
PDF အဖွဲ့တွေတစ်ရွာဝင်တစ်ရွာထွက်ဒုက္ခပေးသောကြောင့်ဒေသခံများအခက်တွေ့နေတယ်ဆိုပြီးတော့ အိမ်တ အိမ်ရှေ့မှာပျောက်ကျားဝတ်စုံလက်နက်ကိုင်တွေ စုဝေးနေတဲ့ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုအချို့က ပြန်လည်မျှဝေလျက်ရှိပါတယ်။
သို့သော် ဓာတ်ပုံဟာ People Defense Force (Kalay)အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မူလဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲက တစ်ပုံဖြစ်ပြီး မူလထုတ်ပြန်ထားတဲ့အကြောင်းနဲ့ ဆန့်ကျင်ဘက်ရေးသား ဖော်ပြထား တာတွေ့ရပါတယ်။
“စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းဒေသကို
PDF အဖွဲ့တွေတစ်ရွာဝင်တစ်ရွာထွက်ဒုက္ခပေးသောကြောင့်ဒေသခံများအခက်တွေ့
================================
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းဒေသကို
PDF အဖွဲ့တွေတစ်ရွာဝင်တစ်ရွာထွက်ဒုက္ခပေးသောကြောင့်ဒေသခံများအခက်တွေ့နေတယ်သိရ
ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးဖို့ဆိုပြီးရွာထဲကိုဝင်လာကြတယ်ပြီးတော့တစ်အိမ်ထောင်ကို
၅ သောင်းကျပ်နဲ့ထောက်ပံ့ရမယ်ဆိုပြီးတောင်းတယ်
ပြည်သူ့ကာကွယ်ရေးရံပုံငွေဆိုပြီးတော့
မပေးရင် ဒလန်လို့သတ်မှတ်ပြီးတော့ဖမ်းတယ်
မရှိမဲ့ရှိမဲ့ထဲကပေးနေကြရတယ်လို့သိရပါတယ်
အခုဆိုရင် PDF တွေဝင်လာတိုင်းတိုက်ပွဲဖြစ်
တိုက်ပွဲဖြစ်တော့ရွာလုံးကျွတ်တွေပြေးကြရတယ်
နေရထိုင်ရတာအဆင်မပြေပါဘူးလို့ကလေးမြို့နယ်ထဲကပြည်သူတစ်ဦးမှရင်ဖွင့်လာပါတယ်
ဖြစ်နိုင်ရင်စစ်တပ်နဲ့ရွာပြင်မှာချကြပါပေါ့
ရွာထဲမှာတိုက်ပွဲမဖန်တီးပါနဲ့လို့ပြောလာပါတယ်***
PO
” စသည်ဖြင့် ရေးသားပြီး “NA Jitt”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဓာတ်ပုံကိုကြည့်ရင် People’s Defence Force (Kalay)ဆိုပြီးတော့ ဓာတ်ပုံပေါ်မှာ ရေစာရေးသားထားတာ တွေ့ရပါတယ်။ ကလေးမြို့နယ်က အာဏာသိမ်းစစ်တပ်တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ကိုင်တွယ်နေတယ်လို့ ယုံကြည်ရတဲ့ People’s Defence Force – Kalay အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မတ် ၂၄ ရက်က ထုတ်ပြန်ချက်တစ်ခုမှာ ဒီဓာတ်ပုံကို တွေ့ရပါတယ်။
အခြားသောဓာတ်ပုံ ၄ ပုံနဲ့အတူယခုဓာတ်ပုံပါဝင်ပြီး ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းရေးသားထားပါတယ်။
“ကလေးမြို့နယ်တောင်ပိုင်းဒေသကို အကြမ်းဖက်စစ်ကောင်စီက အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုနှင့်စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိပါသည်။ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန် PDF (Kalay) တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတွင်ရှိသောလက်နက်ခဲယမ်း အနည်းငယ်ဖြင့် အကြမ်းဖက်စစ်ကောင်စီအား အစွမ်းကုန်ရင်ဆိုင်ခုခံကာ တိုက်ပွဲဝင်လျက်ရှိပါသည်။ စစ်ရေးအခြေအနေများဆက်လက် ပြင်းထန်လာနိုင်ဖွယ်ရာရှိသောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးအထူးဂရုပြုကာ နေထိုင်သွားလာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဓာတ်ပုံ – ရှေ့တန်းရောက် PDF (Kalay) တပ်ဖွဲ့ဝင်များ
#pdfkalay”
မူရင်းလင်ခ့် – People’s Defence Force – Kalay | Archive link
သုံးသပ်ချက်
မူလအဓိပ္ပာယ်နဲ့ဆန့်ကျင်လျှက် လိုအပ်သလိုရေးသားထားတဲ့ ဝါဒဖြန့်စာတစ်ပုဒ်မှာ အသုံးပြုထားတာကြောင့် ဒီဓာတ်ပုံဟာ လူမှုကွန်ယက်အသုံးပြုသူများအကြားနားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။

Title:Fact Check: ကလေး PDF ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံကိုအသုံးပြုဝါဒဖြန့်ချိ
Fact Check By: Nayar MaungResult: Misleading