ လေတပ်အနီးတွင် ပေါက်ကွဲသံ တချို့ ထွက် ပေါ် ခဲ့ပြီး […]

Continue Reading

Fact Check: ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ကြောင်း ဗိုလ်မှူးကြီး ၅ ဦး တိတ်တဆိတ်အဖမ်းခံလိုက်ရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၉)ရက်နေ့ နံနက်ခင်းအထူးသတင်း မယုံဘူးပြောနေတဲ့ (ဘောမ)ကြည့်ထားကြ ရန်ကုန်မြို့ကို KNU ၊PDF ထိန်းလိုက်ပြီ ဗိုလ်မှူးကြီး(၅)ဦး တိတ်တဆိတ်ဖမ်းလိုက်ပြီ”လို့ရေးသားထားတာကို “Burmese Television”အမည်နဲ့ ယူကျူ့ ချန်နယ်ကနေဖြန့်ဝေထားတာဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ရန်ကုန်မြို့ကို KNU PDF ထိန်းချုပ်လိုက်ကြောင်း ဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အမှန်မှာတော့ […]

Continue Reading

Fact Check: ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးမှု သတင်းတု

ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးခဲ့တယ်ဆိုတဲ့ ယူကျူ့ဗွီဒီယိုတစ်ခု News In Burmese အမည်နဲ့ ယူကျူ့ချန်နယ်က ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ “News In Burmese”အမည်နဲ့ ယူကျူ့ချန်နယ်မှာ မျှဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “21 June 2023, ရွှေတီဂုံစေတီ RPGနဲ့ထုခံရလို့ ပွဲဆူကုန်ပြီ။” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖြန့်ဝေနေတဲ့ News in Burmese ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ‌ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo Myanmar အနေနဲ့ ဒီယူကျူ့ချန်နယ်က ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေကို […]

Continue Reading

Fact Check: စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် လုပ်ကြံသတ်ဖြတ်ခံရဆိုတဲ့ သတင်းတု

စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲ့ လုပ်ကြံသတ် ဖြတ်ခြင်းခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “PDFတွေကိုဖမ်းချင်တဲ့ရန်ကုန်ဝန်ချုပ်ဦးဝင်းအောင်နဲ့ခွေး(၅)ဦးကို ဖရဲသီးနဲ့မျှားခေါ်ရှင်းလင်းခံရ”လို့ ဗွီဒီယိုပို့စ်မှာရေးသားထားပြီး ဗွီဒီယိုထဲမှာလည်း အလားတူရေးသားမျှဝေထားရာမှာ ဒီယူကျူ့ဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း တစ်သိန်း နှစ်သောင်းကျော်ရှိပါတယ်။ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ဒီလိုရေးသားမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် လက်ရှိ စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟာ ဦးစိုးသိန်းဖြစ်ပါတယ်။ ထို့အပြင် ၄ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်မီဒီယာက ဖော်ပြခဲ့တဲ့ ရန်ကုန်၊ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ စည်ပင်ဝန်းထဲက တိုက်ခန်းတွေမှာ စစ်ဗိုလ်တွေနဲ့ တိုက်ပွဲများအတွင်း ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ […]

Continue Reading

Fact Check: ရန်ကုန်လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှု လေယာဉ် ၂ စီးပျက်စီးပြီး စစ်သား ၁၃ ဦးသေဆုံးတဲ့ သတင်းတု

ရန်ကုန်လေတပ်စခန်း ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ပစ်ခတ်မှု လေယာဉ် ၂ စီးပျက်စီး စစ်ကောင်စီတပ်က ၁၃ ဦးသေဆုံး တဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ရန်ကုန် လေတပ်စခန်းရှော့ဒုံး(၁၀)လုံးနဲ့ပစ်ဆော်လေယာဉ်(၂)စီးပျက်စီးကာစစ်ခွေး(၁၃)ကောင်သေဆုံး”စသည်ဖြင့် ရေးသားထားသလို ဗွီဒီယိုထဲမှာလည်း “ (၂၃) ရက်နေ့ မနက်ခင်းသတင်းထူး ရန်ကုန်လေတပ်စခန်း ရှော့ဒုံး (၁၀)လုံးနဲ့ ပစ်ဆော်လေယာဉ်(၂)စီးပျက်စီးကာစစ်ခွေး(၁၃)ကောင်သေဆုံး”လို့လည်းရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်မီဒီယာမှာ မေ ၂၂ ရက်က ဖော်ပြခဲ့တဲ့ PDF နဲ့ စစ်ကောင်စီလက် အောက်ခံ တပ်တွေထိခိုက်မှုသတင်းတွေကို မျှ‌ဝေနေခြင်းဖြစ်တယ်။ […]

Continue Reading

Fact Check: ရန်ကုန်လေဆိပ် ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြာကျသွားတယ်ဆိုတဲ့ သတင်းတု

