Fact Check: ဒီပုံက မိတ္ထီလာမှာ ပစ်သတ်ခံရတဲ့ စစ်ဗိုလ်ရဲ့ဓာတ်ပုံ မဟုတ်ပါ

False လူမှုရေး

စစ်တပ်က အရာရှိတစ်ယောက်ရဲ့ ရုပ်အလောင်းဘေးမှာ ကလေးငယ်တစ်ယောက်ကိုပွေ့ချီလျက်ငိုနေတဲ့ အမျိုး သမီး ဓာတ်ပုံကို မိတ္ထီလာမှာ လုပ်ဖော်ကိုင်ဖက်ဗိုလ်မှူးက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်ကြီးအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။

သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံဖြစ်ပါတယ်။

Khinsabalnyo အမည်နဲ့ ဖေစ့်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေး သားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link 

မိတ္တီလာမှာ စစ်​တပ်က အရာရှိ ၂ ဦးအပြန်အလှန်ပစ်ခတ်မှုမှာ ဒဏ်ရာရ ဗိုလ်ကြီး ​နေပြည်​တော်စစ်​ဆေးရုံတွင် ​သေဆုံးသွားကြောင့် ဧပြီ ၂၆ ရက်က Khit Thit သတင်းဌာနကရေးသားတဲ့သတင်းကို ဒီနေရာမှာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ ဧပြီး ၂၆ ရက်က သေဆုံးခဲ့တဲ့ ဓာတ်ပုံလားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

Google မှာ ဓာတ်ပုံပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ စစ်တပ်က အရာရှိတစ်ယောက်ရဲ့ ရုပ်အလောင်းဘေးမှာ ကလေးငယ်တစ်ယောက်ကိုပွေ့ချီလျက်ငိုနေတဲ့ အမျိုးသမီး ဓာတ်ပုံဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက တည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။ တရုတ်သတင်းဌာနတစ်ခုကလည်း ၂၀၁၉ ခုနှစ် ြသဂုတ် ၂၁ ရက်က သတင်းတစ်ခုမှာ ဒီဓာတ်ပုံကို ပြန်လည်အသုံးပြုထားတာတွေ့ရပါတယ်။

Google Translate အသုံးပြုပြီး တရုတ်ဘာသာကနေ ပြန်ဆိုကြည့်ရာမှာ မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် တရုတ်ဘက်အခြမ်းနယ်စပ်မှာ တရုတ်စစ်တပ်က တပ်ဖြန့်ထားမှုသတင်းဖြစ်ပါတယ်။

မူရင်းလင်ခ့် – Wemp.appArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မိတ္ထီလာက လုပ်ဖော်ကိုင်ဖက်အချင်းချင်းပစ်ခတ်မှုကြောင့် ဧပြီ ၂၆ ရက်က သေဆုံးခဲ့တဲ့ အရာရှိအဖြစ်ပေါ်ပြနေတဲ့ပုံဟာ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။

Avatar

Title:ဒီပုံက မိတ္ထီလာမှာ ပစ်သတ်ခံရတဲ့ စစ်ဗိုလ်ရဲ့ဓာတ်ပုံ မဟုတ်ပါ

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *