
ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေကြောင်း စုံစမ်းဖော်ထုတ်ထားတဲ့ ဗွီဒီယိုဆိုပြီးတော့ ပို့စ်တစ်ခုယူကျူ့နဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။
တကယ်တော့ ဒီဗွီဒီယိုဟာ RFA သတင်းဌာနက ရေးသားခဲ့တဲ့ “ငွေကြေးအလွဲသုံးစွဲမှု မရှိဟု NUG နိုင်ငံခြားရေး ဝန်ကြီး ပြောကြား”ဆိုတဲ့ ဗွီဒီယိုကိုအသုံးပြုပြီး သတင်းမှားဖြန့်ဝေခြင်းဖြစ်တာတွေ့ရပါတယ်။
“ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေ Shaping Myanmar 10.2.2022 RFA ခင်မောင်စိုးမှ PDF လူငယ်လေးများ ကျည်ဆံမရှိ၊ ရိက္ခာနဲ့ ဆေးဝါး မရှိချိန်မှာ၊ NUG ဝန်ကြီးများရဲ့ ဒေါ်လာ ငွေအလွဲ သုံးစားမှုသတင်းများ ထွက်ပေါ်လာနေတာကို စုံစမ်းဖော်ထုတ် ထားပါတယ်။” လို့ ရေးသားပြီး ၅ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုကို အောက်ပါအတိုင်း “BB Channel”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အလားတူစွာပဲ ဖေ့စ်ဘွတ်မှာလည်း “PP Channel News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေခဲ့တာကိုလည်း အောက်ပါအတိုင်းတွေ့ ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
BB Channel ယူကျူ့ချန်နယ်ပါ ဗွီဒီယိုပါအချက်အလက်တွေကို စိစစ်ကြည့်ရာမှာ RFA Burmese ရဲ့ဖေ့စ်ဘွတ်နဲ့ ယူကျူ့စာမျက်နှာတွေမှာ ဖေဖော်ဝါရီ ၁၀ ရက်က ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ကို ပုံစံပြောင်းပြီး ဖော်ပြနေခြင်း ဖြစ်တာတွေ့ရပါတယ်။ NUG ကပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဟာ မဲဆောက်မှာ ဘတ် ၅၀၀၀၀ တန်အိမ်ငှားနေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို screenshot ရိုက်ပြီး ဗွီဒီယိုပြန်လည် ပြုလုပ်ကာ အသံဖိုင်နေရာမှာ RFA Burmese မှာဖော်ပြခဲ့တဲ့ ဗွီဒီယိုထဲကအတိုင်းပဲ အသံဖိုင်ကို ပြန်လည်ယူသုံးထားတာတွေ့ရပါတယ်။
RFA Burmese က သတင်းဗွီဒီယိုပါခေါင်းစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
“ငွေကြေးအလွဲသုံးစွဲမှု မရှိဟု NUG နိုင်ငံခြားရေးဝန်ကြီးပြောကြား”
■ NUG အစိုးရခေါင်းဆောင်တဦး ငွေကြေးအလွဲသုံးစားမှုရှိတယ်ဆိုပြီး ရှင်းလင်းဖို့ စွပ်စွဲပြောဆိုချက်တချို့ ဒီရက်ပိုင်းအတွင်း လူမှုမီဒီယာတွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။ NUG ခေါင်းဆောင်ပိုင်းကတော့ အဲဒီ စွပ်စွဲမှုတွေဟာ အခြေအမြစ် ကင်းမဲ့ပြီး မိမိတို့အဖွဲ့အစည်းမှာ ပြည်သူလူထုထံက ရရှိငွေတွေကို လေလွင့်မှုမရှိအောင် စည်းကမ်းတွေ ချမှတ်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
မူရင်းလင်ခ့် – RFA Burmese | Archive link
ထို့အတူ PP Channel News ကပြန်လည်ရေးသားထားတဲ့ သတင်းခေါင်းစဉ်နဲ့ မူလက RFA Burmese မှာဖော်ပြခဲ့တဲ့သတင်းကို အောက်ပါအတိုင်းယှဉ်ကြည့်လို့ရပါတယ်။

သုံးသပ်ချက်
RFA သတင်းဌာနကဖော်ပြပြီးဖြစ်တဲ့ သတင်းဗွီဒီယိုကို ပုံးမှားရိုက် ပုံစံပြောင်းပြီး ဆန့်ကျင်ဘက် အဓိပ္ပာယ်ဖြစ်အောင်ရေး သားဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေကြောင်း RFA Burmese ကရေးသားလို့ သတင်းမှားဖြန့်
Fact Check By: Zun ZeeResult: False