
ကမ္ဘာ့ဖလားမှာ ဂျပန်နောက်တဆင့်တက်အပြီး ကာတာသန့်ရှင်းရေးသမားတွေ အောင်ပွဲခံနေပုံအဖြစ် ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သရော်ထားတဲ့ ဓာတ်ပုံဖြစ်ပါ တယ်။ ဂျပန်က ဖလားဗိုလ်စွဲမယ်လို့ရေးပန်းစားနေတဲ့နာမည်ကြီးအသင်းတွေကို အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းအပြီးမှာ ဒီသရော်စာထွက်လာခြင်းဖြစ်တယ်။ တကယ်တော့ ဓာတ်ပုံဟာအမေရိကန်အာကာသ အေဂျင်စီ(NASA)က ဝန်ထမ်းတွေ ၂၀၁၂ ခုနှစ်က အင်္ဂါဂြိုလ်ပေါ်က အာကာသယာဉ်အောင်စွာချိတ်ဆက်နိုင်အပြီး ပျော်ရွှင်စွာ အောင်ပွဲခံနေကြပုံဖြစ်ပါတယ်။
“ကာတာ သန့်ရှင်းသမားများ ဂျပန်နောက်တစ်ဆင့်တက်၍ပျော်ရွှင်နေကြပုံ”လို့ ရေးသားပြီး “SBD Sports” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
ဒီပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာ အချို့က သရော်ထားတဲ့ ဓာတ်ပုံ အဖြစ်သဘောပေါက်ကြပေမဲ့လည်း ဒီဓာတ်ပုံရဲ့အစကို မသိကြတာလည်းတွေ့ရပါတယ်။ တူညီတဲ့ ရေးသား မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၂ ခုနှစ်က ဩဂုတ် ၆ ရက်က အင်္ဂါဂြိုလ်ပေါ်က အာကာသယာဉ်နဲ့အောင်မြင်စွာချိတ်ဆက်နိုင်အပြီး အမေရိကန်အာကာသအေဂျင်စီ(NASA)က ဝန်ထမ်းတွေ ပျော်ရွှင်စွာအောင်ပွဲခံနေကြပုံဖြစ်ပါတယ်။
လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်းက ဒီဓာတ်ပုံကို အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။
“NASA ဝန်ထမ်းများသည် အင်္ဂါဂြိုဟ်ပေါ်ရောက်နေသော Curiosity နှင့် ချိတ်ဆက်မှုပြုလုပ်ပြီးနောက် ပျော်ရွှင်ဝမ်းမြောက်နေကြစဉ်။ (Brian van der Brug / Los Angeles Times)”

မူရင်းလင်ခ့် – Los Angeles Times | Archive link
အမေရိကန်အခြေစိုက် AP သတင်းအေဂျင်စီကလည်း အင်္ဂါဂြိုဟ်ပေါ်ရောက်နေတဲ့ အာဏာသယာဉ် Curiosity နှင့် ချိတ်ဆက်မှုအပြီး NASA ဝန်ထမ်းတွေ အောင်ပွဲခံနေတဲ့ ဗွီဒီယိုကို ဖော်ပြခဲ့ပါသေးတယ်။
သုံးသပ်ချက်
၂၀၁၂ ခုနှစ် ဩဂုတ် ၆ ရက်က အင်္ဂါဂြိုလ်ပေါ်က အာကာသယာဉ်အောင်မြင်စွာချိတ်ဆက်အပြီး NASA ဝန်ထမ်း တွေ ပျော်ရွှင်စွာအောင်ပွဲခံနေကြပုံဖြစ်ပါတယ်။

Title:Fact Check: ကမ္ဘာ့ဖလားမှာ ဂျပန်အသင်းရှုံးထွက်အဆင့်တက်သွားလို့ ကာတာ သန့်ရှင်းရေးတွေ အောင်ပွဲခံနေပုံလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: False