Fact Check: UN လုံခြုံရေးကောင်စီမှာ ဝါကန်ဒါနိုင်ငံက နကစကို ထောက်ခံဆိုတဲ့ သတင်းတု

ကုလသမဂ္ဂ(UN)လုံခြုံရေးကောင်စီအစည်း‌အဝေးမှာ  ဝါကန်ဒါ(Wakanda)နိုင်ငံရဲ့ ဘုရင် တီချာကာမှ နကစ အစိုးရအားထောက်ခံလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ အောက်တိုဘာ ၁၀ ရက်ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီအစည်း‌အဝေးမှာ ဒီလို ထောက်ခံခဲ့တာဖြစ်ပြီး သတင်းကိုးကားဖော်ပြမှုအနေနဲ့ ရိုက်တာသတင်းဌာနကို ကိုးကားထားတယ်လို့ ဖော်ပြထားသလို ပို့စ်ရဲ့ အောက်ခြေမှာ wakanda လို့လည်းရေးသားထားပါတယ်။ သို့သော် ဝါကန်ဒါနိုင်ငံဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာမရှိသလို အောက်တိုဘာ ၁၀ ရက်ကလည်း လုံခြုံရေးကောင်စီအစည်းအဝေးမရှိတာတွေ့ရပါတယ်။  ဓာတ်ပုံ ၂ ပုံနှင့်အတူ “မျိုးချစ်သစ္စာ ပြည်မြန်မာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “နကစ အတွက်အသက်ရှူပေါက်တစ်ခု(သို့)ဝါကန်ဒါ —————————————————- အောက်တိုဘာ ၁၀ ရက် ကိုးကား – ရိုက်တာ    ယနေ့ကျင်းပ ပြုလုပ်သော UN လုံခြုံရေးကောင်စီအစည်း‌အဝေးတွင် ဝါကန်ဒါနိုင်ငံ၏ ဘုရင် […]

Continue Reading

Fact Check: PDF တွေကို မိဘတွေဆီ ဒေါက်တာဇော်ဝေစိုးက ပြန်ခိုင်းတယ်ဆိုတဲ့ စာအတု

တော်လှန်ရေးကျဆုံးသွားပြီဖြစ်လို့ PDF တွေ အိမ်ပြန်ကြဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(National Unity Government-NUG)ရဲ့ ပညာရေး နဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ screenshot ဓာတ်ပုံပို့စ်မှာ ဒေါက်တာ ဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Zaw Wai Soe အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကနေ တော်လှန်ရေး ကျဆုံးသွားပြီဖြစ်လို့ လူထုကိုတောင်းပန်ထားပြီး PDF တွေကိုမိဘတွေဆီပြန်ကြဖို့အတွက်လည်း ပန်ကြား ထားပါတယ်။ သို့သော် ဒေါက်တာဇော်ဝေစိုးက ဒီစာဟာအတုဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။  “မေပိုင်ဦး”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၀ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကိုဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေ မှာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: သီတဂူဆရာတော်ရဲ့ “လ”ထွက်တဲ့ ဓာတ်ပုံဟာပြုပြင်ဖန်တီးထားခြင်း သာဖြစ်

သီတဂူဆရာတော်ကြီးရဲ့ နောက်ကျောက ထူးဆန်းစွာပေါ်နေတဲ့ “လ”တစ်စင်အကြောင်း သိပ္ပံ ပညာရှင်တွေ ကိုယ်တိုင် တအံ့တဩဖြစ်နေကြောင်း Time မဂ္ဂဇင်းက ဖော်ပြခဲ့တယ်ဆိုပြီးတော့ရေးသားထားတဲ့  ဓာတ်ပုံပို့စ် တစ်ခု ကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံရဲ့ အပေါ်ဖက်မှာ Time 100 လို့ရေးသား ထားသလို အောက်ခြေမှာ လထွက်ရမယ်အချိန်မဟုတ်ဘဲ သီတဂူဆရာတော်ရဲ့ နောက်ကျောမှာ လထွက်နေခြင်းအပေါ် သိပ္ပံပညာရှင်တွေ အဖြေမရှိဖြစ်နေလို့ အဓိပ္ပာယ်ရှိတဲ့ စာသားကို အင်္ဂလိဘာသာနဲ့ ရေးသား ထားပါတယ်။ သို့သော် ဓာတ်ပုံဟာ သီတဂူဆရာတော်ရဲ့ လူမှုကွန်ယက်စာမျက်နှာက ဓာတ်ပုံတစ်ပုံကိုပြုပြင်ဖန်တီးမျှဝေနေခြင်း ဖြစ်တာတွေ့ရပါတယ်။ “#လမင်းကြီးကတောင် ဦးခိုက်ရသတဲ့ #မြန်မာပြည်မှ ထင်ရှားကျော်ကြားသော  #သီတဂူဆရာတော်ကြီးအား ဓာတ်ပုံ #ရိုက်ယူနေချိန်တွင် မွန်းတည့်ချိန်၌  #ပေါ်လာစရာအကြောင်း လုံးဝမရှိသော “လ”သည် ဝိုင်းစက်လှပစွာ ပေါ်ထွန်းလာသည်ကို သိပ္ပံပညာရှင်များကပင် […]

Continue Reading

Fact Check: ဘောလိဝုဒ် သရုပ်ဆောင်မင်းသား ရှရွတ်ခန်း လေယာဉ်ပျက်ကျ သေဆုံးဆိုတဲ့ သတင်းမှားပျံ့နှံ့

လေယာဉ်ပျက်ကျမှူကြောင့် ဘောလိဝုဒ် နာမည်ကြီး အိန္ဒိယ ရုပ်ရှင်မင်းသား ရှရွတ်ခန်း(Shah Rukh Khan)နဲ့ အတူ စုစုပေါင်း ခရီးသည် ၁၁၀ သေဆုံးခဲ့ရတယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည် မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အသုဘအခမ်းအနား တစ်ခုမှာ ငိုကြွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဓာတ်ပုံ၊ အိန္ဒိယအလံ ဖုံးအုပ်ထားတဲ့ အသုဘဘေးမှာ ရပ်နေတဲ့ အဖြူရောင်ဝတ် အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ၊ ဘောလိဝုဒ် နာမည်ကြီး မင်းသား ရှရွတ်ခန်းရဲ့ ဓါတ်ပုံနှစ်ပုံပါဝင်ပါတယ်။ သို့သော် ရှရွတ်ခန်းသေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုသတင်း တစ်စုံတစ်ရာမတွေ့ရသလို ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်အများအတွင်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “Zaw Aung Aung” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အိ န္ဒိယ နာမည်ကြီးအနုပညာရှင် ရှရွတ်ခန်း… လည်းကြွေလွင့်ခဲ့ပီကော..ယနေ့ (12:35)တွင် […]

Continue Reading

Fact Check: သရုပ်ဆောင် ဆင်မ သေဆုံးလို့ သတင်းမှားဖြန့်ချိ

ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ဆင်မ အလောင်းထုတ်ပုံလို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ သရုပ်ဆောင် ဆင်မဓာတ်ပုံနဲ့အတူ လူနာတင်ယာဉ်ပုံကို ယှဉ်တွဲဖော်ပြလျှက် ” ဉီးဆင်မ ကောင်းရာရောက်ပါစေဗျာ”၊”ဉီးဆင်မ အလောင်းထုတ်”စသည်ဖြင့်ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင် တယောက်ဖြစ်တဲ့ ဆင်မကို စစ်တပ်တွေက  ဩဂုတ် ၂၄ ရက်က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။ သို့သော် သရုပ်ဆောင်ဆင်မ သေဆုံးတဲ့သတင်းဟာ အထောက်အထားကင်းမဲ့ သလို အလောင်းထုတ် ဓာတ်ပုံအဖြစ် မျှဝေထားတဲ့ ပုံတွေဟာလည်း ဇူလိုင်လကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “topnewsnow24” ဝက်ဘ်ဆိုဒ်စာမျက်နှာ အောက်တိုဘာ ၆ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ  ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၄ ကြိမ်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ခရမ်းက နို့တိုက်မိခင် PDF ရိုက်နှက်ခံရတဲ့ဓာတ်ပုံလား-မဟုတ်ပါ

နို့တိုက်နေတဲ့မိခင်ကို PDF က ရိုက်နှက်သွားတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ ကလေးငယ်ကို နို့တိုက်နေတဲ့ မိခင်တစ်ယောက်ရဲ့ ဦးခေါင်းမှာ သွေးထွက်နေတဲ့ ဓာတ်ပုံတစ်ပုံလည်း ပါဝင်ပါတယ်။ သို့သော် ဓာတ်ပုံဟာ အခြားနိုင်ငံက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။ “ရန်ကုန်၊ခရမ်းမြိုနယ်  က လေးနိုတိုက် နေ သော မိခင်အား အကြမ်းဖက် pdf များမှ ဒလန်စွပ်စွဲ၍  သတ်ရန်လာ သော်လည်း က လေးနိုတိုက် နေသဖြင့်  ခေါင်းပဲ ရိုက်နှက်သွားဟု ကနဦးသိရ”လို့ရေးသားပြီး “မင်းခ ယောက်ကျား”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၃၀ ရက်မှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: လွတ်မြောက်နယ်မြေကိုရောက်လာတဲ့ ဒရုန်းယာဉ်တွေဓာတ်ပုံလား-မဟုတ်ပါ

လွတ်မြောက်နယ်မြေတွေဆီရောက်ရှိလာတဲ့ ဒရုန်းယာဉ်တွေဆိုပြီးတော့  ဓာတ်ပုံ ၃ ပုံနဲ့အတူ ရေးသားမျှဝေထား ရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံတွေမှာ တောတွင်း တစ်နေ ရာမှာ ရွက်ဖျင်တဲထိုးပြီး ကားနဲ့လူအချို့က စက်ပစ္စည်းအချို့၊ အလုပ်ရှုပ်နေပုံနဲ့ ဒရုန်းယာဉ်တစ်စီး ချထားတဲ့ပုံနဲ့ ဝေဟင်ကရိုက်ကူးထားတဲ့ နေရာတစ်ခုပုံတွေပါဝင်ပါတယ်။ သို့သော် မျှဝေထားတဲ့ ဓာတ်ပုံတွေဟာ ဟောင်ခြေစိုက် Gl ကုမ္ပဏီက ကြော်ငြာဓာတ်ပုံတွေဖြစ်ပါတယ်။ “ဆော်မယ့် တီးမယ့် Drone တွေ လာပြီ ======================= လွတ်မြောက်နယ်မြေများသို့ ဒရုံးများအချို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရ #myanmarcelebrityclub_edition”လို့ရေးသားပြီး “Jo Tiger” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်တို ဘာ ၆ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၃ ထောင် […]

Continue Reading

Fact Check: ဇင်ဝိုင်းပြန်လည်အဖမ်းခံရတယ်ဆိုတာမဟုတ်ပါ

အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီအချိန်မှာသရုပ်ဆောင် ဇင်ဝိုင်းဟာ ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းကမျှဝေလျှက်ရှိပါတယ်။   ပျံနှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် ဇင်ဝိုင်းကို ပြန်လည် ဖမ်းဆီး”စသည်ဖြင့် ခေါင်းစဉ်တပ်ရေးသားထားပြီး  ဇင်ဝိုင်း(ခ) ဦးဌေးလွင်ဟာ ရပ်ကွက်အတွင်း မူးရူးအော်ဟစ်ခြင်း၊ ဒေသခံကာကွယ် ရေးတပ်ထဲရောက်နေတဲ့ သားဖြစ်သူ PDF အဖွဲ့ဝင် မင်းမော်ကွန်းနဲ့ ဆက်သွယ်ခြင်း၊ အမျိုးသား ညီညွတ်ရေးအစိုး ရ(NUG)ကို လျှို့ဝှက်ထောက်ပံ့ခြင်း စတာတွေကို လုပ်ဆောင်နေ တယ်ဆိုပြီး အောက်တို ဘာ ၆ က ပြန်လည် ဖမ်းဆီးလိုက်တာလို့ ဖော်ပြထားပါတယ်။ “Cele New Moe”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကမျှဝေထားတဲ့ ပျံ့နှံမှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဦးဖြိုးမင်းသိန်း မိသားစုဝင်တွေကို လှည်းကူး PDF က ခြိမ်းခြောက်ဆိုတဲ့ သတင်းတု

စစ်တပ်က ဖမ်းဆီးထားတဲ့ ဦးဖြိုးမင်းသိန်းရဲ့ မိသားစုဝင်တွေကို  လှည်းကူး PDF က ခြိမ်းခြောက်တဲ့ စာဆိုပြီး တော့ လူမှုကွန်ယက်မှာ မျှဝေလျှက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိက္ခာကျအောင်လုပ်ခဲ့တဲ့အတွက် မိသားစုရဲ့ အသက်လုံခြုံမှုကို အာမခံဘူးလို့ ရေးသား ထားပါတယ်။  သို့သော် Hlegu Defence Force –Hlegu PDF အမည်နဲ့ စာမျက်နှာက ဒီစာဟာအတုဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။  “ဒေါက်တာဆိတ်ဖွား”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက “လှည်းကူး နဲ့ ရန်ကုန် PDF များ ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် အနှစ်ချုပ်”လို့ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေမှာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ကနဲလေးရွာအနီးကမြန်မာစစ်သားတွေပြန်လည်မြှုပ်နှံမှု ဖြစ်တယ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ မှာ တော်လှန်ရေး လူငယ်အမျိုးသား အမျိုးသမီး ၄၅၀ ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ ဗွီဒီယိုဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။    “ကဲTGကရုပ်သံကြည့်ကျပါ တောခိုမိဘတွေ KNLAတပ်မဟာ5ကိုဝင်ရှင်းတော့ အစုလိုက်အပြုံလိုက်ကျားမရောရာသတ်ဖြတ်ခံထားရတဲ့..GZ450ကို တပ်မတော်သားတွေက မြေမြှုပ်ပေးရတယ် မျက်ရည်ကျပြီး အမျိုးသမီး121ယောက်ပါတယ် မုဒိမ်းကျင့်သတ်ထားတာ Kmh”လို့ရေးသားပြီး “စနေသား ဘီလူးနတ်ခတ်”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်း မျှဝေ ထားပါတယ်။ GZ ဆိုတဲ့စကားလုံးဟာ စစ်အာဏာသိမ်းမှုကိုမလိုလားတဲ့ လူငယ်တော်လှန်ရေးအင်အားစုကို ဆိုလိုတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ ရေးသားမျှဝေထားတဲ့ နောက်ထပ်ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ရွံ့ညွှန်တွေ လူးနေတဲ့ […]

Continue Reading