
မြောက်ဦး လေးခင်းပြင်မှာရှေးခေတ်က အားကစားကွင်းဓာတ်ပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ဂရိနိုင်ငံကဓာတ်ပုံတစ်ပုံသာဖြစ်ပါတယ်။
“မြောက်ဦး/လေးခင်းပြင်(ရတနမာန်အောင်စေတီအရှိဖက်) ရှေ့ခေတ်က အားကစားကွင်း ပျက်စီနေပုံ ဟုတ်လား မဟုတ်လိုတော့ တူးဖော်ကြည့်မ အဖြေပေါ်ဖို့”လို့ ရေးသားထားပြီး “Ashin Sovita”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
ရခိုင်လို့ရေးသားထားတဲ့တူညီတဲ့မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကိုအောက်ပါအတိုင်းတွေ့ရပါတယ်။

“အံ့သြဖွယ်ကောင်းသည့် ရှေးဂရိအားကစားကွင်း တူးဖော်မှုမပြီးမီနှင့် တူးဖော်မှုအပြီး”လို့ခေါင်းစဉ်တပ် ရေးသားထားတဲ့ Art to Fit အမည်နဲ့ ဝက်ဘ်ဆိုဒ်ကသတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကိုတွေ့ရပါတယ်။
“ရှေးဂရိအားကစားကွင်းကို မတူးဖော်မီနှင့် အပြီးတွင် အံ့သြဖွယ်ကောင်းလောက်အောင် ဓာတ်ပုံရိုက်ကြည့်ပါ။ စူးစမ်းလိုသူများအတွက် တူရကီနိုင်ငံတွင် ယနေ့ခတ် Aydin/Germencik မြို့တွင်တည်ရှိသော ရှေးဟောင်း မြို့တော် Magnesia ad Maendrum ရဲ့ အားကစားကွင်းဖြစ်သည်။
တွစ်တာတွင် ရှေးဟောင်းသုတေသနနှင့် အနုပညာအဆိုအရ “မြောက်-တောင်ဝင်ရိုးပေါ်တွင် ညှိထားသော အားကစားကွင်းသည် တောင်ကုန်းနှစ်ခုကြားတွင် စိုက်ထူထားသည်။ အမြင့်ဆုံးအဆင့်သို့တက်လှမ်းရန် လှေကားငါးဆယ့်နှစ်ထပ်တက်ရမည်ဖြစ်ပြီး ကြည့်ရှုသူ ၃သောင်းဆန့်ပြီး အားကစားကွင်းဟာ ၁၈၉ မီတာရှည်တယ်။”လို့ ရေးသားထားပါတယ်။ ဓာတ်ပုံဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Alamy ဒီလင်ခ့်မှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Arttofit | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံဟာ တူရကီနိုင်ငံ Aydin မြို့မှာရှိတဲ့ ဂရိမြို့ပြနိုင်ငံခေတ်က ရှေးဟောင်း အားကစားကွင်းတစ်ခုတူးဖော်မှုမြင်ကွင်းဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ဒီဓာတ်ပုံက ရခိုင်ပြည်နယ်မြောက်ဦးမြို့က ရှေးခေတ်အားကစားကွင်း ဓာတ်ပုံလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: False