Fact Check: ထိုင်ခုံတွေနဲ့အောက်ဆီဂျင်ပေးထားရတဲ့လူနာတွေဟာ ရန်ကုန် ဆေးရုံကြီးကCOVID-19 အတည်ပြုလူနာတွေမဟုတ်ပါ

ရန်ကုန်ဆေးရုံကြီးမှာ COVID-19 လူနာတွေကို ထိုင်ခုံတွေနဲ့ကုသနေရတယ်ဆိုတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ လူနာတစ်ချို့ဟာ လျှောက်လမ်းတစ်ခုရဲ့ တစ်ဖက်တစ်ချပ်စီမှာ ထိုင်ခုံတစ်လုံးစီနဲ့ အောက်စီဂျင် အိုးတွေပေးထားရတဲ့ ဓာတ်ပုံလည်းပါဝင်ပြီး ရေးသားမျှဝေထားတဲ့ စာသားတွေမှာ ရန်ကုန်ဆေးရုံကြီးကဖြစ်တယ်၊ COVID-19 လူနာတွေကို အခုလိုကုသတယ်ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံပို့စ်ထဲမှာပါတဲ့ လူနာတွေဟာ COVID-19 အတည်ပြုလူနာတွေမဟုတ်သလို နေရာဟာ လည်း ရန်ကုန်ဆေးရုံကြီးမှာမဟုတ်ဘဲ မြောက်ဉက္ကလာပဆေးရုံမှာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ “ဘိုနေ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဖျားသွားမယ်ဝန်ကြီး ပြောတဲ့  …ပြင်ထားတာ လာကြည့်လိုက် ဖျားသွားမယ် ဆိုတဲ့…အရေးပေါ် အထူးကုသဆောင် (YGH-ICU)”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။    မူရင်းလင်ခ့် – Fb link  |  Archive link လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာနားလည်းမှုလွဲစေနိုင်တဲ့ အရေးသားနဲ့“တကယ့်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းတဲ့ […]

Continue Reading

Fact Check: NLDကို အားပေးသင့်တယ်လို့ ဦးစိုင်းညွန့်လွင်ပြောခဲ့သလား

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLDပါတီရဲ့ ဒုတိယဥက္ကဌဖြစ်သူဦးစိုင်းညွန့်လွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကို အားပေးသင့်တယ်လို့ ပြောဆိုခဲ့တယ်ဆိုတဲ့ ပို့စ်ဟာ လူမှုကွန်ယက်အသုံးပြုသူများအကြားပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ကဲ စပြီးနော်ငါတို့တောင်ပေါ်သားတွေကနေပြီးအမေ့ဖက်မှာစပြီးရပ်တည်လိုက်ပြီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကတော့NLDပါတီဘက်ကအတိအလင်းရပ်တည်ပြီ”လို့ ခေါင်စဉ်တပ်ထားပြီး “တစ်ခုက NLD အစိုးရဖြစ်မယ်ဆိုတော့ ကျနော်တို့က အတိုက်အခံလုပ်ဖို့ ခက်မယ်လေ။ အရင် ပြည်ခိုင်ဖြိုးအစိုးရ ဆိုရင်တော့ အတိုက်အခံလုပ်ရတာပြဿနာမရှိဘူး။ နောက်ပြီးတော့ ပြည်နယ်ကိစ္စ ထားလိုက်ဦး ပြည်ထောင်စုမှာက ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် NLD ကို အားပေးသင့်တယ်လို့ ထင်တယ်…”စသဖြင့် ရေးသားထားတာတွေကို ဦးစိုင်းညွန့်လွင်ပြောခဲ့သလို ရေးသားမျှဝေနေကြတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link | Archive link အချက်အလက်စိစစ်ချက်  ဒီပို့စ်နဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLDပါတီရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ NLDပါတီကို အားပေးသင့်တယ်လို့ အဓိပ္ပာယ်ရတဲ့ စကားစာသားတွေကို ရေးသား ပြောကြားထားတာမတွေ့ပါဘူး။ ဒါပေမဲ့ […]

Continue Reading

Fact Check: COVID-19 ဟာ ဗက်တီးရီးယားနဲ့ 5G နည်းပညာကြောင့်ဖြစ်တယ် ဆိုတာမဟုတ်ပါ

COVID-19 ဟာ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ဒီရောဂါနဲ့သေဆုံးတဲ့ဆိုတဲ့သူတွေဟာ 5G နည်းပညာကတစ်ဆင့်ကူးစက်မှုဖြစ်ရတယ်ဆိုတဲ့ပို့စ် လူမှုကွန်ယက် အသုံးပြုသူတွေအကြား ဖြန့်ဝေ နေတာတွေ့ရပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19  နဲ့သေရင် ရင်ခွဲစစ်ဆေးခွင့်မပေးဘူး၊ အီတလီ ဆရာဝန်တွေက COVID-19 ကြောင့်သေဆုံးရတဲ့ အလောင်းတွေကို ခွဲစိပ်ကြည့်ရာကနေ ဗိုင်းရပ်စ်ပိုး မတွေ့ရဘဲ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဆိုပြီးတွေ့ရတယ်၊ 5G ဓာတ်ရောင်ကြောင့် သေဆုံးမှု ကြောင့်သေဆုံးရတာဖြစ်တယ်၊ ဆေးပေးတဲ့အခါမှာ ရောဂါဖြစ်တဲ့သူတွေကို ပဋိဇီဝဆေးနဲ့ အကိုက်အခဲပျောက် ဆေးပေးရတယ်ဆိုပြီးရေးသားထားပါတယ်။ ဒီပို့စ်ပါအချက်တွေဟာ မှားယွင်းတဲ့အချက်အလက်တွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ “Ko Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီပို့စ်ကို“ဝူဟန်/ကိုရိုနာဗိုင်းရပ်စ်COVID-19 ရောဂါအကြောင်း သိကောင်း စရာများ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၅ […]

Continue Reading