Fact Check: အမေရိကန်လွှတ်တော်ကိုဝင်ရောက်စီးနင်းမှုလိုမျိုး နောက်တကြိမ်ထပ်ဖြစ်တယ်ဆိုပြီး ရေးသားတဲ့ ဗွီဒီယိုအမှား

ရွှေ့ပြောင်းလုပ်သား

စစ်သားတွေနဲ့ လူထုကြားပဋိပက္ခဖြစ်ပွားနေတဲ့ဗွီဒီယိုဖိုင်ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ဖြစ်ပွားတဲ့ အမေရိကန်လွှတ်တော်အဆောက်အအုံကို သမ္မတဒေါ်နယ်ထရန့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်စဉ်လို အလာတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားတယ်ဆိုပြီး ရေးသားကာ လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။

ဒီဗွီဒီယိုဖိုင်ကို “American မှာ ထပ်ပြီး ပွဲဆူနေပြီ Joe Biden ၏ ရာဇဝတ်မှုများကို ဖော်ထုတ်ထားဟု ကြားသိရ”လို့ အညွှန်းတပ်ပြီး သမ္မတဒေါ်နယ်ထရန့်ထောက်ခံသူတွေ အမေရိကန်လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်စဉ်လို အလာတူဖြစ်စဉ်မျိုးအဖြစ် ပုံဖော်ရေးသားထားပါတယ်။ အောက်ကပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားနေတာနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၆ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ သမ္မတထရန့်လိုလားသူတွေက အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်းသလို နောက်ထပ်ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားတယ်ဆိုတာမျိုး နိုင်ငံတာသတင်းမီဒီယာတွေမှာ ဖော်ပြတာမျိုး မတွေ့ရပါဘူး။

ဒီဗွီဒီယိုရဲ့ ညာဘက်အပေါ်ဒေါင့်မှာပါတဲ့ RTဆိုတဲ့ စာလုံးကို သတိပြုမိမှာဖြစ်ပြီး Googleမှာ RTဆိုတဲ့ စာလုံးနဲ့တွဲပြီး TV ဒါမှမဟုတ် Newsဆိုတဲ့စကားလုံးတွေနဲ့တွဲပြီး ရှာကြည့်မယ်ဆိုရင် ရုရှားအခြေစိုက်သတင်းဌာနတစ်ဖြစ်တာကို တွေ့ရပြီး RTသတင်းဌာနရဲ့ Youtubeက ဗွီဒီယိုတွေကို ဝင်ရောက်ကြည့်ရှု့ရာမှာတော့ အထက်ပါဗွီဒီယိုဟာ အထက်ပါပို့စ်မှာရေးသားသလိုမျိုး မဟုတ်ပဲ ဟွန်ဒူးရပ်စ်နိင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို ဂွာတီမာလာနိုင်ငံက လုံခြုံရေးတပ်သားတွေက လမ်းမှာပို့ဆို့တားဆီးနေတဲ့အကြောင်းကို ဇန်နဝါရီ ၁၇ရက်နေ့က ရိုက်ကူးတက်ဆက်ထားတဲ့ ဗွီဒီယိုဖြစ်တာကို တွေ့ရပါတယ်။ မူရင်းဗွီဒီယိုကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – RT link  |  Archive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အမေရိကန်လွှတ်တော်ကိုဝင်ရောက်စီးနင်းမှုလိုမျိုး နောက်တကြိမ်ထပ်ဖြစ်တဲ့ ဗွီဒီယိုဟာ ဂွာတီမာလာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်တာကို တွေ့ရပါတယ်။ 

ပြောဆိုချက်: အမေရိကန်လွှတ်တော်ကိုဝင်ရောက်စီးနင်းမှုလိုမျိုး နောက်ထပ် ဒုတိယအကြိမ်ထပ်ဖြစ်တယ်

Avatar

Title:Fact Check: အမေရိကန်လွှတ်တော်ကိုဝင်ရောက်စီးနင်းမှုလိုမျိုး နောက်တကြိမ်ထပ်ဖြစ်တယ်ဆိုပြီး ရေးသားတဲ့ ဗွီဒီယိုအမှား

Fact Check By: Lynn Yu 

Result: False