
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တစ်နေရာက KIA နဲ့ PDFတို့ဖမ်းဆီးရမိတဲ့ စစ်သားတွေဆိုပြီး အမျိုးသား ၁၄ ယောက် ဒူးထောက် လျှက်ရှေ့မှာ လက်နက်ခဲယမ်းတွေပြသထားတဲ့ဓာတ်ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ ဓာတ်ပုံဟာ ဇူလိုင် ၁၈ ရက်က မောင်တောမြို့နယ်အတွင်း တိုက်ပွဲတစ်ခုမှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကကောက်နုတ်ထားတာဖြစ်ပါတယ်။
“KIA/PDFတို့ရဲ့ လက်စွမ်း….
ခွေးများစွာ အရှင်မိ/လက်နက်ခဲယမ်း
အမြောက်အများ သိမ်းဆည်းရရှိ
ကချင်ပြည်တနေရာ
၂၁_၈_၂၂/ATM”

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာ ဓာတ်ပုံကို ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၉ ရက်က Thadinn အမည်နဲ့ဝက်ဘ်ဆိုဒ်ရဲ့ အင်္ဂလိပ်ဘာသာနဲ့ သတင်းဖော်ပြချက်မှာတွေ့ရပါတယ်။
“မောင်တောတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် နယ်ခြားစောင့်တပ်(၁၄)ဦးစာရင်းကို AA က ထုတ်ပြန်ခဲ့သည်။ စစ် အစိုးရတပ်ဖွဲ့ဝင် (၂၀) ခန့် ကျဆုံးခဲ့ကြောင်းသိရသည်။”ဆိုတဲ့သတင်းမှာ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ ရပါတယ်။ ဓာတ်ပုံထဲက ဖမ်းဆီးခံခဲ့ရသူတွေကတော့ ရဲမှူးအဆင့်ရှိ ကျော်ထွန်းအေး၊ ဒုရဲအုပ် သူရအောင်၊ ဒုတပ်ကြပ်နောင်နောင်၊ ရဲတပ်သား ဆန်းလင်းအောင်၊ ရဲတပ်သား ဇင်ကိုကိုထွန်း၊ ရဲတပ်သား ကိုကိုဦး၊ ရဲတပ်သား ဘုန်းမာန်ခ၊ ရဲတပ်သား ဝေဖြိုးဟန်၊ ရဲတပ်သား စောဝေယံဦး၊ ရဲတပ်သား အောင်လင်းဌေး၊ ရဲတပ်သား ကျော်မင်းသူ၊ ရဲတပ်သား ဟိန်းစိုးဦး၊ ရဲတပ်သား ဟန်ပိုင်စိုး၊ ရဲတပ်သား ထက်ထက်ထွန်းတို့ဖြစ်တယ်လို့ ဒီသတင်းမှာရေးသားပါတယ်။

မူရင်းလင်ခ့် – Thadinn | Archive link
ရခိုင်ပြည်နယ် မောင်တော မြို့နယ်မြောက်ပိုင်းမှာ ဇူလိုင်လ ၁၈ ရက် စစ်ကောင်စီတပ်တွေနဲ့ AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၄ ယောက် AA ရဲ့ဖမ်းစီးခြင်းခံခဲ့ရတဲ့သတင်းကို RFA Burmese သတင်းဌာနက ဇူလိုင် ၁၉ ရက်ကဖော်ပြခဲ့တာလည်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – RFA | Archive link
သုံးသပ်ချက်
၂၀၂၂ ခုနှစ် ဇူလိုင် ၁၈ ရက်က မောင်တောမြို့နယ်အတွင်း တိုက်ပွဲတစ်ခုမှာရက္ခိုင့်တပ်တော်(AA)ရဲ့ ဖမ်းဆီးခံခဲ့ ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်။

Title:Fact Check: ဒီဓာတ်ပုံက AA ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံဖြစ်တယ်
Fact Check By: Nayar MaungResult: Missing Context