သင်္ကြန်တွင်းက ရန်ကုန်လေဆိပ်ဗုံးကြဲခံရပြီး မီးလောင်ပြာကျသွားသလို အလောင်းတွေကောက်လို့ မနိုင်ဖြစ်ခဲ့ရ တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ဗုံးကြဲခံရခြင်းမရှိသလို လူသေဆုံးမှု၊ မီးလောင်မှုလည်းမရှိပါဘူး။ အောက်ပါပို့စ်ကတော့ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link အချက်အလက်စိစစ်ချက် သင်္ကြန်တွင်းမှာ ရန်ကုန်လေဆိပ်တိုက်ခိုက်ခံရတဲ့ သတင်းမတွေ့ရပါဘူး။ ဒီလိုမျိုးသတင်းဖော်ပြချက်ကို သတင်းအရင်းမြစ်အပါအဝင် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်ကဖော်ပြခဲ့တဲ့ “ရေတာရှည်တွင် KNLA/PDFပူးပေါင်းတပ် တိုက်ခိုက် မှုကြောင့် အရာရှိအပါအဝင် စစ်ကောင်စီတပ် သေဆုံးမှုများ”ဆိုတဲ့ သတင်းကို ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာကြည့်ပါ။ မူရင်းလင်ခ့် – Ludumwayoo |  Archive link သုံးသပ်ချက် […]

Continue Reading

Fact Check: ရန်ကုန် ဗဟိုမဏ္ဍပ်မှာဗုံးပေါက်လို့ ပြည်သူ ၂၀၀ သေတဲ့ သတင်းတု

မြန်မာ့နှစ်ကူးသကြန်အကြိုနေ့(၁၃)ရက်နေ့က ရန်ကုန် ဗဟိုမဏ္ဍပ်မှာ ဗုံးပေါက်လို့ ပြည်သူ (၂၀၀ ) သေဆုံးခဲ့ရတယ်လို့ဆိုတဲ သတင်းတု ဗွီဒီယိုပို့စ်တစ်ခုဟာ  ယူကျု့ချန်နယ်မှာ ပျံ့နှံ့မှု့အားကောင်း ခဲ့ပါတယ်။  ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်မှာ “ရန်ကုန် ဗဟိုမဏ္ဍပ်ဗုံးပေါက်လို့ ပြည်သူ (၂၀၀ )သေကုန်ပြီ NUG အရေးပေါ်ကြေညာ”  ဆိုပြီး ရေးသားထားပြီး “Real News Myanmwr” အမည်နဲ့ ယူကျု့စာမျက်မှာ မျှဝေထားပါတယ်။ အဆိုပါ ယူကျု့စာမျက်နှာကို ဝင်ရောက်ကြည့်ရှု့မှုပေါင်း တစ်ထောင်ကျော် ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှဖော်ပြခဲ့တဲ့ “ရန်ကုန်သင်္ကြန်အကြိုနေ့ […]

Continue Reading

Fact Check: သောကြာဂြိုဟ်နဲ့လနီးကပ်ခြင်းဆိုးကျိုးကြောင့် ကမ္ဘာပျက်စီးမယ့် သတင်းတု

သောကြာဂြိုဟ်နဲ့ လနီးကပ်ခြင်းဆိုးကျိုးကြောင့် ၂၀၂၃ ခုနှစ် ဇွန်လမှာ ကမ္ဘာ့ပျက်စီးသွားပြီး ရန်ကုန်လည်း ရေလွှမ်းမိုးပျက်စီးသွားမယ်လို့ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသတင်းမှားဖြန့်ချိမှုဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုဖြစ်ပါတယ်။ ဒီလို ကမ္ဘာပျက်မယ့် အကြောင်းအရာဟာ အချိန်ခရီးသွားလို့ကျော်ကြားတဲ အီနွန်အဲလရစ်က ဟောကိန်းထုတ်ခဲ့တာဖြစ်တယ်လို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ စရင်ရှော့ဓာတ်ပုံထဲမှာမြင်ရတဲ့ အမျိုးသမီးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတာဝန်ရှိသူဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အမှတ်တံဆိပ်တွေ နောက်ခံမှာ မြင်နေရပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကလို့ ယူဆရပါတယ်။ “သောကြာဂြိုဟ်နဲ့ လ နီးကပ်မှု”ဆိုတဲ့အကြောင်းကို ဆန်းစစ်ကြည့်ရာမှာ မတ် ၂၄ ရက်ကစလို့ […]

Continue Reading

Fact Check: စစ်အာဏာသိမ်း ၂ နှစ်ပြည့် ရန်ကုန် အသံတိတ်သပိတ် ဓာတ်ပုံတွေလား-မဟုတ်ပါ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်တိုင်အောင် ဆန့်ကျင်မှုကို ပြသတဲ့အနေနဲ့ မြို့အများအပြားမှာ အသံတိတ် သပိတ်ဆင်နွှဲနေချိန်မှာ ယနေ့ ၁၀ နာရီ ရန်ကုန်က မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံ ၆ ပုံနဲ့ဖေ့စ်ဘွတ်ပို့စ်တစ်ခု အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ အနည်းဆုံး ဓာတ်ပုံ ၃ ပုံဟာ ၂၀၂၁ ခုနှစ်အတွင်းက ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ “နံနက် ၁၀နာရီရန်ကုန်မြို့အခြေနေ”လို့ ရေးသားပြီး ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ယခုလိုဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို Google မှာ ဓာတ်ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေ ၂၀၂၁ […]

Continue Reading