Fact Check: KNLA က ဗုဒ္ဓဘာသာရွာတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းတုသတင်းမှား

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ဗုဒ္ဓဘာသာရွာတွေကို မီးရှို့နေတဲ့ ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျှက်ရှိပါတယ်။ မျှဝေထားတဲ့ ဗွီဒီယိုမှာ ပျောက်ကျားဝတ်စုံဝတ် လက်နက်ကိုင် အချို့က တောတွင်းတစ်နေရာက တဲအိမ်တွေကို မီးရှို့နေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်တပ်စွန့်ခွာသွားတဲ့ ခုတ်ခွားစခန်းကို မီးရှို့ဖျက်စီးမှု ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ “KNLAတပ်မဟာ5နယ်မြေရှိ ထေရဝါဒကိုးကွယ်သူရွာများ စာသင်ကျောင်းများကို GZများPDFများKNLAမှအကြမ်းဖက်များမီးရှို့ဖျက်ဆီး”လို့ရေးသားပြီး “ဇာတိမာန်” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၅၀၀ ဝန်းကျင်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link တူညီစွာမျှဝေထားတဲ့ ဗွီဒီယိုတွေထဲက ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာမျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာမြင်တွေ့ရတဲ့ မြင်ကွင်းတွေအရ ရွာဟုတ်မဟုတ်၊ […]

Continue Reading

Fact Check: တူရကီတောမီးလောင်မှု ဗွီဒီယိုကို KNLA တပ်မဟာ ၆ မှာဖြစ်ပွားနေတဲ့ အခြေအနေအဖြစ်သတင်းမှားဖြန့်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ ၆ မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေလို့ ရေးသားထားတဲ့ ဗွီဒီယို သတင်းမှားတစ်ခုကို ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီဗွီဒီယိုဟာ ဇူလိုင်လအတွင်းက တူရကီနိုင်ငံမှာ တောမီးလောင်မှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရပါတယ်။ “တပ်မဟာ ၆ အခြေအနေပါ။ ဒါ့ထက်ဆိုးတာတွေ ရှိသေးတယ်။ထပ်တင်ပေးမယ်။ စစ်ဆိုတာ အာ့လိုပဲ ကြည့်ထား။”လို့ရေးသားပြီး “Воздушный” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် တပ်မဟာ ၆ အခြေအနေလို့ ရေးသားမျှဝေထားတဲ့ ပို့စ်အောက်မှာ အသံဟာ ကရင်သံမဟုတ်ဘူး၊ တောမီးလောင် တာလို့ မှတ်ချက်ပြုထားတာတွေလည်းတွေ့ရပြီး အများအပြားက […]

Continue Reading

Fact Check: USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မန္တလေး PDF တွေကို တောင်းပန်တဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(PDF)တွေကို တောင်းပန်တဲ့စာဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်တွေမှာ “ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးသိန်းထွန်းဦးမှ မန္တလေး PDF များအားမေတ္တာရပ်ခံတောင်းပန်ကြောင်း လူမှုကွန်ယက်တွင်ရေးသား” လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး စာကိုယ်အနေနဲ့ ဦးသိန်းထွန်းဦးဟာ စစ်ကောင်စီအတွက် ဒလန်မလုပ်ကြောင်းနဲ့ မိခင်အိုကြီးကို လုပ်ကိုင် ကြွေးမွေးနေသူဖြစ်တာကြောင့် သူ့အသက်အန္တရာယ် မပြုကြဖို့ မန္တလေး PDF ကို သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာကနေ တောင်းပန်ထားတယ်လို့ ရေးသာထားပါတယ်။ အထက်ဆိုလိုရင်းပါတဲ့ “Thein Myint” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၃ ရာကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: PDF တွေကို NUG ကပံ့ပိုးတဲ့ လက်နက်တွေလား- မဟုတ်ပါ

အမျိုးသားညီညွတ်ရေးအစိုးရ(National Unity Government of Myanmar- NUG)က ထောက်ပံ့မယ့် လက်နက်တွေအဖြစ် လက်နက်နဲ့ ကျည်ဆံဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ NUG ဖွဲ့စည်းချိန်မတိုင်ခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ “NUGကထောက်ပံ့ပေးမဲ့လက်နက်တွေပါ ပြည်သူတွေအားတင်ထားပါ ညနေ6:00ဆိုရင်လိုအပ်မှအပြင်ထွက်ပေးပါလို့မေတ္တာရပ်ခံအပ်ပါတယ် မြို့တိုင်းနယ်တိုင်းတွေပါပြောတာပါ အရေးတော်ပုံအောင်ရမည်”လို့ရေးသားပြီး “MDYPDFBLACKMandalay” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီပို့စ်ကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ ဓာတ်ပုံတစ်ချို့ကို “PDF တပ်ဖွဲ့ဝင်တွေအတွက် ထပ်ရောက်လာ”လို့ရေးသားပြီး “Kar Yan Ko Ko”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း ဒီနေရာမှာမျှဝေ ထားပါတယ်။အခြားသောရေးသားမျှဝေမှုကို ဒီနေရာ မှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ […]

Continue Reading

Fact Check: ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခအတွင်းက ဓာတ်ပုံကို တောင်ငူလေတပ်က ထွက်ပြေးတဲ့ စစ်သားများအဖြစ်မျှဝေ

တောင်ငူ လေတပ်စခန်းမှ အရာရှိနှစ်ဦးနှင့် တပ်သားနှစ်ဦးထွက်ပြေးတဲ့ ဓာတ်ပုံအဖြစ်ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၂ ခုနှစ် ဇွန်လကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့တာတွေ့ရပြီး ရခိုင်လူမျိုးရေး ပဋိပက္ခအတွင်းက ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။ “😘 အလှဆုံး ဓာတ်ပုံ 😘 တောင်ငူ လေတပ်စခန်းမှ အရာရှိနှစ်ဦးနှင့် တပ်သား နှစ်ဦး လက်နက်၄ လက် ယူဆောင်၍ သံတောင်မြို့.  KNUနယ်မြေ ဆီသို့ယနေ့ နံနက်ပိုင်း. ၈နာရီ ၄၅ မိနစ်ခန့် က ထွက်ပြေး #crd”လို့ရေးသားပြီး “Hein Htet San” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၅၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေနေကြတာကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း […]

Continue Reading

Fact Check: ဖိလစ်ပိုင်နိုင်ငံကပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံများကို NUG က PDF တွေကို သင်တန်း ပေးပုံအဖြစ်မျှဝေ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ အထူးလေ့ကျင့်ပေးထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ဖွဲ့ (PDF)ဝင်တွေလို့ ရေးသားလျက် စစ်ရေးလေ့ကျင့်နေတဲ့ စစ်သားဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံပြုသူ အများ အပြား ပြန်လည် မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ဖိလစ်ပိုင်နိုင်ငံက စစ်ရေးလေ့ကျင်မှု ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ “NUG မှ အထူးလေ့ကျင့်ပေးထားတဲ့ PDF တော်ဝင်တပ်ဖွဲ့များ။”လို့ရေးသားပြီး “La Minn Htet” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၅၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေနေကြတာကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အမျိုးသမီးတွေ သေနတ်ပစ်လေ့ကျင့်နေတဲ့ ဓာတ်ပုံမှာ Hugot […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ်က သံတွဲ ရွှေလှေတိုက်နယ်က ဗုဒ္ဓ ဆင်းတုတော်အချို့ ဖျက်ဆီးခံရတဲ့သတင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

ဘင်္ဂလီလူမျိုး အစ္စလာမ်ဘာသာဝင်တစ်ဦးက သံတွဲခရိုင် ရွှေလှေတိုက်နယ်ဘုရားမော်အုပ်စုမှာ ဗုဒ္ဓဆင်းတုတော် တွေ ဖျက်ဆီးလိုက်တယ်လို့ ရေးသားထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။  သို့သော် ဒီသတင်းဟာ ၂၀၁၇ ခုနှစ်က သတင်းတစ်ခုဖြစ်ပြီးလက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်မျှဝေနေခြင်း ဖြစ်ပါတယ်။ “NUG မှ အသိမှတ်ပြုထားတဲ့ ဘဂ်လီလူမျိုးအစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဗုဒ္ဓရုပ်ပွားတော်များအား ဖျက်ဆီး MHT News (Aug 15) ရခိုင်ပြည်နယ် သံတွဲခရိုင် ရွှေလှေတိုက်နယ်ဘုရားမော်အုပ်စု (ငွေတောင်) တောင်ပေါ်ရှိစေတီ​တော်တစ်ဆူမှ ဗုဒ္ဓရုပ်ပွားတော်များအား အာစ္စလာမ်ဘာသာဝင် တစ်ဦးမှ အကြောင်းမဲ့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါပြစ်မှုကျူးလွန်သူအား ရွှေလေ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် မောင်မောင်လေးမှ အချိန်နှင့်တပြေးညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည် ။”လို့ရေးသားပြီး “ReallyPage” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၃၀၀ […]

Continue Reading

Fact Check: ဖိလစ်ပိုင်မှာရေကြီးနစ်မြုပ်မှုမှ ကလေးငယ်ကယ်ဆယ်မှု မှတ်တမ်း ဓာတ်ပုံကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်မျှဝေ

မြန်မာနိုင်ငံက ရေဘေးဒုက္ခတစ်ခုမှာ ဖခင်ဟာ သူ့ရဲ့ကလေးကို ဇလုံတစ်ခုထဲမှာထည့်ပြီး သယ်ဆောင် လာတဲ့ဓာတ်ပုံဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ ဒီလို ဓာတ်ပုံပျံ့နှံ့ လာချိန်ဟာ မြန်မာနိုင်ငံမှာ ဇူလိုင်လကုန်ပိုင်းမှာ နေရာအတော်များများ ရေကြီးနစ်မြှုပ်မှု အချို့ဖြစ်ပေါ်ခဲ့ချိန်နဲ့ ကိုက်ညီနေပြီး လူအများအကြာရေပန်းစားခဲ့တာဖြစ်ပါတယ်။ သို့သော် ဒီဓာတ်ပုံဟာ မြန်နိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းက ဖိလစ်ပိုင်ရေကြီးမှု ဖြစ်စဉ်က ဓာတ်ပုံဖြစ်ပါတယ်။ “မြန်မာနိုင်ငံရေဘေးဒုက္ခတွေကြားက ဖခင်တစ်ယောက်ရဲ့ဖြူစင်လှပလွန်းတဲ့ ပေးဆပ်သော ချစ်ခြင်း မေတ္တာ….Photo crd”လို့ရေးသားပြီး “စွယ်စုံသုတ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၂၀၀ ဝန်းကျင် ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်နဲ့ အမေရိကန်သမ္မတနဲ့တွေ့ဆုံတဲ့သတင်းတု ဖြန့်ဝေ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ မြန်မာအိမ်စောင့်အစိုးရဝန်ကြီးချုပ် ဦးမင်းအောင်လှိုင် အွန်လိုင်းကနေတွေ့ဆုံခဲ့ တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ အမေရိကန်သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။  “အိမ်ဖြူတော်၏ ဖိတ်ကြားချက်အရ ယနေ့မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ၊ အမေရီကန်စံတော်ချိန် ည ၁၁:၃၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင် နှင့် အမေရီကန်သမ္မတ ဂျိုးဘိုင်ဒန် တို့ဟာ Video conference စနစ်ဖြင့် တစ်နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။  အဆိုပါ တွေ့ဆုံဆွေးနွေးမူ့တွင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေနေအား အဓိကထား ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမူ့များအား စီစစ်တွေ့ရှိခဲ့ရတာကြောင့် တပ်မတော်မှ မလွဲမရှောင်သာ၍ အာဏာထိန်းလိုက်ရခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက် သွင်းဖို့ အားလုံးပါဝင်တဲ့ […]

Continue Reading

Fact Check: WWE နပန်းသမား John Cena ကိုဗစ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန် တယ်ဆိုတဲ့ သတင်းမှား

WWE နပန်းသမားဂျွန်ဆီနာ(John Cena)ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုပြီးတော့ လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်များအတွင်း အကြောင်းအရာ အမျိုးမျိုးနဲ့ ပျံ့နှံ့လျက်ရှိခဲ့တဲ့ ပုံဟောင်းတွေဖြစ်ပါတယ်။ “John Cena သည် ပြီးခဲ့သောရက်သတ္တပတ်တည်းက Covid 19ရောဂါ ကူးစက်ခံစားနေခဲ့ရခြင်းဖြစ်သည်။ 11.8.2021 ညနေ ၆နာရီချိန်တွင် NewYork အထွေထွေဆေးရုံကြီး၌ဆေးကုသမှုခံယူရင်းရုတ်တရက် အောက်ဆီ ဂျင်ကျကာ နှလုံးရပ်တံ့သေဆုံးသွားခဲ့သည်။”လို့ရေးသားပြီး “Aung Soe Paing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၂ ထောင် ၂ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  […]

Continue Reading