
နိုင်ငံတကာသိအောင်ဖြန့်ဖို့လိုနေတဲ့ မင်းတပ်မြို့ကို ပစ်ခတ်တိုက်ခိုက်နေတဲ့ဓာတ်ပုံတွေအဖြစ် ရဟတ်ယာဉ်တွေ ပျံ့ဝဲနေပုံ၊ မြေပြင်မှာ မီးလောင်နေပုံ၊ တောအုပ်တစ်နေရာမှာ လူတွေရောက်နေပုံတွေပါဝင်တဲ့ ဓာတ်ပုံ ၅ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။
သို့သော်လည်း ဓာတ်ပုံအချို့ဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်ပြီး ဓာတ်ပုံတွေဟာ မင်းတပ်မြို့နယ်မှာ စစ်တပ်ထိုးစစ်ဆင်မှုနဲ့လည်းသက်ဆိုင်ခြင်းမရှိပါဘူး။
“Thein Htun” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက စက်တင်ဘာ ၁၃ ရက်မှာ အောက်ပါအတိုင်း ရေးသား မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ် အရေအတွက် ၁ ထောင် ၃ ရာရှိပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။
မူရင်းလင်ခ့် – Fb link | Archive link
Google မှာ ပုံရှာနည်း အသုံးပြုပြီး တောတွင်းတစ်နေရာမှာ လူအုပ်စုဓာတ်ပုံဟာ မတ် ၃၀ ရက် ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာ ဒီလင့်ခ်မှာတွေ့ရပါတယ်။
မူရင်းလင်ခ့် – ပုံဆွေပင်သားများ | Archive link
ဒုတိယမြောက်ဓာတ်ပုံဖြစ်တဲ့ တောင်ကုန်းပေါ်မှာ တိုက်တာအဆောက်အဦးနဲ့ ဘာသာရေးအဆောက်အဦးပုံတွေ ဓာတ်ပုံကိုလည်း Google မှာပုံရှာနည်းနဲ့ ရှာဖွေကြည့်ရာမှာ မင်းတပ်မြို့ပုံဖြစ်တာတွေ့ရပါတယ်။
တတိယမြောက်ပုံဖြစ်တဲ့ မြေပြင်က လူများနဲ့အနီးကပ်ပျံ့ဝဲသွားတဲ့ရဟတ်ယာဉ်ပုံကိုလည်း မတ်လ ၂၉ ရက်က twitter အကောင့်တစ်ခုဖြစ်တဲ့ @007mee မှာတင်ထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Meesun | Archive link
စတုတ္ထမြောက်ဓာတ်ပုံကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၁၊၂၁ နဲ့ ၂၃ရက်တိုက်ပွဲထုတ်ပြန်ချက်အခြေအနေအဖြစ် အောက်တိုဘာ၂၄ ရက်က ရခိုင်တပ်မတော် (AA) ရဲ့ ဝက်ဘ်ဆိုက် ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Arakan Army | Archive link
ပဉ္စမပုံဟာ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်ကနေ ၃ ရက်အထိ ဧရာဝတီတိုင်းဒေသကြီးမှာပြုလုပ်ခဲ့တဲ့ “ဆင်ဖြုရှင်”အမည်နဲ့ စစ်ရေးလေ့ကျင့်မှုက မှတ်တမ်း ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Khaosod| Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မင်းတပ်မြို့နယ်မှာ ထိုးစစ်ဆင်မှုအဖြစ် မျှဝေနေတဲ့ ဓာတ်ပုံတွေဟာ မင်းတပ်မြို့နဲ့သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံဟောင်းတွေကို မျှဝေနေခြင်းဖြစ်ပါတယ်။

Title:မင်းတပ်ကို ထိုးစစ်ဆင်မှုအဖြစ်ဖော်ပြနေတဲ့ ဒီဓာတ်ပုံတွေက မင်းတပ်နဲ့ သက်ဆိုင်ခြင်းမရှိပါ
Fact Check By: Nayar MaungResult: Missing Context