Fact Check: ပြည်ထောင်စုနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု

ပြည်ထောင်စုနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “တစ်နိုင်ငံလုံး ပွတ်လောရိုက်ကုန်တဲ့ ကြေငြာချက်  ပြည်ထောင်စုနေ့မှာ အကြီးကြီး ထူးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ဖို့လုပ်ပြီ”  Original link | Archive link အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “အမေစုကို လွှတ်ပေးလိုက်ပြီ  ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖြင့် စစ်ကော်မရှင် လွတ်ငြိမ်း ကြေညာ အတိုင်ပင်ခံသတင်းပါလာပြီ” အချက်အလက်စိစစ်ချက် ဒါပေမဲ့ ပြည်ထောင်စုနေ့မှာဖြစ်စေ နောက်တနေ့မှာဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွတ်ပေးတယ်ဆိုတဲ့ သတင်းကို ယုံကြည်ရတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ လွတ်လပ်ရေးနေ့မှာ ပြန်လွတ်လာတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေမယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့် သတင်းထွက် ပေါ်နေလို့ ပြည်သူတွေ နေပြည်တော် အကျဉ်ထောင်မှာ သွာရောက်စောင့်ဆိုင်းခဲ့ကြတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုဟာ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “လွတ်လပ်‌ရေးနေ့ ထူးပြီ ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကို  ညနေ ၅ နာရီ လွှတ်ပေးမယ့်သတင်းကြောင့် သွားကြိုကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် “The Daily Lens”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကိုလိုအပ်သလို တည်းဖြတ်ပြောဆိုတာ၊ လုပ်ကြံပြောဆိုတာနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “အမေစုနဲ့ ဦးဝင်းမြင့် ထွက်လာပြီ ကျားဖြန့်အမှု ကို ဖုံးကွယ်ဖို့ ဒေါ်စုနဲ့ ဦးဝင်းမြင့်ကို  မင်းအောင်လှိုင် ချက်ချင်း လွှတ်ပေးလိုက်လို့ လန့်ကုန်ပြီ ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလို တည်းဖြတ်ပြောဆိုတာ၊ လုပ်ကြံပြောဆိုတာနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး […]

Continue Reading

Fact Check: အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်ဆိုတဲ့ သတင်းတု

အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်တယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “အိုးဘိုထောင် တိုက်ခိုက်ခံရ အကျဉ်းသား ၄၀၀ ခန့် ကယ်ထုတ်ပြီး သမ္မတကြီး ပါဝင် မန္တလေး နာမည်ကြီး အိုးဘိုထောင် ဖောက်ထွင်းခံရ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ကျဉ်း အများအပြား ကယ်ထုတ်” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို လူမြင်ကွင်း စစ်တပ်ထုတ်ပြတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို လူမြင်ကွင်း စစ်တပ်ထုတ်ပြခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “ Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတု တခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၄ ရက်အတွင်း ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ “သမ္မတနဲ့အတိုင်ပင်ခံ အပြင်‌ခေါ်ထုတ်လာ စစ်ကောင်စီ အကွက်‌ရွှေ့ဖို့ လုပ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media ”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာတွေ့နိုင်တယ်။ ဒီချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်း […]

Continue Reading

Fact Check: ရေကြီးရေလျှံမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် လွတ်မြောက်လာဆိုတဲ့ သတင်းတု 

နေပြည်တော်နဲ့ တောင်ငူထောင်မှာ ရေကြီးရေလျှံကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတယ်လို့ ဆိုလိုထားတဲ့ သတင်းတု  ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဆက်တိုက် ဖြန့်ချိလာတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီအပြင် ‌ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက် ‌ရေဘေးသင့်ဒေသတွေကို သွားရောက်မှုဆိုပြီးတော့လည်း ဖြန့်ဝေခဲ့ပါသေးတယ်။  “ဝမ်းသာလိုက်တာ နေပြည်တော်တခုလုံးရေကြီးနေတဲ့အချိန်မှာ  လူယုံတစ်ဦးက အမေစု ကို အကျဉ်းထောင်မှ ကယ်ထုတ်လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link ဒီယူကျူ့ချန်နယ်မှာပဲ တောင်ငူတမြို့လုံးရေကြီးနေချိန် သမ္မတ ဦးဝင်းမြင့်ကို လူယုံတဦးက ကယ်ထုတ် လာတယ်ဆိုတဲ့ အလားတူပြောဆိုဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ “တောင်ငူတမြို့လုံးရေမြုပ်နေတဲ့အချိန်မှာ သမ္မတဦးဝင်းမြင့်ကို လူယုံတဦးက ကယ်ထုတ် ဝမ်းသာလွန်းလို့မျက်ရည်ပါကျတယ်” အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: ကုလအထူးကိုယ်စားလှယ် ကြားဝင်စေ့စပ်မှုနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ဆိုတဲ့ သတင်းတု

