အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစခရင်ရှော့နဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။

“အကျဉ်းသား ၂ သိန်းလွတ်ပြီ

အင်းစိန်ထောင်သိမ်းခံလိုက်ရပြီ

ရန်ကုန်မြို့တစ်ဝက်နီးပါး သိမ်းခံလိုက်ရပြီ”


မူရင်းလင်ခ့် – Yotube link | Archive link

အလားတူစွာပဲ ဒီချန်နယ်က အင်းစိန်မြို့ကို PDF ဝင်စီးပြီး ရန်ကုန်တမြို့လုံးတိုက်ပွဲပြင်ထန်းနေတယ်လို့ ဇူလိုင် ၂၂ ရက်မှာ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ထိုင်းဘာသာစကားနဲ့“สล็อต_น้าลิง”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ စလော့ဂိမ်းကြော်ငြာတွေနဲ့ သတင်း‌ ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်ဟာ သတင်းခေါင်းစဉ် တုတပ်ဗွီဒီယိုတွေ ဖြန့်ချိခဲ့တဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကနေ ‌အမည်ပြောင်းလဲထား ခြင်းလည်းဖြစ်ပါတယ်။

Also read - Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းတု

အခုလည်း အင်းစိန်ထောင်သိမ်းခံလိုက်ရပြီ အကျဉ်းသား ၂ သိန်းလွတ်မြောက်သွားတယ်ဆိုတဲ့ ဗွီဒီယိုထဲမှာ ပါတဲ့အကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “တိုင်းပြည်အုပ်ချုပ်သူ ညံ့ဖျင်းချိန်၊ မင်းဆိုးမင်းယုတ်အုပ်စိုးချိန် ကာလဝိပတ္တိအချိန်တွင် စစ်ဖြစ်ပြီး ဝင်းနိမ္မိတာရုံဆရာတော်လည်း ပျံလွန်တော်မူခဲ့ရဟု ပဲခူးဆယ်မိုင်ကုန်းဆရာတော် မိန့်ကြား”ဆိုတဲ့ သတင်း၊ “ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီ ကယ်ဆယ်ရေးစခန်းမှ ပြည်သူ ၇ ဦးကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီးသတ်ဖြတ်”ဆိုတဲ့ သတင်းနဲ့ “ထိုးစစ်ရပ်နားမှာမဟုတ်ဘူးလို့ TNLA က ဗိုလ်ချုပ်တားဘုန်းကျော်ပြော”ဆိုတဲ့ သတင်းတွေကို ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။


Also read - Fact Check: အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ သတင်းတုသတင်းမှား

သုံးသပ်ချက်

အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားတယ်ဆိုတာ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ ထိုင်းဘာသာစကားနဲ့ “สล็อต_น้าลิง”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်း ခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဖြန့်ချိခဲ့တဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကနေ ‌အမည်ပြောင်းလဲ ထားခြင်းလည်းဖြစ်ပြီး စလော့ဂိမ်းတွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဆက်လက်ဖြန့်ချိပါတယ်။






Title:Fact Check: အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False



Claim Review :   အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထား
Claimed By :  Social Media Users
Fact Check :  -