
အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီအချိန်မှာသရုပ်ဆောင် ဇင်ဝိုင်းဟာ ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းကမျှဝေလျှက်ရှိပါတယ်။
ပျံနှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် ဇင်ဝိုင်းကို ပြန်လည် ဖမ်းဆီး”စသည်ဖြင့် ခေါင်းစဉ်တပ်ရေးသားထားပြီး ဇင်ဝိုင်း(ခ) ဦးဌေးလွင်ဟာ ရပ်ကွက်အတွင်း မူးရူးအော်ဟစ်ခြင်း၊ ဒေသခံကာကွယ် ရေးတပ်ထဲရောက်နေတဲ့ သားဖြစ်သူ PDF အဖွဲ့ဝင် မင်းမော်ကွန်းနဲ့ ဆက်သွယ်ခြင်း၊ အမျိုးသား ညီညွတ်ရေးအစိုး ရ(NUG)ကို လျှို့ဝှက်ထောက်ပံ့ခြင်း စတာတွေကို လုပ်ဆောင်နေ တယ်ဆိုပြီး အောက်တို ဘာ ၆ က ပြန်လည် ဖမ်းဆီးလိုက်တာလို့ ဖော်ပြထားပါတယ်။
“Cele New Moe”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကမျှဝေထားတဲ့ ပျံ့နှံမှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီစွာရေးသားထားပြီး ဗွီဒီယိုပုံစံနဲ့ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေမှာလည်း တွေ့ရပါ တယ်။

သရုပ်ဆောင်ဇင်ဝိုင်းရဲ့ ချွေးမဖြစ်သူ သဉ္ဇာလှိုင်က ယောက္ခမဖြစ်သူအဖမ်းခံရတယ်ဆိုတဲ့ သတင်းဟာမမှန်ဘူးလို့ သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်ကနေရှင်းလင်းထားပါတယ်။

မူရင်းလင်ခ့် – Thin Zar Hlaing | Archive link
ရုပ်ရှင်အသိုင်းအဝိုင်းကလည်း ဒီသတင်းဟာ မမှန်ဘူးလို့ မီဒီယာတွေကိုပြောဆိုထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ် မှာလည်းတွေ့ရပါ တယ်။
ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုဟာလည်း ဗွီဒီယိုဖိုင်ဟောင်းတစ်ခုဖြစ်ပြီး စက်တင်ဘာလထဲမှာကတည်းက သရုပ်ဆောင် ဇင်ဝိုင်းက အော်ဟစ်ပေါက်ကွဲနေတဲ့ ဗွီဒီယိုအဖြစ်ပျံ့နှံ့ခဲ့ဖူးပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ သရုပ်ဆောင်ဇင်ဝိုင်း ဒုတိယအကြိမ်ဖမ်းဆီးခံရတယ်ဆိုတဲ့အချက်ဟာ သတင်းမှားတစ်ခုဖြစ်ပါတယ်။