Fact Check: KIA က ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA) က ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တဲ့ ဗွီဒီယိုလို့ ဆိုပြီး Reel ဗွီဒီယိုပို့စ်တစ်ခု ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ ရဟတ်ယာဉ်တစီးကို တခုခုနဲ့ ထိမှန်ပြီးနောက် လေထဲမှာပဲ ပေါက်ကွဲသွားတဲ့ စက္ကန့်ပိုင်းမျှသာ ကြာမြင့်တဲ့ ဒီဗွီဒီယိုမြင်ကွင်းကို ကြည့်ရှု့မှုပေါင်း သောင်းချီရှိခဲ့ပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် တယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “KIA ရဲ့ လက်စွမ်းဖြစ်ပါတယ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလို KIA က ရဟတ်ယာဉ်ပစ်ချခဲ့တဲ့အကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ လတ်တလော သတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုကို  Google မှာ ပုံရှာနည်းအသုံးပြု […]

Continue Reading

Fact Check: ကောလင်းမှာ ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့ သတင်းမှား

ကောလင်းမြို့ ကျောက်တန်းရွာမှာတိုက်ပွဲဖြစ်ပြီး စစ်တပ်ရဟတ်ယာဉ်တစီး ပစ်ချခံရမှုမှာ ဗိုလ်ကြီးနဲ့ စစ်သား ၉ ‌ယောက်သေဆုံးတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၈၀၀၀၀ ကျော်ရရှိ ထားတယ်။ “‌ကောလင်းမြို့ ကျောက်တန်းရွာမှာတိုက်ပွဲဖြစ် စစ်တပ်မှရဟတ်ယာန်ဖြင့်လိုက်ပစ်နေစဉ် ပစ်ချခံရပြီး ဗိုလ်ကြီးနဲ့ စစ်ခွေး၉ဦးသေ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုတွေပါသတင်းဟာ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ကောလင်းမြို့ ကျောက်တန်းရွာတွင် စစ်ကောင်စီနှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြို့ပေါ်ရှိ အိမ်ခြေ ၈၀ ရာခိုင်နှုန်းခန့်ကို ပြာကျအောင် မီးရှို့ထား”ဆိုတဲ့ […]

Continue Reading

Fact Check: AA က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

ရခိုင့်တပ်(AA)က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးခဲ့ပြီး ရဟတ်ယာဉ်မှုး တဦးပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေ ထားရာမှာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ ဓာတ်ပုံစာသားထဲမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ ဖေဖော်ဝါရီ ၄ ရက်စွဲနဲ့ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၁ ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၂သိန်း‌ကျော်ရရှိထားပါတယ်။ “FN-6 ရခိုင့်တပ်(AA)ထုတ်သုံးပြီ MI-17 ရုရှားထုတ် ရခိုင့်တပ် AA ပစ်ချလိုက်ပြီ ဗိုလ်မှူးကြီး(၁၈)ဦးသေဆုံး၊ ရဟတ်ယာဉ်မှူး အစဖျောက်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: KIA ပစ်ချခဲ့တဲ့ ထောက်ပို့လေယာဉ်ပေါ်ပါ စစ်တပ်က အရာရှိ ၂၀၀ သေဆုံးဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

စစ်တပ်ထောက်ပို့လေယာဉ်ကို KIA က ပစ်ချလိုက်တာမှာ လိုက်ပါလာတဲ့ အရာရှိ ၂၀၀ လုံးသေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ ရဟတ်ယာဉ်ပစ်ချမှု သတင်းဟာ မှန်ပေမဲ့ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တပ်ထားခြင်းဖြစ်တယ်။    ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါ ပြောဆိုချက်ကောက်နုတ်ချက်နဲ့ စခရင်ရှော့ကို အောက်မှာကြည့်ပါ။ “အရာရှိစစ်ခွေး(၂၀၀)လိုက်ပါတဲ့‌ထောက်ပို့လေယာဉ်ပျံ KIA ပစ်ချလိုက်ပြီဟေ့ သကေုန်ပြီ”( မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဇန်နဝါရီ ၃ ရက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က စစ်တပ်ထောက်ပို့ရေး ရဟတ်ယာဉ်တစီးကို ပစ်ချခဲ့ကြောင်း မီဒီယာတွေမှာ သတင်း‌‌ဖော်ပြခဲ့ကြပါတယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။   ဝိုင်းမော်မြို့နယ်မှာ MI-17 စစ်ဘက်သုံးရဟတ်ယာဉ်တစီးကို ပစ်ချခဲ့ပြီး ဒီရဟတ်ယာဉ်ပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် […]

Continue Reading

Fact Check:  ရဟတ်ယာဉ်တစီး MNDAA ပစ်ချမှု စစ်သား ၇၀၀ ကျော်နဲ့ လေယာဉ်မှု ၅ ဦးသေဆုံးမှု သတင်းတု

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစီးကို  မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)ပစ်ချမှု စစ်သား ၇၀၀ ကျော်နဲ့ လေယာဉ်မှု ၅ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းတုပို့စ် ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိ ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဗုံးလာကျဲတဲ့ မအလ ပုဇင်း(၁)စင်းကို MNDAA ပစ်ချလိုက်ပြီဟေ့ စစ်ခွေး(၇၀၀)ကျော်သေဆုံး၊လေယာဉ်မှူး(၅)ဦးသေ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။  ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ […]

Continue Reading

Fact Check: စစ်ကောင်စီ ရဟတ်ယာဉ်၊လေယာဉ်ပစ်ချမှုဆိုတဲ့ သတင်းတုတွေဖြစ်တယ်

စစ်ကောင်စီရဲ့ ရဟတ်ယာဉ်၊ လေယာဉ်တွေ ပစ်ချခံရတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ယူကျူ့မှာ ဆက်တိုက်ဖြန့် ဝေနေရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ စစ်ကောင်စီဟာ လေကြောင်းက တိုက်ခိုက်နိုင်မှုအားသာချက်ကို အသုံးပြုပြီး နိုင်ငံအနှံ့က တော်လှန်တိုက်ခိုက်မှုတွေကို ထိန်းချုပ်နေရတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်‌ဘေးရှောင်တွေ ထိခိုက်သေကြေရမှုဟာ တော်လှန်ရေးအင်အားစုတွေ အတွက်လည်း ခေါင်းခဲစရာကိစ္စရပ် တခုပါ။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “(၇)ရက်နေ့ မနက်ခင်းအထူးသတင်း KIA ဝေဟင်ပစ်လက်နက်နဲ့ Mi-35 ရဟတ်ယာဉ် ပစ်ချခံရ လေဘဲဗိုလ်အပါ စစ်ခွေး(၃၀)ဦးသေဆုံး”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ TNLA ကရဟတ်ယာဉ်ပစ်ချလိုက်တယ်၊ ရန်ကုန်မှာ ရဟတ်ယာဉ်ပျက်ကျတယ်ဆိုတဲ့ ရေးသားမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ […]

Continue Reading

Fact Check: ဗုံးလာကြဲတဲ့ Mi 35 ရဟတ်ယာဉ်ပစ်ချခဲ့ကြောင့် KIA အတည်ပြုတဲ့ သတင်းတု

KIA ဌာနချုပ်ကို ဗုံးလာကြဲတဲ့ Mi 35 ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့မှာဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းတွေကို ဖြန့်ဝေနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။  “ KIA ဌာနချုပ်လိုင်ဇာကို ဗုံးလာကျတဲ့ MI-35 ရဟတ်ယာဉ်(၁)စင်း KIA ပစ်ချလိုက်ပြီဟေ့/အတည်ပြုပြီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာ အချို့မှာ ဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြလေ့ရှိတဲ့ ချန်နယ်တခုဖြစ်တယ်။  အခုလည်း ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA) ဗဟိုဌာနချုပ်အဖြစ် လူသိများတဲ့ လိုင်ဇာအနီးမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းကိုဖော်ပြရာမှာ အခုလိုခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ လိုင်ဇာအနီး မဒီးယန်နဲ့ အောင်ဂျာရွာဘက်မှာ […]

Continue Reading

Fact Check: ချင်းပြည်နယ်မှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ကို ဟုမ္မလင်းမှာ ပစ်ချခံရတဲ့ လေယာဉ်အဖြစ် မျှဝေ

ဟုမ္မလင်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြန်မာစစ်တပ် ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့တဲ့ အပိုင်းအစပုံတွေလို့ဆိုထားတဲ့ ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)က ကာကွယ်ရေးဝန်ကြီးဌာနက အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့ သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာဖော်ပြခဲ့အပြီး အခုလို သတင်းဓာတ်ပုံ မှားတစ်ခုပျံ့နှံ့ လာတာပဲဖြစ်ပါတယ်။ “ဖေဖော်ဝါရီ ၃ ရက် နေ့လည် (၃:၄၅)နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ဖြစ်ပွားသော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ  စကစ ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့သည့် လေပျံ အပိုင်းအစ ပုံရိပ်။ Feb 3”လို့ ရေးသားပြီး “People’s Power” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ၂၀၂၁ ခုနှစ်က အိန္ဒိယမှာ ရဟတ်ယာဉ်ပျက်ကျမှုဗွီဒီယိုသာဖြစ်တယ်

အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)က ကာကွယ်ရေးဝန်ကြီးဌာနက စစ်တပ် ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့ တယ်လို့ သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဖေဖော်ဝါရီ ၃ ရက်ကဖော်ပြခဲ့အပြီးမှာ ဖြစ်စဉ်နဲ့ မသက်ဆိုင်တဲ့ ရဟတ်ယာဉ် ပျက်ကျမှု ဓာတ်ပုံနဲ့ ဗွီဒီယိုအဟောင်းတွေကိုအသုံးပြုပြီး သတင်းမှားဖြန့်ဝေနေတာတွေ့ရပါတယ်။ အောက်ပါ ဗွီဒီယိုပို့စ်ကတော့ မြန်မာနိုင်ငံ ဟုမ္မလင်းမြို့အနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်အဖြစ်ဖော်ပြထားတာဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းမှား တစ်ခုဖြစ်ပါတယ်။ တကယ်တော့ အိန္ဒိယနိုင်ငံ အရုနာချာ ပရာ့ဒေ့ရှ်(Arunachal Pradesh) ပြည်နယ်မှာ ၂၀၂၁ ခုနှစ်အတွင်းက အိန္ဒိယလေတပ် ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှု ဗွီဒီယိုဖြစ်ပါတယ်။  “ဖေဖော်ဝါရီ ၃ ရက် နေ့လည် (၃:၄၅)နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ဖြစ်ပွားသော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ  စကစ ရဟတ်ယာဉ် ၁ […]

Continue Reading

Fact Check: ရဟတ်ယာဉ် ၃ စီးကို KNU နဲ့ KIO ကပစ်ချလိုက်ပြီဆိုတဲ့ သတင်းမှား

ရဟတ်ယာဉ် ၃ စီးကို KNU နဲ့ KIA ကပစ်ချလိုက်ပြီလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “Ly La” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၁၆ ရက်မှာ “ပစ်ချခံရ။မသာပေါ်ကုန်ပီ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail စာသား မှာလည်း“၁၆ ရက်နေ့ ရဟတ်ယာဉ် (၃) စီး KNU နဲ့ KIO ပစ်ချလိုက်ပြီ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ယနေ့ လေယာဉ်နဲ့ KNU ထိန်းချုပ်နယ်မြေမှာတိုက်ခိုက်ခံရပြီး လူတွေထိခိုက်သေဆုံးခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်မှာစိတ်ဝင်စားမှုရရှိနေတဲ့သတင်းဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုထဲကအသံဖိုင်ပါအကြောင်း အရာ ယနေ့ရေပန်းစားခဲ့တဲ့ […]

Continue Reading