Fact Check: မန္တလေးဆင်ခြေဖုန်းမှာတွေ့ရတဲ့ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါလား-မဟုတ်ပါ

မန္တလေးမြို့ဆင်ခြေဖုန်း တနေရာမှာ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါတကောင်တွေ့ ရှိရတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ထူးဆန်းတဲ့ သတ္တဝါဟာ အီးတီလိုလို လူလိုလိုပုံစံရှိပြီး မျက်လုံးပြာပြာကြီး လက်သည်းရှည်ကြီးတွေလည်းပါရှိတယ်လို့ဆိုပြီး  ဓာတ်ပုံ ၂ ပုံနှင့်အတူဖြန့်ဝေနေတာဖြစ်ပါတယ်။ သတင်းမှားဖြစ်ပါတယ်။   “𝗡𝗚𝗔 𝗙𝗘𝗘𝗟𝗜𝗡𝗚”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အောက်ပါ screenshot ကတော့ မျှဝေထားတဲ့ ဓာတ်ပုံပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေဟာ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ အီတလီအနုပညာရှင်တစ်ဦးဖြစ်တဲ့ “Laira Maganuco”ရဲ့ ဆီလီကွန်နဲ့ပြုလုပ်ပုံဖော်ထားတဲ့ တောင်အမေရိကန်မှာအတွေ့ရများတဲ့ armadillos လို့ခေါ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ပုံဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ […]

Continue Reading

Fact Check: COVID-19 ဟာ ဗက်တီးရီးယားနဲ့ 5G နည်းပညာကြောင့်ဖြစ်တယ် ဆိုတာမဟုတ်ပါ

COVID-19 ဟာ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ဒီရောဂါနဲ့သေဆုံးတဲ့ဆိုတဲ့သူတွေဟာ 5G နည်းပညာကတစ်ဆင့်ကူးစက်မှုဖြစ်ရတယ်ဆိုတဲ့ပို့စ် လူမှုကွန်ယက် အသုံးပြုသူတွေအကြား ဖြန့်ဝေ နေတာတွေ့ရပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19  နဲ့သေရင် ရင်ခွဲစစ်ဆေးခွင့်မပေးဘူး၊ အီတလီ ဆရာဝန်တွေက COVID-19 ကြောင့်သေဆုံးရတဲ့ အလောင်းတွေကို ခွဲစိပ်ကြည့်ရာကနေ ဗိုင်းရပ်စ်ပိုး မတွေ့ရဘဲ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဆိုပြီးတွေ့ရတယ်၊ 5G ဓာတ်ရောင်ကြောင့် သေဆုံးမှု ကြောင့်သေဆုံးရတာဖြစ်တယ်၊ ဆေးပေးတဲ့အခါမှာ ရောဂါဖြစ်တဲ့သူတွေကို ပဋိဇီဝဆေးနဲ့ အကိုက်အခဲပျောက် ဆေးပေးရတယ်ဆိုပြီးရေးသားထားပါတယ်။ ဒီပို့စ်ပါအချက်တွေဟာ မှားယွင်းတဲ့အချက်အလက်တွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ “Ko Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီပို့စ်ကို“ဝူဟန်/ကိုရိုနာဗိုင်းရပ်စ်COVID-19 ရောဂါအကြောင်း သိကောင်း စရာများ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၅ […]

Continue Reading

Fact Check: အီတလီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ဒေါက်တာ ၂ယောက် အချစ်ဇာတ်လမ်းလား-မဟုတ်ပါ

၂၀၁၉ ဒီဇင်ဘာလလောက်ကတည်းက တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင်း ဖြစ်ပေါ် လျက်ရှိတဲ့ COVID-19  ကပ်ရောဂါဟာ ကမ္ဘာတစ်လွှားမှာ စက်တင်ဘာ၂၆ ရက်နေ့အထိ လူ  ၃၃ သန်းဝန်း ကျင်အထိကူးစက်ပျံ့နှံ့ခဲ့ပြီးဖြစ်ကာ ကူးစက်ခံရသူတွေထဲမှာ လူ  ၉ သိန်း ၉ သောင်းထက်မနည်း သေဆုံးခဲ့ ရပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စက်တင်ဘာ ၂၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာ ၁ သောင်းဝန်းကျင်နဲ့ သေဆုံး ၁၉၈ ဦးရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကြောင့်ပဲ “မျက်ရည်ခိုင်မှကြည့်ပါ”ဆိုပြီးတော့ “အီတလီနိုင်ငံက ရင်နင့်ဖွယ် အချစ်ဇာတ်လမ်း  သူတို့ ၂ ဦးလုံးက ဆရာဝန်တွေပါ ချစ်သူက Covid ပိုးကူးစက်ခံထားရလို့ Isolated အထားခံနေရတာကို ကြည့်ပြီး သူပါတစ်ခါတည်း အကူးစက်ခံရင်းနဲ့ အချစ်စစ်အချစ်မှန်ကို […]

Continue Reading