Fact Check: ဒီဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံက ဒုံပွဲတော်က ဓာတ်ပုံတွေသာဖြစ်တယ်

False လူမှုရေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေ အသေးစားဒုံးပျံယာဉ် တစ်စင်းကို တီထွင်ပစ်လွှတ်နိုင်ခဲ့ပြီဆိုပြီး ဓာတ်ပုံ ၃ ပုံနဲ့အတူ မျှဝေထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာကျင်းပလေ့ရှိတဲ့ ဒုံးလွှတ်ပွဲတော်အကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုပါမြင်ကွင်းတွေဖြစ်တာတွေ့ရပါတယ်။ 

“အမည်မဖော်လိုသည့် တောတွင်းတစ်နေရာက PDF တွေ

ကြီးမားတဲ့ အောင်မြင်မှုအနေနဲ့

ဒုံးပျံယာဉ်အသေးစား တစ်စင်းကို တီထွင်ပစ်လွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရ”လို့ရေးသားပြီး “Commu Nal Phyo” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link  

အလားတူမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်း၊ အဓိကျကျတဲ့စကားလုံးအချို့အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေနည်းနဲ့ ရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ ထိုင်းဘာသာစကားနဲ့ “อีสานโปรดักชั่น”လို့ရေးသားထားတဲ့ ယူကျု့(youtube) ချန်နယ်မှာ တင်ထားတဲ့ ဗွီဒီယိုမှာမြင်တွေ့ရတဲ့ မြင်ကွင်းတွေနဲ့ တူညီတာတွေ့ရပါတယ်။ Google Translate အသုံးပြုပြီး ဒီဗွီဒီရဲ့ ခေါင်းစဉ်စာသားအဖြစ်ရေးသားထားတဲ့ ထိုင်းစားသားအချို့ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ “#Bong Fai Lan #Advada #Isaan Productions

Million fireballs! The team of “Advada”, 8 inch pipe, Bun Bang Fai, Lanna Wiang, province. Yasothon 65 “

“ဖျောက်သန်းပေါင်းများစွာ – Yasothon ခရိုင်က Bun Bang Faiတွင် ၈ လက်မပိုက်နဲ့လုပ်ထားတဲ့ ဒုံးပျံကို “Advada”အဖွဲ့ကလွှတ်တင်စဉ်”ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။ (Fact Cresendo မှ Google Translate ရဲ့ အင်္ဂလိပ်ဘာသာပြန်ဆိုချက်ကို မြန်မာဘာသာသို့အနီးစပ်ဆုံး ဘာသာပြန်ဆိုတည်းဖြတ်ထားခြင်းဖြစ်သည်)

ဒီယူကျု့ချန်နယ်မှာ ၂၀၁၇ ခုနှစ်ကတည်းက ဒေသတွင်းကဗီဒီယိုအများအပြားကိုတင်ထားပြီး ပြီးခဲ့တဲ့နှစ်တွေက ရိုက်ကူးထားတဲ့ ဒုံးလွှတ်ပွဲတော်ဗီဒီယိုတွေလည်းပါဝင်ပါတယ်။

မူရင်းလင်ခ့် – อีสานโปรดักชั่นArchive link  

Bun Bang Fai”လို့ ထိုင်းမှာလူသိများတဲ့ ဒုံးလွှတ်ပွဲတော်ဟာ အထူးသဖြင့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း Isaan ဒေသမှာ လယ်ယာစိုက်ပျိုးရေးအတွက် မိုးခေါ်တဲ့အနေနဲ့ ကျင်းပတဲ့ဓလေ့တစ်ခုဖြစ်ပါတယ်။ Yasothon ဆိုတာ ဒီဒေသက ခရိုင်တစ်ခုဖြစ်ပါတယ်။ 

PDF တွေအောင်မြင်စွာ လွှတ်တင်လိုက်တဲ့ ဒုံးပျံလို့ဆိုတဲ့ ဓာတ်ပုံအချို့နဲ့ ဒီယူကျု့ချန်နယ်က တင်ထားတဲ့ ၁၁ မိနစ် ၂၈ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုပါ မြင်ကွင်းအချို့ကိုအောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ထိုင်းနိုင်ငံက ဒုံလွှတ်ပွဲတော်အကြောင်းရိုက်ကူးထားတဲ့ ဗွီဒီယိုပါမြင်ကွင်းတွေ ကို အသုံးပြုပြီး မြန်မာနိုင်ငံက PDF ဒုံပျံလွှတ်တင်တာအောင်မြင်တယ်ဆိုပြီးရေးသားမျှဝေနေတာဖြစ်ပါတယ်.

Avatar

Title:Fact Check: ဒီဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံက ဒုံပွဲတော်က ဓာတ်ပုံတွေသာဖြစ်တယ်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *