Fact Check: အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ သတင်းတုသတင်းမှား

False လူမှုရေး

အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေ ထွက်ပြေးတယ်လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာ၊ ယူကျူ့(youtube)စာမျက်နှာနဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ အခြားလွတ်လပ်သော သတင်းဌာနတွေမှာ ဒီသတင်းကို မတွေ့ရပါဘူး။ 

“ပညာ ပန်း ခင်း”ဖေ့စ်ဘွတ်အသုံးပြုသူက အထက်ပါဆိုလိုရင်းပါတဲ့ ဘလော့ပို့စ်တစ်ခုကို အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၁၂ ကြိမ်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

“Myanmar Life Channel” အမည်နဲ့ youtube စာမျက်နှာမှာလည်း “အင်းစိန်ထောင် လောင်ပြီ ထောင်သားတွေ ထွက်ပြေး”လို့ ရေးသားပြီး ဇူလိုင် ၂၃ ရက်က ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီဗွီဒီယိုကို တစ်ရက်အတွင်း ကြည့်ရှု့သူ ၁ သိန်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် –  Youtube linkArchive link 

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့ စကားလုံးအချို့ကို အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ အခြား လွတ်လပ်သော သတင်းဌာနတွေမှာ အင်းစိန်ထောင်မီးလောင်တဲ့သတင်းကို မတွေ့ရပါဘူး။ Fact Crescendo အနေနဲ့ သီးခြားစုံစမ်းမှုတွေအရလည်း အင်းစိန်ထောင်မှာ မီးလောင်တယ်ဆိုတဲ့ ဖြစ်စဉ် ဇူလိုင် ၂၃ ရက်က ဖြစ်ပေါ်ခဲ့ခြင်းမရှိပါဘူး။ သို့သော်လည်း ဇူလိုင် ၂၃ ရက် မနက်ပိုင်းမှာ ထောင်အတွင်းမှာ ကိုဗစ်ရောဂါကူး စက်ပျံ့နှံ့မှုများပြားလာပြီး ဆေးကုသခွင့်မရခြင်းနဲ့ ထောင်ဝင်စာတွေ့ခွင့်မရခြင်း၊ ရာဇဝတ်မှုအပါအဝင် စစ်အာဏာသိမ်းမှုမတိုင်ခင်က ပစ်မှုကျူးလွန်သူတွေကို လွတ်ပေးခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ တွေကိုချန်လှပ်ခဲ့တဲ့အကြောင်း တွေကြောင့် အင်းစိန်ထောင်ထဲမှာ ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ရှူ့ပါ။

ထို့အပြင် ဒီလိုထောင်ထဲက ဆန္ဒပြတဲ့ဖြစ်စဉ်ကို ဒီမိုကရေစီနိုင်ငံကြီးတွေက မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေက သတိပြုမိပြီး စောင့်ကြည့် နေကြောင်း၊ ဒီအခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းရန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါ အဝင် လူ့အခွင့်အရေးများကို လေးစားလိုက်နာ သက်ဆိုင်ရာ အာဏာပိုင်များကို တိုက်တွန်းတယ်လို့ ထုတ်ပြန် ချက် ထုတ်ပြန်ခဲ့တာလည်းတွေ့ရပါတယ်။

https://www.facebook.com/usembassy.rangoon/posts/4149627065119081

မူရင်းလင်ခ့် – U.S Embassy YangonArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ အင်းစိန်ထောင်မီးလောင်တယ်ဆိုတဲ့အထောက်အထားတစ်စုံတစ်ရာမတွေ့ရပါဘူး။

Avatar

Title:အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ သတင်းတုသတင်းမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *