Fact Check: NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်ထုတ်ပြန်တဲ့ သတင်းတု
NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်က ထုတ်ပြန်လိုက်ပြီး စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်သံရုံးကို မောင်းထုတ်မယ်ပြောဆိုတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ တရုတ်က ဒီလိုထုတ်ပြန်တာမရှိပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ “တရုတ်က NUG နဲ့ ဆွေးနွေးနေပြီ တရုတ်သံရုံး မောင်းထုတ်မည်ဟု ဇော်မင်းထွန်း အော်ပြောနေ NUG ကို အစိုးရ အဖြစ် စစ်တပ်က လက်ခံရမည်ဟု ထုတ်ပြန် တရုတ်ကြေညာချက် မင်းအောင်လှိုင် ဒေါသထွက်နေ” မူရင်းလင်ခ့် – Youtube link | Archive link […]
Continue Reading