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပြန့်နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “UN အထူးကိုယ်စားလှယ် နေပြည်တော်ရောက်ရှိ ‌မင်းအောင်လှိုင်နဲ့ချက်ခြင်းတွေ့ပြီးကြားဝင်စေ့စပ် ဦးဝင်းမြင့်နဲ့ အမေစုကွင်းလုံးကျွတ်လွတ်ပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story(Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တု ဒါမှဟုတ် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် တွေတပ် ဖြန့်ချိလေ့ရှိသလို တခါတရံမှာ လုံးဝလုပ်ကြံရေးသားဖြန့်ဝေချက်တွေလည်း ပြုလုပ်လေ့ရှိတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပြန်လည်လွတ်မြောက်မှုနဲ့ အာဏာပြန်လွှဲတဲ့ သတင်းတု

ပူပြင်းတဲ့ရာသီဥတုကို ရှောင်ရှားပေးတဲ့အကြောင်းပြချက်နဲ့ ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို သက်ဆိုင်ရာ ထောင်အသီးအသီးကနေ စစ်ကောင်စီက နေရာပြောင်းရွှေ့ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးလိုက်ပြီ၊ စစ်ခေါင်းဆောင်က အာဏာပြန်လွှဲပေးလိုက်ပြီစသည့်ဖြင့်  နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှား ဗွီဒီယိုတွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ပျံ့နှံ့လာခဲ့ပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “မအလ ကိုဖြုတ်ချပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးဖို့ ၁၀၀% အတည်ပြုပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link ဒီအပြင် အလားတူတဲ့ ဖြန့်ဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ ရပါတယ်။ အချက်အလက်စိစစ်ချက် နေပြည်တော်အချုပ်ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးမှု သတင်းတု

သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးသွားပြီ၊ သမ္မတဦးဝင်းမြင့်အလောင်းပြန်မရစတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တွေ အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဇွန် ၁၄ ရက်က မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ News In Burmese အမည်နဲ့ယူကျူ့ချန်နယ်က ဗွီဒီယိုဖြစ်ပါတယ်။ ထို့အပြင် နောက်ထပ် နာရီအနည်းငယ်အကြာမှာပဲ သမ္မတ ဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ “သေပြီတဲ့ စစ်သားတွေမို့လုပ်ရက်တယ် အလောင်းပြန်မပေး”စသည်ဖြင့် ရေးသားပြီး ဒီယူကျူ့ချန်နယ်က ထပ်မံ ဖြန့်ဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဘီဘီစီမြန်မာပိုင်းကဖော်ပြခဲ့တဲ့ “သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး မကောင်းဖြစ်နေ”ဆိုတဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်ပြီး လူစိတ်ဝင်စားမှုရဖို့အတွက် သမ္မတ ဦးဝင်းမြင့်သေဆုံးမှုအဖြစ် သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ တောင်ငူထောင်မှာ အကျဉ်းချခံထား […]

Continue Reading

Fact Check: နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ သတင်းမှား

နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုဖြစ်ပါတယ်။  မူရင်းလင်ခ့် – Fb link  | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ ခေါင်းစဉ်တုခေါင်းစဉ်လွဲတပ်ပြီး ရန်ကုန်ခေတ်သစ်မီဒီယာက သတင်းဗွီဒီယို ဖိုင်တစ်ခုကို မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ မူလကရန်ကုန်ခေတ်သစ်မီဒီယာက မေ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်ဖော်ပြခဲ့တဲ့ ဗွီဒီယိုကို ဒီလင့်ခ်မှာကြည့်ပါ။  ၆ မိနစ်ကျော်‌ကျော်သာရှည်လျားတဲ့ ဒီမူလဗွီဒီယိုထဲမှာ  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမှာ မုန်တိုင်းသင့်ပြည်သူ တွေကို တစ်ဦးလျှင် ဆန် ၂ ဘူးစီ စစ်တပ်ကပေးအပ်တာမှာ မယူသူများပြားတဲ့အကြောင်း၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ် ဝမ်ပေါင်ကြေးနီ စီမံကိန်းက ရဲကင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကနေ […]

Continue Reading