Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုတ်မာမှု ၆ ခုဆိုပြီးတော့ ဝါဒဖြန့် သတင်းမှားဖြန့်ဝေ
ဒေါ်အောင်ဆန်းစုကြည် လိမ်ညာ လာဘ်စားထားတဲ့ အချက် ၆ ချက်ကို ပြည်သူလူထုသို့ မကြာခင် အသိပေး တော့မယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့ခဲ့ပါတယ်။
တကယ်တော့ ဒီစွပ်စွဲချက်တွေဟာ အထောက်အထားမတွေ့ရဘဲ သတင်းတုသတင်းမှား ဖြန့်ချိနေခြင်းဖြစ်ပါ တယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ OIC ထဲကနေ ငွေလက်ခံမှုကို ဦးဖြိုးမင်းသိန်းနဲ့ ဦးရဲမင်းဦး တို့ဖွင့်ဟချက်၊ ရွှေတိဂုံဘုရားကနေ ရွှေပြားတန် ၄၀ ခွာပြီး တန် ၂၀ ပဲ ပြန်ကပ်လှူမှု၊ ဆလုံကျွန်းများကို အင်္ဂလန်ကုမ္ပဏီတွေကို လျို့ဝှက်ရောင်းချမှု၊ ပြင်ဦးလွင်က မြေဧက ၇၀ နဲ့ ဦးသိန်းစိန်လက်ထက် ရွှေစင် ၇ တန်နဲ့ ဘင်္ဂလီအိမ်ဆောက်မှု၊ ဒေါ်အောင်ဆန်းစုကြည်အစစ်မဟုတ်ဘဲ လူပုဂ္ဂိုလ်အတုအစားထိုးထားမှုစတဲ့ စွပ်စွဲချက်တွေပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားတွေအတိုင်း ဖော်ပြချက်ဖြစ်ပါတယ်။
“အောင်ဆန်းစုကြည်ရဲ့
ယုတ်မာသစ္စာဖောက်တာတွေကို ပြည်သူကိုကြေငြာအသိပေးတော့မှာပါ
1 - OIC ငွေ လက်ခံမှု့
( ဖြိုးမင်းသိန်း ၊ ရဲမင်းဦး တို့ ဖွင့်ဟချက် )
( ဦးဌေးအောင် ရဲ့ ထွက်ဆိုချက် )
MAX ဦးဇော်ဇော် ဧရာဝတီ ဘဏ်သို့ ( 20 ) ဘီလီယမ်
OIC မှ ပေးပို့ထားမှု့
2 - ရွှေတိဂုံ ဘုရားဖူးခွင့်ပိတ်ပြီးရွှေပြား တန် ( 40 ) ခိုးပြီး တန် ( 20 ) သာပြန်ကပ်ထားမှု ( သာ / ဝန် အောင်ကို ဖော်ထုပ်ဝန်ခံ )
3 - တနင်္သာရီတိုင်းဆလုံကျွန်းများကို အင်္ဂလန်ပုလဲကုမ္ပဏီ များသို့လျှိူ ဝှက်စွာရောင်းချ ခဲ့မှု့ ( တနင်္သာရီ ဝကခ ပြုတ် လဲ့လဲ့မော် ဖော်ထုတ် )
4 - ပြင်ဦးလွင် အနီး မြေဧက ( 70 ) ကျော် စုကြည် တစ်ဦးထဲ ရောင်းစားခဲ့မှု့
5 - ယ္ခင်သမ္မတဦးသိန်းစိန် လွှဲအပ်ခဲ့သောရွှေစင်မက်ထရစ် တန်ချိန် ( 7 )တန် လောင်စာဆီ အရံဆန် ငွေကြေး အစုစု ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကိုလွှဲပြောင်းပေးပြီး မောင်တောခိုးဝင် ဘင်္ဂါလီများအတွက် အိမ်ယာစခန်း နေထိုင်စားသောက်ရေးအတွက်သုံးစွဲခဲ့မှုနဲ့
( လူ ပြန်/ ကယ် ဝန်ဟောင်း ဝင်းမြတ်အေး ထွက်ချက် )
6 - အောင်ဆန်းစုကြည် တု / စစ် DNA စစ်ဆေးးချက်
ယင်း ပြစ်မှုများကို ပြည်သူ နှင့် ကမ္ဘာသို့ ချပြပါတော့မည်
(Dr.ဝင်းမြတ်အေး ထွက်ဆိုချက်)
မင်းနေပြည်တော်”စသည်ဖြင့်ရေးသားပြီး “Ye Yint Swe”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်က ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့်အတူ ဖေဖော်ဝါရီ ၁၅ ရက်က ရေးသားမျှဝေခဲ့ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ် ၁၀၄ ကြိမ်အထိရှိထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအပြီးမှာ NLD ပါတီဝင်တွေနဲ့ အစိုးရအကြီး အကဲတွေကို ပုဒ်မမျိုး စုံတပ်ပြီး စစ်တပ်က ဖမ်းဆီးပြီးထောင်နှစ်ရှည်ချနေပါတယ်။ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့် ဟာ ထောင်ဒဏ်စုစုပေါင်း နှစ်ပေါင်း ၈၀ ချမှတ်ခံရပါတယ်။
နိုင်ငံတကာသတင်းဌာတစ်ခုဖြစ်တဲ့ ရိုက်တာသတင်းဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အထိစုစု ဖော်ပြချက် အရ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့အမှု စွပ်စွဲထားတဲ့ အမှု ၁၀ မှုမှာနဲ့ ရင်ဆိုင်နေရပြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၁၀၀ အထက်ကျခံရဖွယ်ရှိပါတယ်။
အခြားသောအချက်အလက်စိစစ်အဖွဲ့တစ်ခုဖြစ်တဲ့ Boom Myanmar ရဲ့ဝက်ဘ်ဆိုဒ်မှာ အချက်အလက်စိစစ်မှုအရ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေဟာ ၂၀၂၁ ခုနှစ်အောက်တိုဘာလကတည်းက ဒီလိုဖြန့်ဝေမှု ရှိခဲ့ပါတယ်။
Fact Crescendo ရဲ့ထပ်မံဆန်းစစ်မှုအရ အာဏာသိမ်းပြီး ၄ လအကြာ မေလကတည်းက ဒီပို့စ်ကို ဖေ့စ်ဘွတ်မှာ စတင်ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။
ထပ်မံဆန်းစစ်ကြည့်ရအောင်ပါ
ပထမပြောဆိုချက်
1 - OIC ငွေ လက်ခံမှု့
( ဖြိုးမင်းသိန်း ၊ ရဲမင်းဦး တို့ ဖွင့်ဟချက် )
( ဦးဌေးအောင် ရဲ့ ထွက်ဆိုချက် )
“OIC ငွေလက်ခံမှု”နဲ့ပတ်သက်ပြီး ထောက်ခံပေမဲ့ အထောက်အထားတစ်စုံတစ်ရာ Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။
စစ်တပ်က အာဏာသိမ်းအပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းမှု တစ်နှစ်ကျော်လာချိန်မှာ ထောင်ဒဏ် စုစုပေါင်း နှစ်ပေါင်း ၁၀၀ ကျော်အထိ ချမှတ်နိုင်တဲ့ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၁၃ မှုနဲ့ရင်ဆိုင်နေရပါတယ်။ ဘယ်လို ပုဒ်မတွေတပ်ပြီး ဘယ်လိုတရားစွဲဆိုလို့ ဘယ်လို ခုခံချေပတယ် ဆိုတာကို စစ်တပ်က တရားဝင်ထုတ်ပြန်တာမျိုးမတွေ့ရပါဘူး။
အထက်မှာဖော်ပြခဲ့သလိုပဲ ရိုက်တာသတင်းဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အထိစုစု ဖော်ပြချက်အရ ဒေါ်အောင်ဆန်း စုကြည်ရင်ဆိုင်နေရတဲ့အမှု စွပ်စွဲထားတဲ့ အမှု ၁၀ မှုမှာအခုလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ပါ စွပ်စွဲချက် တွေမပါဝင်ပါဘူး။
ဒီလို OIC လို့ခေါ်တဲ့ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ငွေလက်ခံမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာမပါဝင်ပါဘူး။ ဒီပို့စ်မှာပါသလို ဖြိုးမင်းသိန်း ၊ ရဲမင်းဦး တို့ ဖွင့်ဟချက်ဝန်ခံချက်ဆိုပြီးတော့လည်း မတွေ့ရသလို သူတို့ နှစ်ဦးဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အာဏာသိမ်းပြီးကတည်း အဖမ်းခံထား ရတဲ့သူတွေဖြစ်တာတွေ့ရပါတယ်။ သူတို့ရဲ့ ထွက်ဆိုချက်ဆိုပြီးတော့လည်း ဖော်ပြချက်မတွေ့ ရသေးပါဘူး။
OIC နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်ပြီး တိုက်ခိုက်ဖြန့်ဝေတဲ့ သတင်းတု သတင်းမှားပေါင်းများစွာ ရွေးကောက်ပွဲကာလနဲ့ အာဏာသိမ်းမှုအလွန်မှာ အများအပြားပေါ်ထွက်ခဲ့ပါတယ်။ အချက်အလက်စိစစ်တဲ့အဖွဲ့တွေက စိစစ်ထားတဲ့ သတင်းတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖတ်ရှု့နိုင်ပါတယ်။
ဒုတိယပြောဆိုချက်
2 - ရွှေတိဂုံ ဘုရားဖူးခွင့်ပိတ်ပြီးရွှေပြား တန် ( 40 ) ခိုးပြီး တန် ( 20 ) သာပြန်ကပ်ထားမှု ( သာ / ဝန် အောင်ကို ဖော်ထုပ်ဝန်ခံ )
အထက်မှာဖော်ပြခဲ့သလိုပါပဲ ဘယ်သူတွေကို ဘယ်လိုပုဒ်မတွေတပ်ပြီး တရားစွဲဆိုထားတယ်၊ ဘယ်သူတွေကို သက်သေတင်သွင်းပြီးဘယ်လို စစ်ဆေးတရားစီရင်တယ်ဆိုတာ မသိရပါဘူး။ သို့သော်လည်း သာသနာရေးဝန်ကြီး သူရဦးအောင်ဖမ်းဆီးတရားစွဲဆိုတဲ့ ကိစ္စမှာ “နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ငွေကြေးနှင့် ပစ္စည်းများ လက်ခံရယူခဲ့သည့်”အတွက် ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုတယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။ ရွှေတိဂုံဘုရားဖူးခွင့်ပိတ်ပြီး ရွှေပြား တန် ၄၀ ခွာတယ်ဆိုတဲ့ ကိစ္စမတွေ့ရပါဘူး။ ရွှေပြားကပ်လှူရာမှာ အမည်းကွက်တွေဖြစ်ပေါ်နေတဲ့အတွက် ဒီရွှေပြားတွေကို စစ်ဆေးဖို့အတွက် သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာတော့ ဒီလင့်ခ်မှာတွေ့ရပါတယ်။
တတိယပြောဆိုချက်
3 - တနင်္သာရီတိုင်းဆလုံကျွန်းများကို အင်္ဂလန်ပုလဲကုမ္ပဏီ များသို့လျှိူ ဝှက်စွာရောင်းချ ခဲ့မှု့ ( တနင်္သာရီ ဝကခ ပြုတ် လဲ့လဲ့မော် ဖော်ထုတ် )
တနင်္သာရီတိုင်း ဆလုံးကျွန်းတွေမှာ အင်္ဂလန် ခေါ် ဗြိတိန်နိုင်ငံက ကုမ္ပဏီတွေဝင်ရောက်လုပ်ကိုင်နေတယ်ဆိုတဲ့ အထောက်အထားကို Fact Crescendo အနေနဲ့မတွေ့ရပါဘူး။ သို့သော်လည်း ပုလဲထုတ်လုပ်ရေးလုပ်ငန်းတွေ ကို ၁၉၉၇ ခုနှစ်ကတည်း စတင်ခဲ့ပြီး တိုးချဲ့လုပ်ကိုင်နေတာ ဆလုံတို့ဘဝကို ထိခိုက်လာနေတယ်ဆိုပြီးတော့ လွတ်လပ်တွေမီဒီယာတွေက ဆောင်းပါးတွေ တွေ့ရပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။
စတုတ္ထပြောဆိုချက်
4 - ပြင်ဦးလွင် အနီး မြေဧက ( 70 ) ကျော် စုကြည် တစ်ဦးထဲ ရောင်းစားခဲ့မှု့
ဒီအချက်အလက်ကို လွတ်လပ်သော မီဒီယာတွေအပါအဝင် အခြားသော သတင်းဌာနတွေမှာ မတွေ့ရပါဘူး။ သို့သော်လည်း အဓိကကျတဲ့ စကားလုံးအချို့ရှာကြည့်မယ်ဆိုရင် သမ္မတဦးသိန်းစိန်အစိုးရဆင်းခါနီးမှာ အစိုးရပိုင်မြေကွက်တွေ အမြန်ထိုးရောင်းတာမျိုးမလုပ်ဖို့ အပါအဝင် ပြင်ဦးလွင်မှာ မြေဧကများစွာကို စက်မှုဇုန်အဖြစ်ချထားပေးမယ့်ကိစ္စအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က လွှတ်တော်မှာ ကန့်ကွက်ခဲ့တာရှိပါတယ်။
ပဉ္စမပြောဆိုချက်
5 - ယ္ခင်သမ္မတဦးသိန်းစိန် လွှဲအပ်ခဲ့သောရွှေစင်မက်ထရစ် တန်ချိန် ( 7 )တန် လောင်စာဆီ အရံဆန် ငွေကြေး အစုစု ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကိုလွှဲပြောင်းပေးပြီး မောင်တောခိုးဝင် ဘင်္ဂါလီများအတွက် အိမ်ယာစခန်း နေထိုင်စားသောက်ရေးအတွက်သုံးစွဲခဲ့မှု့
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က တရားစွဲဆိုထားတာတွေ့ရ ပါတယ်။ ရန်ကုန်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် မြေနေရာငှားရမ်းမှုနှင့် နေပြည်တော်မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဆောင်ရွက်မယ့် လရောင်တော် စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းကို မြေချထားမှုကိစ္စတွေနဲ့ပတ်သက်ပြီး တရားစွဲဆိုခံနေရပါတယ်။
မောင်တောမှာ ဘင်္ဂါလီများအတွက် အိမ်ယာစခန်းနဲ့ နေထိုင်စားသောက်ဖို့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကူညီနေတယ်ဆိုတဲ့အထောက်အထားမတွေ့ရသလို သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကလွှဲအပ်ခဲ့တဲ့ ရွှေစင် ၇ တန်ဆိုတဲ့ကိစ္စဟာလည်း သတင်းဌာနတွေမှာဖော်ပြချက်မတွေ့ရပါဘူး။
ဆဌမပြောဆိုချက်
6 - အောင်ဆန်းစုကြည် တု / စစ် DNA စစ်ဆေးးချက်
ယင်း ပြစ်မှုများကို ပြည်သူ နှင့် ကမ္ဘာသို့ ချပြပါတော့မည်
(Dr.ဝင်းမြတ်အေး ထွက်ဆိုချက်)
ဒေါက်တာဝင်းမြတ်အေးဟာ လက်ရှိ အချိန်မှာ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန ဝန်ကြီးဖြစ်ပါတယ်။ စစ်တပ်က သက်သေထွက်ဆိုမယ်ဆိုတာဖြစ်နိုင်စရာမရှိပါဘူး။
အာဏာသိမ်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် အတုအစစ်ပြဿနာဆိုပြီးတော့ ဒဏ္ဏာရီဆန်ဆန် သတင်းမှား ဖြန့်ဝေခဲ့ပါတယ်။ Fact Crescendo က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုတ်မာတဲ့အကြံအစည် သို့မဟုတ် လာဘ်စားမှု အချက် ၆ ချက်ဟာ လပေါင်းများစွာ ဖေ့စ်ဘွတ်ပေါ်မှာ ပျံ့နှံ့ခဲ့ပေမဲ့ အာဏာသိမ်းစစ်တပ်က စွဲဆိုတဲ့အမှုထဲမှာ ဒီအချက်တွေ မပါဝင်သလို အခြားသော လွတ်လပ်သောသတင်းဌာနတွေမှာလည်း တစ်စုံတစ်ရာ အထောက် အထားမရှိပါဘူး။
Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုတ်မာမှု ၆ ခုဆိုပြီးတော့ ဝါဒဖြန့် သတင်းမှားဖြန့်ဝေ
Fact Check By: Nayar MaungResult: Misleading