Fact Check: ဒီပုံတွေက ၂၀၁၈ ခုနှစ် ထိုင်ဝမ်ငလျင်က အပျက်အစီး ဓာတ်ပုံတွေဖြစ်တယ်

Missing Context နိုင်ငံတကာ၊ | International

ထိုင်ဝမ် ၅ မိနစ်အတွင်း အင်အားပြင်းငလျင် ၃ ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးတွေအဖြစ် အထပ်မြင့်တိုက် တွေယိုင်လဲနေတဲ့ဓာတ်ပုံ ၃ ပုံနှင့်အတူ ပို့စ်တစ်ခုကို မျှဝေထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ကြပါတယ်။

ထိုင်ဝမ်မှာ မြန်မာစံတော်ချိန် ၂၀၂၂ ခုနှစ် မတ် ၂၃ ရက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့တာမှန်ပေမဲ့  ဓာတ်ပုံတွေ က ၂၀၁၈ ခုနှစ် ငလျင်က ဓာတ်ပုံတွေဖြစ်တာတွေ့ပါတယ်။ 

“ထိုင်ဝမ် ၅ မိနစ်အတွင်း M6.9 / 6.1/ 5.7 အင်အားပြင်းငလျင် ၃ ကြိမ်လှုပ် ”လို့ရေးသားပြီး “Myanmar Journal”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှု အကြိမ်အရေအတွက် ၁ ထောင် ၂ ရာဝန်းကျင်ရှိပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

Google မှာ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ထိုင်ဝမ်နိုင်ငံ Hualien မြို့တောင်ဘက် ၆၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်တာစကေး ၆ ဒသမ ၇ ရှိတဲ့ အင်အားပြင်း ငလျင်တစ်ခု မြန်မာစံတော်ချိန် ၂၀၂၂ ခုနှစ် မတ် ၂၃ ရက် ည ၁၂ နာရီ ၁၁ မိနစ်(2022-03-22 17:41:38 (UTC))က လှုပ်ခတ်သွားခဲ့တာတွေ့ရပါတယ်။ ငလျင်လှုပ်ခတ်စဉ်နဲ့ လှုပ်ခတ်အပြီး အပျက်အစီးအချို့ မြင်ကွင်းကို တရုတ်ရုပ်သံလိုင်း CGTN ကသတင်းဖော်ပြချက်မှာတွေ့ရပါတယ်။

သို့သော်လည်း  ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက အင်အား ၆ ဒသမ ၄ ရှိတဲ့ ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီး ဓာတ်ပုံတွေသာ ဖြစ်တာတွေ့ရပါတယ်။

ပထမဓာတ်ပုံကို အမေရိကန်အခြေစိုက် The New York Times ရဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်သတင်း တစ်ပုဒ်မှာတွေ့ရပါတယ်။ အင်အားအနည်းငယ်လျော့ပြီး ယခုလှုပ်ခတ်ခဲ့တဲ့နေရာမှာပဲ ငလျင်လုပ်ခတ်ခဲ့တာ တွေ့ရပါတယ်။ သို့သော်လည်း ထိုစဉ်က မြို့နဲ့ ၁၄ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာကြောင့် တိုက်တာ အဆောက်အဦးအချို့ပြိုကျပျက်စီးပြီး လူ ဆယ်ဂဏန်းခန့် သေဆုံးခဲ့ရသလို အများအပြားပျောက်ဆုံးနေခဲ့ပါ တယ်။

မူရင်းလင်ခ့် – The New York  TimesArchive link 

နောက်ထပ် ဓာတ်ပုံတစ်ပုံကိုလည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က အမေရိကန်အခြေစိုက် NPR ရဲ့ ဒီသတင်းမှာတွေ့ရပါတယ်။

တိုက်ကို တိုင်တွေနဲ့ထောက်ပြီး ကျားကန်ပေးထားတာကို အနီးကပ်ရိုက်ထားတဲ့ တတိယမြောက်ဓာတ်ပုံကိုလည်း အမေရိကန်အခြေစိုက် NBC သတင်းရဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်စွဲနဲ့ သတင်းတစ်ပုဒ်မှာတွေ့ရပါတယ်။

မူရင်းလင်ခ့် – NBC NewsArchive link 

သုံးသပ်ချက်

ထိုင်ဝမ်မှာ ငလျင်လှုပ်ခတ်ခဲ့တာမှန်ပေမဲ့ တိုက်တာအဆောက်အဦးယိုင်လဲနေတဲ့ ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ် က ဓာတ်ပုံဟောင်းတွေဖြစ်တာတွေ့ရပါတယ်။ ယခုငလျင်မှာ ကြီးမားတဲ့ အပျက်အစီးသတင်းမျိုးမတွေ့ရပါဘူး။

Avatar

Title:Fact Check: ဒီပုံတွေက ၂၀၁၈ ခုနှစ် ထိုင်ဝမ်ငလျင်က အပျက်အစီး ဓာတ်ပုံတွေဖြစ်တယ်

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *