Fact Check: သံဖြူဇရပ် မိန်ဗလာတောင်က ရတနာသိုက်က ရှာဖွေတွေ့ရှိတဲ့ ရတနာတွေလား- မဟုတ်ပါ

သံဖြူဇရပ်မြို့နယ် မိန်ဗလာတောင်က ဂျပန်ရတနာသိုက်တွေ့ရှိတယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ သံဖြူဇရပ် မိန်ဗလာတောင်မှာ တွေ့ရတဲ့ ရတနာသိုက်က ရွှေချောင်းတွေ အဖြစ်ဓာတ်ပုံ ၆ ပုံနှင့်အတူ လှိုင်ခေါင်းထဲ ဝင်ရောက်နေပုံနဲ့ ကုမ္ပဏီတစ်ခုက ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ပုံတွေပါဝင်ပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ တူရကီနဲ့ ဖိလစ်ပိုင်နိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး မျှဝေထားတာတွေ့ရပြီး သံဖြူဇရပ်မှာ အခုလိုရွှေချောင်းတွေ တွေ့ရ တယ်ဆိုတာ မဟုတ်ဘူးလို့ သံဖြူဇရပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က Fact Crescendo Myanmar ကိုအတည်ပြုပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “သံဖြူဇရပ် […]

Continue Reading

Fact Check: NLDက သမ္မတအဖြစ်တင်မြှောက်မဲ့ ဒေါက်တာတင်မျိုးဝင်းဟာ မွတ်ဆလင်ဘာသာဝင် ဖြစ်တယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက သမ္မတအသစ်အဖြစ်တင်မြှောက်မဲ့ ဒေါက်တာတင်မျိုးဝင်းဟာ မွတ်ဆလင်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး မွတ်ဆလင်ဆေးရုံအုပ်ကြီးလည်းဖြစ်တယ်ဆိုတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ Screenshotရိုက်ထားတဲ့ ပုံအတွင်းမှာ “သမ္မတအဖြစ် လျာထားခံရတဲ့ ဒေါက်တာတင်မျိူးဝင်း၊ ဆေးတက္ကသိုလ် ၁ ကနေဘွဲ့ရရှိပြီး အသက် ၇၀ ဖြစ်ပါတယ်။ မွတ်စလင်ဆေးရုံးရဲ့ ဆေးရုံအုပ်ဖြစ်ပါတယ်”လို့ ရေးသားထားတဲ့ စာပြီး ဒီScreenshotရဲ့ အညွှန်းကိုတော့ “ထိုင်းနိုင်ငံကာချုပ်နေရာထိ မွတ်တေ ထိုးဖေါက်နေရာယူခဲ့တယ်၊ ထိုင်းဗုဒ္ဓဘုရင်ကို နန်းချမယ်အော်ဟစ်ခါ၊ မွတ်ဘာသာဝင်ကူးပြောင်းဖို့ အစီစဉ်ဆွဲခဲ့တယ်၊ ခုတော့ ထိုင်းနိုင်ငံခမျာ ဘုရင်ကမွတ်၊ ကာချုပ်ကမွတ် လာမဲ့မျိုးဆက်သစ် မွတ်ဘုရင်အကူးပြောင်းမှာ တူရဂီက အာတိုဂန်လို အခြားဘာသာဝင်များ မွတ်ဘာသာကူးပြောင်းရန်အမိန့်ထုတ်၊ မကူးလျှင် 1962အင်ဒိုနီးရှားလို နနံနက်6နာရီ ကြေကွဲစရာအဖြစ်မျိုး ကြုံလာရမှာဧကန်ပါ၊ အရှေ့တောင်အာရှမှာ မြင်နေရတဲ့သာဓတေရှိပါလျှက်၊ မြန်မာတေဇွတ်မိုက်ကြမယ်၊ ထိမ်းသိမ်းကြရမဲ့သူတေလဲ တာဝန်မကြေဘူးဆိုရင် လာမဲ့မြန်မာ့အနာဂ […]

Continue Reading

Fact Check: အစိုးရမဖွဲ့ဖို့ လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးအမိန့်ပေးတယ်လို့ သတင်းတုသတင်းမှားဖြန့်

အစိုးရမဖွဲ့ဖို့၊လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က အမိန့်ထုတ်တယ်ဆိုပြီး လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပြီး ကာကွယ်ရေးဦးစီးချူပ်ရုံး (ကြည်း)က အမိန့်အမှတ် ၅/၂၀၂၁ နဲ့ စာထုတ်လိုက်ပြီး အစိုးရဖွဲ့ ခွင့်မပြုကြောင်းနဲ့ လွှတ်တော်ခေါ်တာခွင့်မပြုကြောင်းရေးသားထားပါတယ်။  ဒီလိုရေးသားမျှဝေနေတာဟာ အတုဖြစ်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ထုတ်ပြန်ထားခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဉက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုထားတာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း ———————————————————— ၁၅ . ၁ . ၂၀၂၁  ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း) 10 း 00 AM  အကြောင်းအရာ ။      ။ ၂၀၂၀ […]

Continue Reading

Fact Check: ထိုင်းဘုရင်မူဆလင်ဘာသာကို ကူးပြောင်းလိုက်ရတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းဘုရင်ကြီး မူဆလင်ဘာသာကိုကူးပြောင်းလိုက်တယ်ဆိုတဲ့ ရေးသားချက်နဲ့အတူ ဘာသာရေးဆရာတစ်ဦးမှ ရွတ်ဖတ်နေတဲ့ ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်နဲ့အတူ “ထိုင်းတပ်မတော်ထဲကို မွတ်တို့ ဗုဒ္ဓဘာသာဟန်ဆောင်ဝင်လာခဲ့တယ်၊ ကာချုပ်အဆင့်ရောက်တော့မှ မွတ်ဆိုတာကိုယ်ထင်ပြတယ် ဘာမှမတတ်နိုင်၊ ထိုင်းမှာ မွတ်အင်အားကြီးထွားလာ၊ ဗုဒ္ဓဘာသာချိုးနှိမ်ကျော်တက်လာ၊ နောက်ဆုံးဗုဒ္ဓကိုးကွယ်ဘုရင်ကြီးကိုဖြုတ်ချ မွတ်နိုင်ငံထူထောင်ဖို့ အထိဂရုံးတေဖြစ်၊ ကာချုပ်က မွတ်တေဘက်က အဲတော့ဘုရင်ကြီး မွတ်ဘာသာပြောင်းမလား၊ နန်းချခံမလား၊ အဲတော့ ထိုင်းဗုဒ္ဓဘာသာဘုရင်ကြီး ထီးနန်းထိမ်းသိမ်းဖို့ မွတ်ဆလင်ဘာသာကူးပြောင်းလိုက်ရရှာ၊ ဤတွင် ထိုင်းဗုဒ္ဓနိုင်ငံ အစ္စလမ်နိုင်ငံအဖြစ်ကူးပြောင်း. ဗုဒ္ဓခံတပ်ပြိုလေသတည်း၊ ျမန္မာတို့ဘယ္လဲဘာလဲ”လို့ အညွှန်းတပ်ထားတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အခုလိုရေးသားထားတဲ့ဗွီဒီယိုဖိုင်ကို Googleမှာ InVIDဆော့လ်ဝဲနဲ့ အချက်အလက်စစ်ဆေးရာမှာတော့ ဒီဗွီဒီယိုင်ဖိုင်ဟာ Youtubeချန်နယ်တစ်ခုဖြစ်တဲ့ THAITV2 က ထိုင်းဘုရင်နဲ့ မိဖုရားတို့ သဘာပတိ အဖြစ်တက်ရောက်ချီးမြှင့်တဲ့ […]

Continue Reading

Fact Check: ၂၀၁၈ ခုနှစ်က တပ်မတော်ထောက်ခံပွဲက Facebook ကို ရှုတ်ချတဲ့ ဆန္ဒပြဆိုင်းဘုတ်ကို လက်ရှိအဖြစ်အပျက်သဖွယ် မျှဝေနေ

ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေး စွက်ဖက်တဲ့အတွက် ဖေ့စ်ဘွတ်(Facebook)ကို ဆန္ဒပြရှုတ်ချတယ်လို့ ရေးသား မျှဝေထားတဲ့ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ မဲရုံမှူးဆရာ ဆရာမ ကိစ္စ၊ UEC ကိစ္စ၊ အကြည်တော်ကိစ္စတွေအပြီးမှာ ဖေ့စ်ဘွတ်ကို ဆန္ဒပြနေ ကြပြီးလို့ ရေးသားမျှဝေထားတာဖြစ်ပြီး အမျိုးသားအချို့က “မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်”လို့ စာတန်းနဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ ဓာတ်ပုံတစ်ခုလည်း ပါဝင်ပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ သို့သော်လည်း“မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်”ဆိုတဲ့ ဆိုင်းဘုတ် ဟာ ၂၀၁၈ ခုနှစ်က တပ်မတော်ထောက်ခံပွဲတွေမှာ ဆန္ဒပြသူတွေ  ကိုင်ဆောင်ခဲ့တဲ့ ဆိုင်းဘုတ်တွေ […]

Continue Reading

Fact Check: အမေရိကန်မှာရွေးကောက်ပွဲအရာရှိအဖမ်းခံရတယ်ဆိုပြီး မျှဝေနေ တဲ့ သတင်းမှား

အ​မေရိကန်မှာ ရွေးကောက်ပွဲအရာရှိတစ်ဦးအဖမ်းခံရတယ်လို့ အမျိုးသမီးတစ်ယောက်ဓာတ်ပုံနှင့်အတူ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းဝန်းကျင်က ပြန်လည်မျှထားပါတယ်။ အမျိုးသမီးတစ်ဦးကို ရဲတွေက ကားတခါးဖွင့်ပေးနေဟန်ဓာတ်ပုံနှင့်အတူ “အမေရိကန်မှာတော့ ဖမ်းပြီ” ဆိုပြီး တော့ မဲခိုးခဲ့တဲ့ ရွေးကောက်ပွဲအရာရှိ အဖမ်းခံရတယ်လို့ မျှဝေနေတာဖြစ်ပါတယ်။ “အမေရိကန်မှာတော့ ဖမ်းပြီ ================ အမေရိကန်နဲ့မြန်မာပြည်နဲ့ တူညီချက်က မဲခိုးမှုပဲ ဘယ်သူတွေက ခိုးလဲဆိုတော့ ရွေးကောက်ပွဲအရာရှိကခိုးတာ။ ဒါကြောင့် ရွေးကောက်ပွဲအရာရှိကို ဖမ်းတာ။ ဒုတိယအကြိမ်လွှတ်တော် မခေါ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာ။ ဒါကြောင့် ဥပဒေနဲ့အညီ ဆက်လုပ်မယ်လို့ တပ်မတော်က ပြောပြီ။ USDP ကလည်း ဒီနေ့ အလံတင်ပွဲတွေ စတင်ဆောင်ရွက်နေပြီ။ နောက်ထပ် ဘာအစီအစဉ်လာမလဲ ဆိုတာတော့ မမှန်းနိုင်သေးဘူး။ နေပြည်တော်ကို ချီတက်ပြီး အစာငတ်ခံ ဆန္ဒပြတာတွေများ လုပ်ကြမလား မသိဘူး။ မိုက်ကယ်ကျော်မြင့်နဲ့ […]

Continue Reading

Fact check: ဒေါက်တာနန္ဒလှမြင့်က ဦးဇော်ဌေးကို တရားစွဲမယ်ဆိုတဲ့ သတင်းအမှား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကို တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပို့စ်အပြည့်အစုံမှာ “#ဦးဇော်ဌေးအားအရေးယူမည်ဟုသိရ သမ္မတဦးဝင်းမြင့်နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့သည် ရွေးကောက်ပွဲတွင် ဥပဒေမဲ့လုပ်ရပ်များရှိခဲ့သည်ဟုဆိုကာ အတိုက်အခံပါတီများက စာချွန်တော်လျှောက်ထားမှုအပေါ် ဥပဒေနှင့်ညီခြင်း၊ မညီခြင်းကို တရားလွှတ်တော်ချုပ်မှ ဆုံးဖြတ်ရမည်ဖြစ်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ တာဝန်မဟုတ်ကြောင်း ထို့ပြင် ပြောရန်မသင့်တဲ့ ဥပဒေမဲ့စကားများကို ပြောကြားခဲ့သည့်အတွက် ဦးဇော်ဋ္ဌေးအား အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။ Nay Thurain It is learned that action will be taken against # Zaw Htay President Win Myint and Election Commission Chairman […]

Continue Reading

Fact Check: ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားလေယာဉ်ပျက် ကျမှု မှတ်တမ်းကို အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုအဖြစ်မျှဝေနေ

လေယာဉ်စီးခရီသည်တစ်ဦးက လေယာဉ်ရေထဲပျက်ကျစဉ်မှာ ရိုက်ထားတဲ့ ဗွီဒီယိုတစ်ခုကို အင်ဒိုနီးရှား လေယာဉ် ပျက်မှုအဖြစ်လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ၂ မိနစ်နဲ့ ၃၀ စက္ကန့်ရှည်လျားတဲ့  ဒီဗွီဒီယိုမှာ လေယာဉ်ရေထဲပျက်ကျသွားတာကို လေယာဉ်ပေါ်မှာ လိုက်ပါလာ တဲ့သူက မှတ်တမ်းရိုက်ကူးထားထားတာလည်းပါဝင်ပြီး လေယာဉ်ပေါ်ပါလာသူ အသက်ရှင်ကျန်ရစ်သူ က ပြန်ပြောနေတဲ့ အပိုင်းလည်းပါဝင်ပါတယ်။  ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ ဒီဗွီဒီယိုဟာ တကယ်တမ်း အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုမှတ်တမ်းမဟုတ်ဘဲ ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားခရီးသည်တင်လေယာဉ်ပျက်ကျစဉ်က ဗွီဒီယိုသာဖြစ်ပါတယ်။ “အင်ဒိုနီးရှား လေယာဥ်မှူးရေထဲကိုအညင်သာဆုံးဆင်းတာပဲ လေယဥ်ပေါ်ပါခရီးသည်ရိုက်ထားတဲ့ video file လူသားချင်းစာနာသနားမိပါတယ် M. T. A. Crd”လို့ ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့်ကို တရားစွဲလို့ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်တာလား- မဟုတ်ပါ

၂၀၂၀ရွေးကောက်ပွဲမှာ မဲမသမာမှုတွေပြုလုပ်တာကြောင့် နိုင်ငံတော်သမ္မတဦးဝင်မြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြည်ထောင်စုတရားလွှတ်တော်ရုံးက ဇန်နဝါရီလ ၂၅ရက်နေ့မှာ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်ထားတယ်ဆိုပြီး RFM (Radio Free Myanmar)တံဆိပ်နဲ့ ရေးသားထားတာကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ကူးယူတာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “သမ္မတဝင်းမြင့်ပထမဆုံးသူခိုးအဖြစ်သမိုင်းဝင်ပြီ”လို့ ခေါင်းစဉ်တပ်ထားကာ RFM (Radio Free Myanmar)တံဆိပ်နဲ့ရေးသားထားတာကို ယခုလိုပြန်ရေးသားထားပါတယ်။ “၂၀၂၀ ရွေးကောက်ပွဲတွင် မဲများကို ပက်ပက်စက်စက်ခိုးမှု့များ ပေါ်ပေါက်၍ ၎င်းခိုးမှု့အတွက် အဓိကတရားခံများဖြစ်သောသူခိုးများကို ပြည်ထောင်စု တရားလွှတ်တော်ရုံးက အမှု့ဆင့်ခေါ်စာထုတ်ပြန်၍ ၂၅-၁-၂၀၂၀ နေ့တွင် Zoom meeting မှ တဆင့်အမှု့ရင်ဆိုင်ဖို့ ဆင့်ခေါ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် သမ္မတဝင်းမြင့်နှင့်အဖွဲ့သည် မြန်မာ့သမိုင်းတွင် ပထမဆုံးသူခိုးအဖြစ် သမိုင်းဝင်ပြီဖြစ်သည်။ “မဲခိုးတယ်ဆိုတာကို လူတွေကပေါ့ပေါ့လေးနားလည်တဲ့သဘောရှိနေတယ်။ တကယ်က မဲခိုးတယ်ဆိုတာက နိုင်ငံသားတွေရဲ့အနာဂါတ်ကိုခိုးတာလေ၊ ကိုယ့်ကိုမထောက်ခံဘဲ […]

Continue Reading

Fact Check: မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်တဲ့ မြန်မာနိုင်ငံမှာတွေ့ရတဲ့ “ငေါင်း”ပုံအဖြစ်မျှဝေနေတဲ့ပုံအမှား

မြန်မာနိုင်ငံ ကရင်ပြည်နယ်မှာ တွေ့ရတဲ့ “ငေါင်း”လို့ခေါ်တဲ့ သတ္တဝါအဖြစ် လူတစ်ယောက်ရွှံ့နွံလူးထားဟန်နှင့် သဏ္ဌာန်တူ ဓာတ်ပုံအချို့နှင့်အတူ ဖေ့စ်ဘွတ်နဲ့ ယူကျူချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ  ရေညှိနဲ့ရွှံ့နွံအသုံးပြုပြီး ပြင်သစ်အနုပညာရှင် တစ်ဦးဖန်တီးထားတဲ့ အနုပညာ လက်ရာတွေဖြစ်ပါတယ်။  “ကရင်ပြည်နယ်မှာ​တွေ့လိုက်ရတဲ့ မျိုးသုန်း​ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ “​ငေါင်း”လို့ရေးသားပြီး “Today MM”အမည်နဲ့ ယူကျူချန်နယ်က မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  |  Archive link ထို့အပြင် “ဒီကနေ့ပဲ ကမ်မ္ဘောဒီးယား Page တစ်ခုကနေ ပြန့်လာတာခပ်ဆန်းဆန်းလူလိုလိုသရဲလိုလိုနဲ့ သတ္တဝါတစ်ကောင်ပုံကို တော်တော်များများက ဘာကောင်းလဲသိချင်ကြပြီး၊ တစ်ချို့ကတော့ သစ်သားကိုထွင်း ထုထားတာလို့ဆိုကြပါတယ်။ တကယ်တော့ဒီသတ္တဝါဟာ မျိုးတုန်းလုနီးပါး ပျောက်ကွယ်နေသော ငေါင်းဆိုတော့ သတ္တဝါသာဖြစ်ပါတယ်။ ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်ပြီး၊ ယခုအခါမှာတော့ မရှိသလောက်ကိုရှားသွားပြီဖြစ်ပါတယ်။ လူတော်တော်များများက […]

Continue Reading