Fact Check: “ကြောက်ခေတ်”သီချင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ သတင်းတု
“ကြောက်ခေတ်”သီချင်းနဲ့ပတ်သက်ပြီး ကျားပေါက်ကို စုံစမ်းစစ်ဆေးမယ်လို့ ထုတ်ပြန်တယ်ဆိုပြီး သတင်း မှားဖြန့် ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ“ကြောက်ခေတ်”သီချင်းဟာ တပ်မတော်အပေါ် ပြည်သူလူထုအထင်မြင်လွဲမှား စေရန်တဲ့ အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမယ်လို့ သတင်းထုတ်ပြန်ထားပြီး သီချင်းကိုဖော်ပြခဲ့တဲ့ “The Voice Myanmar”ကိုလည်းစစ်ဆေးအရေးယူသွားမယ်လို့ ရေးသားပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဉက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပုံ၊ အဆိုတော်ကြားပေါက်ပုံ၊ “ကြောက်ခေတ်”သီးချင်းဗွီဒီယိုက ပြကွက်တစ်ခု ဓာတ်ပုံလည်းပါဝင်ပါတယ်။ သို့သော်လည်း ကြောက်ခေတ်သတင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပါအဝင် သတင်းတစ်စုံတစ်ရာ Fact Crescendo Myanmar ကမတွေ့ရပါဘူး။ “The Voice Myanmar”ဖေ့စ်ဘွတ်စာ မျက်နှာမှာလည်း ဒီသီချင်းကို တင်ထားတာမရှိပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းတဲ့ အလားတူပို့စ်ကို ဒီနေရာမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]
Continue Reading