
၁၈ နှစ်မှာတစ်ကြိမ်သာမြင်ရလေ့ရှိတဲ့ ဂြိုလ် ၅ လုံးတန်းဖြစ်စဉ်ဟာ မြန်မာဘာသာလူမှုကွန်ယက် အသုံးပြုသူ တွေအကြားမှာ ရေပန်းစားခဲ့ခေါင်းစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ စစ်ကိုင်း ကောင်းမှုတော်ဘုရား ထက်မှာ လနဲ့အတူ အခြားသော ဂြိုဟ် ၅ လုံးတန်းနေတဲ့ပုံကို ရိုက်ကူးထားတယ်လို့ဆိုတဲ့ ဓာတ်ပုံတစ်ပုံဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ် တာ တွေ့ရပါတယ်။
ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကိုအောက်ပါအတိုင်းတွေ့ရပါတယ်။
“ဂြိုလ်ကြီး (၆)လုံး ဖြစ်တဲ့…
Mercury, Venus ,Moon , Mars ,Jupiter ,Saturn
တန်း သွားချိန်…
မနက် (2)နာရီ မှ
(5:10)ဓါတ်ပုံ ရရှိခဲ့။
စစ်ကိုင်း ကောင်းမှူတော်ဘုရား
စိန်ဖူးတော် နှင့် Moon
ကပ်ရိုက်ထားတယ်လို့ သိရပါတယ်
ဓါတ်ပုံ Sai Wan Na
Credit..#ကိုကိုဦး”စသည်ဖြင့် ရေးသားပြီး “Yin Min Myint Swe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အာကာသနဲ့ နက္ခတ်တာရာအကြောင်းတွေ ပုံမှန်ရေးသားနေတဲ့ “မြန်မာ့နက္ခတ်တာရာနှင့်သိပ္ပံပညာ ဝါသနာရှင်များအသင်း(MASES)”က ဒီဓာတ်ပုံဟာ အတုသာဖြစ်တယ်လို့ ဇွန် ၂၆ ရက်မှာ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုကိုရည်ညွှန်းပြီး ထုတ်ပြန်ခဲ့ပါတယ်။
“Fact Check
ဒီပိုစ့်မှာ ပါတဲ့ ပုံက ပုံအတုဖြစ်ပါတယ်။ စေတီပုံ မှာ ဂြိုဟ်ဆိုပြီး အစက်လေးတွေ အတန်းလိုက် လျှောက်ထည့်ထားတဲ့ပုံသာဖြစ်ပါတယ်။ ဓာတ်ပုံပညာ နားလည်သူတွေ ကောင်းကင် ဓာတ်ပုံ ရိုက်နေကျသူတွေ အများစုကတော့ မြင်ရုံနဲ့ သိနိုင်ပေမယ့် သာမန် ပြည်သူအများစု က တော့ အမှန်တကယ်လို့ ထင်သွားနိုင်တာမို့ fact check အနေ နဲ့ ထောက်ပြတာပါ။
မူရင်းပိုစ့် မှာ တွေ့တဲ့ အချက်အလက် အရ ဒီပုံကို ဖုန်း နဲ့ ရိုက်ထားတယ်ပြောပါတယ်။ ဖုန်း နဲ့ ဖြစ်ဖြစ် ကင်မရာ နဲ့ ဖြစ်ဖြစ် ရိုက်ရင် ဂြိုဟ်တွေကို ဒီလို အရွယ်အစားတူ မမြင်ရပါ။ ဂြိုဟ်တွေက အရွယ်အစား မတူကြပါဘူး။ မာကျူရီ ဂြိုဟ် ဟာ ယခုလောက် မိုးကုပ်စက်ဝိုင်း အထက်ကို မရောက်နေပါ။ အောက်နားမှာ အတော်ကပ်ပြီး မြင်ရတာပါ။ စေတန် ခေါ် စနေဂြိုဟ် က ဂျူပီတာခေါ် ကြာသပတေးဂြိုဟ် နဲ့ ယခုပုံထဲကလို အကွာအဝေး မဟုတ်ပဲ ၃ ဆ လောက် ပိုဝေးနေပါတယ်။ မနက် ၂ နာရီမှာ လဲ ယခု ပုံရိုက်ယူလို့ မရပါ။ မာကျူရီ ဂြိုဟ် ထွက်ပေါ်လာတာဟာ နေမထွကခင် ၄၅ မိနစ် လောက်မှသာဖြစ်ပါတယ်။”လို့ ဒီစာမျက်နှာက ရေးသားပါတယ်။
