Fact Check: KNPP က တောင်သူတွေရဲ့ ယာခင်းတွေမှာ မိုင်းထောင်နေတယ်လို့ သတင်းမှားဖြန့်ဝေ

Misleading နိုင်ငံရေး | Politics

KNPPအကြမ်းဖက်အဖွဲ့တွေဟာ ပြည်သူများတောင်ယာလုပ်ကိုင်နေတဲ့ နေရာများတွင် မိုင်းထောင်နေသော မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူအချို့က မျှဝေထားတာတွေ့ရပါတယ်။

သို့သော် ဓာတ်ပုံတွေဟာ မိုင်းရှင်းလင်းနေတဲ့မြင်ကွင်းအဖြစ် KNDF B-02 က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။

“KNPPအကြမ်းဖက်အဖွဲ့များမှ ပြည်သူများတောင်ယာလုပ်ကိုင်သည့်

နေရာများတွင် မိုင်းများထောင်နေသော မြင်ကွင်းဖြစ်ပါသည်…

#ဒေသခံတွေအထူးသတိပြုရန်” စသည်ဖြင့် ရေးသားပြီး “Min Mahar”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ 

တူညီတဲ့ရေးသားမျှဝေမှုတွကို ဒီနေရာဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

အဓိကကျကတဲ့စကားလုံးအချို့ အသုံးပြုပြီး ဓာတ်ပုံကိုရှာဖွေကြည့်ရာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တင်ရင်း ၂ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ “Karenni Nationalities Defense Force-B02” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီဓာတ်ပုံတွေ မတ် ၂၈ ရက် ည ၈ နာရီ ၃၁ မိနစ်မှာ မျှဝေထားတာတွေ့ရပါတယ်။ စုစုပေါင်း ဓာတ်ပုံ ၅ ပုံပါဝင်တာအောက်ပါအတိုင်းတွေ့ရပါတယ်။

“#မိုင်းရှင်းလင်းရေး”လို့လည်းရေးသားပြီး  မျှဝေထားတာဖြစ်ပြီး မူလမျှဝေထားတဲ့ “Ro Man”ဆိုသူကတော့ “တောင်သူတွေ..ထွန်ယှက်စိုက်ပျိုးချိန်ရောက်ပြီမို့..စကစMALတွေ.ထောင်ထားတဲ့မှိိုင်းများကို.စွန့်စားစွားသွားရောက်ဖော်ယူပေးခဲ့တဲ့ B-O2 ခွဲ၂”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – KNDF B-02Archive link

KNPP ဟာ ကရင်နီးအမျိုးသားတိုးတက်ရေးပါတီ(Karenni Progressive People Party)ရဲ့အတိုခေါက်ဖြစ်ပြီး ဒီအဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ Karenni Army(KA)ဖြစ်တာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ B-02 ကနေ ပြန်လည်မျှဝေထားတဲ့ ဓာတ်ပုံတွကို အသုံးပြုပြီး မူလရေးသားထုတ်ပြန်ချက်ကို ပုံဖျက်ရေးသားထားပါတယ်။

Avatar

Title:Fact Check: KNPP က တောင်သူတွေရဲ့ ယာခင်းတွေမှာ မိုင်းထောင်နေတယ်လို့ သတင်းမှားဖြန့်ဝေ

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *