
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ရဟတ်ယာဉ်တစ်စီးကိုပစ်ချလိုက်တယ်လို့ဆိုပြီး ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။
သို့သော်ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလထဲမှာကတည်းက အင်တာနက်မှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။
“🛑PDF တွေရဲ့ကျွေးခြင်းအနုပညာ🛑
ဟေ့ ဘယ်သူလက်ချက်လည်း ဒါကြီးက အတိုအစ ဆိုင်ပို့ရတော့မယ်။
PDF လေးတွေရဲ့အစွမ်း ❣❣❣
🇹🇭#Zaw နိုဝင်ဘာ ၅
#pdfchannel
#pdfသတင်းပေါင်းစုံ”လို့ရေးသားပြီး “Simon Nick”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၂၀ ခုနှစ်ကနိုဝင်ဘာ ၁၇ ရက်ကထိုင်းနိုင်ငံမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျမှုအဖြစ် ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။
ထိုင်းဘာသာနဲ့ရေးသားထားတဲ့ “Matichon”အမည်နဲ့သတင်းဝက်ဘ်ဆိုက်ရဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၇ ရက်စွဲနဲ့ သတင်းဖော်ပြချက်တစ်ခုမှာ ဒီဖေ့စ်ဘွတ်ပို့စ်ပါရဟတ်ယာဉ်ပျက်ကျမှု ဓာတ်ပုံနဲ့တူညီတဲ့ဓာတ်ပုံတစ်ပုံကို တွေ့ရပါ တယ်။ Google Translate အသုံးပြုပြီး သတင်းကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုကြည့်ရာမှာ ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် မဲချာအိမ်(Mae Chaem)ခရိုင်မှာ ရဟတ်ယာဉ်စက်ချို့ယွင်းဖြစ်စဉ်ဖြစ်တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Matichon | Archive link
ထို့အပြင် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၇ ရက်စွဲနဲ့ ထိုင်းအခြေစိုက်ဘန်ကောက်ပို့စ်သတင်းဌာနက မဲချာအိမ်(Mae Chaem)ခရိုင် ဒုတိယမြို့တော်ဝန်လိုက်ပါလာတဲ့ ရဟတ်ယာဉ်စက်ချို့ယွင်းပြီး မီးလောင်လို့ရေးသားထားတဲ့ သတင်းမှာ အခြားသောရှု့ထောင့်ကနေရိုက်ကူးထားတဲ့ဓာတ်ပုံကို အောက်ပါတိုင်းဖော်ပြထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Bangkok Post | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ မြန်မာနိုင်ငံကဓာတ်ပုံမဟုတ်တာတွေ့ရပါတယ်။