Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုတ်မာမှု ၆ ခုဆိုပြီးတော့ ဝါဒဖြန့် သတင်းမှားဖြန့်ဝေ
ဒေါ်အောင်ဆန်းစုကြည် လိမ်ညာ လာဘ်စားထားတဲ့ အချက် ၆ ချက်ကို ပြည်သူလူထုသို့ မကြာခင် အသိပေး တော့မယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီစွပ်စွဲချက်တွေဟာ အထောက်အထားမတွေ့ရဘဲ သတင်းတုသတင်းမှား ဖြန့်ချိနေခြင်းဖြစ်ပါ တယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ OIC ထဲကနေ ငွေလက်ခံမှုကို ဦးဖြိုးမင်းသိန်းနဲ့ ဦးရဲမင်းဦး တို့ဖွင့်ဟချက်၊ ရွှေတိဂုံဘုရားကနေ ရွှေပြားတန် ၄၀ ခွာပြီး တန် ၂၀ ပဲ ပြန်ကပ်လှူမှု၊ ဆလုံကျွန်းများကို အင်္ဂလန်ကုမ္ပဏီတွေကို လျို့ဝှက်ရောင်းချမှု၊ ပြင်ဦးလွင်က မြေဧက ၇၀ နဲ့ ဦးသိန်းစိန်လက်ထက် ရွှေစင် ၇ တန်နဲ့ ဘင်္ဂလီအိမ်ဆောက်မှု၊ ဒေါ်အောင်ဆန်းစုကြည်အစစ်မဟုတ်ဘဲ လူပုဂ္ဂိုလ်အတုအစားထိုးထားမှုစတဲ့ စွပ်စွဲချက်တွေပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားတွေအတိုင်း […]
Continue Reading