မူရင်းလင်ခ့် – MASES – Myanmar Astronomy & Science Enthusiasts So ciety | Archive link
ဒီထုတ်ပြန်ချက်နဲ့ Astrophotographer တစ်ခုကိုကိုးကားပြီး Mizzima – News in Burmese ကလည်း အချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။
ဇွန် ၂၄ ရက်က မနက်အစောပိုင်းမှာ ဂြိုဟ် ၅ လုံးတန်းတာကို ဒေးဒရဲကနေမြင်တွေ့ရပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း MASES က ဖော်ပြထားပါသေးတယ်။ အခြားသောနိုင်ငံတကာသတင်းဌာနတစ်ချို့မှ ဖော်ပြခဲ့တဲ့ မနက်အစောပိုင်းနေမထွက်ခင်လေးမှာ မြင်တွေ့ရတဲ့ မြင်ကွင်းကို ဒီလင့်ခ်နဲ့ဒီလင့်ခ်မှာလည်း တွေ့ရပါတယ်။ ဒီဓာတ်ပုံတွေထဲက တူညီတဲ့အချက်ဖြစ်တာ ကောင်းကင်မှာ ဂြိုလ်အားလုံးဟာ အရွယ်အစား၊ အကာအဝေးနဲ့တောက်ပမှုမတူသလို ကောင်းကင်ပြင်ဟာလည်း မှောင်မည်းနေတာမျိုးမဟုတ်တာ လည်းတွေ့ရပါတယ်။

Fact Crescendo Myanmar အနေနဲ့ လူမှုကွန်ယက်မှာ ပျံ့နှံ့လျှက်ရှိတဲ့ ဒီဓာတ်ပုံဟာပြုပြင်ဖန်တီးထားခြင်းရှိမရှိ Fotoforensics ဆော့ဖ်ဝဲလ်ကို အသုံးပြုလေ့လာကြည့်ရာမှာ ဒီဓာတ်ပုံဟာ ပြုပြင်ထားတယ်ဆိုတာ တွေ့ရှိရ ပါတယ်။ ဓာတ်ပုံတွေကို ပြုပြင်ပြောင်းလဲမှုလုပ်ပေးနိုင်တဲ့ ဒီဂျစ်တယ်ပြုပြင်ပြောင်းလဲမှုတွေဟာ သာမန်မျက်စေ့နဲ့ မမြင်နိုင်တဲ့နောက်ကွယ်က ပြင်ဆင်တည်းဖြတ်ထားတာတွေ ကျန်ရစ်လေ့ရှိပါတယ်။ ဒီလူမှု ကွန်ယက်မှာပျံ့နှံ့ လျှက်ရှိတဲ့ ဓာတ်ပုံရဲ့ ပြုပြင်ပြောင်းလဲမှုပုံစံကို ပုံဖော်ကြည့်ရာမှာ ထုံးဖြူဖြူနဲ့ ကောင်းမှု့တော် ဘုရားမျက်နှာပြင်နဲ့ အစက် အပျောက် ကလေးတွေနေရာကိုသာ ကာလာရောင်ချယ်အချို့တွေ့ရပြီး အမည်ရောင်ဖြစ်နေနောက်ခံဟာ အမည်းရောင်အဖြစ်ပဲပြန်လည်မြင်တွေ့ရပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံအစစ်သာဖြစ်မယ်ဆိုရင် ညဟာ မည်းမှောင်နေသည့်တိုင် အခြား ပတ်ဝန်းကျင်က အလင်းပျံ့နှံမှုပုံစံတွေရှိတာကို ELA လို့အတိုခေါက်ခေါ်တဲ့ Error Level Analysis အရတွေ့ရမှာဖြစ်ပါတယ်။
မူရင်းလင်ခ့် – Fotoforensics | Archive link
သုံးသပ်ချက်
စစ်ကိုင်း ကောင်းမှုတော်ဘုရားထက်မှာ လနဲ့ အခြားသော ဂြိုဟ် ၅ လုံးတန်းနေတဲ့ပုံကို ရိုက်ကူးထားတယ်လို့ ဆိုတဲ့ ဓာတ်ပုံဟာ အတုဖန်တီးထားခြင်းဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ကောင်းမှုတော်ဘုရားနဲ့ ဂြိုလ် ၆ လုံးတန်းတဲ့ဓာတ်ပုံလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading