Fact Check: ဆက်ကြေး​​ကောက်ခံတာမရလို့ နတ်ချောင်းရွာကို PDF ကမီးရှို့ တယ်ဆိုတဲ့သတင်းမှား

ဆက်ကြေးကောက်ခံတာမရလို့ နတ်ချောင်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကမီးရှို့ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ လွတ်လပ်တဲ့မီဒီယာအများ အပြားမှာဖော်ပြချက်နဲ့ကွဲလွဲပြီး အထောက်အထားမရှိပါဘူး။ “ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါလမ်းမပေါ်မှာ ရှိတဲ့ နတ်ချောင်းကျေးရွာက ပညာဗမ္မာန်ကိုယ် ပိုင်အထက်တန်းကျောင်းအပါအဝင်  လူနေအိမ် ၁၀၀ နီးပါးကို PDF အဖွဲ့မှ  ဆက်ကြေးကောက်ခံမှုမရရှိသောကြောင့် တစ်ရွားလုံးကိုမီးရှို့ရာ အိမ်ခြေတစ်ချို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းသတင်းရရှိပါတယ်။”စသည်ဖြင့်ရေးသားပြီး “Aung Htoo San”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၄ ပုံနှင့်အတူအောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အဓိကျတဲ့ စကားလုံးအချို့အသုံးပြုပြီး Facebook(ဖေ့စ်ဘွတ်)နဲ့ Google မှာအကြောင်းအရာကို ရှာဖွေကြည့်ရာ မှာ ကလေးမြို့နယ် နတ်ချောင်းရွာဟာ စစ်တပ်ရဲ့ အကြိမ်ကြိမ်မီးရှို့တာခံခဲ့ရတာကို လွတ်လပ်တဲ့ […]

Continue Reading

Fact Check: အမေရိကန် ဗိုလ်ချုပ်ကြီး Cloutier ကို ရုရှားက ဖမ်းဆီးဆိုတဲ့သတင်းတု သတင်းမှား

အမေရိကန် ဗိုလ်ချုပ်ကြီး Gen. Cloutier ကို ရုရှားဖက်ကဖမ်းဆီးရမိတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ အကြောင်းအရာဟာ မှားယွင်းပါတယ်။ “မာရီယူပိုလ်က Azov တပ်တွေကို  နောက်ကွယ်ကအကူပေး၊ စီစဉ်ညွှန်ကြားနေတဲ့ အမေရိကန် Gen. Cloutier ကို ရုရှားဖက်က ဖမ်းဆီးမိလိုက်ပါပြီ။ #KT”စသည်ဖြင့်ရေးသားပြီး “ဗဟိုစည်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီသတင်းဟာမှားယွင်းကြောင်း နေတိုး (North Atlantic Treaty Organization-NATO)အဖွဲ့တာဝန်ရှိသူက ရိုက်တာ(Reuters)သတင်းဌာနကို အတည်ပြုထားတာတွေ့ရပါတယ်။ ဉရောပနေတိုး၏မဟာမိတ်ကွပ်ကဲမှုဌာနချုပ်(SHAPE)မှ ပြည်သူ့ရေးရာအရာရှိတစ်ဦးက သတင်းဌာန ကိုပြောကြားတဲ့ ထုတ်ပြန်ချက်မှာ “ဒီပြောဆိုချက်တွေဟာ လုံးဝလွဲမှားနေပါတယ်။ ၂၀၂၁ […]

Continue Reading

Fact Check: KIA တပ်မဟာ ၉ ကျရှုံးသွားပြီဆိုတဲ့သတင်းတုသတင်းမှား

လက်နက်အတော်များများမြေပေါ်မှာ စုပုံထားတဲ့ ဓာတ်ပုံ ၁ ပုံနဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ တပ်မဟာ ၉ ကို တပ်မ ၈၈ ကချေမှုန်းလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်သလို ကချင်လက်နက်ကိုင် တပ်မဟာ ၉ ကျရှုံးတဲ့အကြောင်းအရာဟာလည်းမှားယွင်းပါတယ်။ “KIA တပ်မဟာ ၉ ကျရှုံးသွားပါဘီ . ပြေးချိန်တောင် မရလိုက်ဘူးဟု သိရပါတယ် … ပြည်ထောင်စုမြန်မာ့တပ်မတော်  တပ်မ ၈၈ ကတွယ်လိုက်တာပါ.            KIA အလောင်း ၂၀၀ ကျော် . လက်နက်မျိုးစုံ ၃၀၀  ကျော်ရရှိပါသည်”စသည်ဖြင့်ရေးသားပြီး “ပေတရာ ဘဂျမ်း ဘဝ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။ […]

Continue Reading

Fact Check: CDM ဝန်ထမ်းတွေကို လစာတိုးပေးဖို့ ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုတဲ့ သတင်းတုသတင်းမှား

CDM ဝန်ထမ်းတွေကို လစာတိုးပေးဖို့ စီစဉ်နေတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုပြီးတော့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ DVB သတင်းဌာနကရေးသားခဲ့တဲ့သတင်းအဖြစ် ဒီ screenshot ဓာတ်ပုံထဲမှာ “CDM ဝန်ထမ်းများအား လစာတိုးရန် စီစဉ်ထားကြောင်း ၂၀၂၂ ခုနှစ် ဧပြီလ (၃၁) ရက်နေ့တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုး ပြောကြား”လို့ ရေးသားထားပြီး ဒေါက်တာ ဇော်ဝေစိုး ဓာတ်ပုံနဲ့အတူ သတင်းဖော်ပြပါရက်စွဲအနေနဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၂ ရက်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ ပြောဆိုမျှဝေထားတဲ့ အကြောင်းအရာဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ NUG ကလစာတိုးဖို့ ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အဖြစ် ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပထမဆုံး ဒီscreenshot ဓာတ်ပုံပါ ဒီဗွီဘီသတင်းဌာနရဲ့ ဝက်ဘ်လိပ်စာကို Google […]

Continue Reading

Fact Check: Phoenix-အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဗွီဒီယိုဖိုင်ကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက အိမ်ဖျက် မီးရှို့နေတဲ့ သက်သေဆိုပြီးတော့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ၇ စက္ကန့်ရှည်လျား တဲ့ ဗွီဒီယိုထဲမှာ အမျိုးသားတစ်ယောက်က ဝါးကတ်ခြံဝင်းထရံကို ဆောင့်ကန်နေတာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားတဲ့ စစ်တပ်က မီးရှို့ခဲ့တာကို မီးငြိမ်းနေတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ “ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ PDF တွေ အိမ်ဖျက် မီးရှို့နေတဲ့ သက်သေ” စသည်ဖြင့် ရေးသားပြီး “Sit Min Lwin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဧပြီ ၇ ရက်က အောက်ပါအတိုင်းမျှဝေထားပါတယ်။   မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်မှာပဲ […]

Continue Reading

Fact Check: ကရင်ပြည် ဖလူးဒေသကို စစ်တပ်က တိုက်ခိုက်နေတဲ့ဒီဗွီဒီယိုလား-မဟုတ်ပါ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တောင်ပိုင်းဒေသဖြစ်တဲ့ ဖလူးဒေသကို စစ်တပ်က တိုက်ခိုက်မှုအဖြစ် ဗွီဒီယိုတစ်ခုဟာ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ စက္ကန့် ၃၀ ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ တောအုပ်တစ်ခုထဲမှာ ပစ်ခတ်သံ ပေါက်ကွဲသံတွေနဲ့အတူ မီးခိုးတွေအူနေတာကို အဝေးတစ်နေရာက ရိုက်ကူးထားတဲ့ မြင်ကွင်းတွေပါဝင်ပြီး ဗွီဒီယိုရိုက်ကူးရက်စွဲအဖြစ် “20.4.2022”လို့လည်းရေးသားထားပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယ-ပါကစ္စတန်နယ်စပ် ကတ်ရှ်မီးယားဒေသမှာ ၂၀၁၉ ခုနှစ်က ပစ်ခတ်မှုအဖြစ်အပျက်ကို ရိုက်ကူးထားဖြစ်ပါတယ်။ ဒီဗွီဒီယိုနဲ့အတူ “Zaw Min Hlaing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“pdfတောင်ပိုင်းလို့ပြောနေတဲ့ ဖလူးဒေသ ကိုစိုးမိုနိုင်ပါတော့မည်…ဘောကျော်ဟဲ..ကတော့ထိုင်းဖက်ကိုပြေးပြီလို့သတင်းရပါတယ်… စခန်းအားလုံး ကိုထိချက်ကောင်းပါတယ်…ထိုင်းဖက်ထွက်ပေါက်ဖြစ်တဲ့…မဲကုနွဲ..ကျောက်ခက်တလျှေက်လဲပိတ်ထားနိုင်ခဲ့ပါပြီလို့…..👌” စသည်ဖြင့် ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀ ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အခြားသောဖေ့စ်ဘွတ်အသုံးပြုသူ “သခင် မုန်တိုင်း”အမည်နဲ့အကောင့်ကလည်း […]

Continue Reading

Fact Check: ၂၀၂၀ ခုနှစ်အတွင်းက ဆူဒန်နိုင်ငံလောင်စာပြတ်လပ်မှု မြင်ကွင်း ဓာတ်ပုံဟာ မြန်မာနိုင်ငံကအဖြစ် ပျံ့နှံ့မှုအားကောင်းနေ

ရန်ကုန်က ဓာတ်ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ကားတန်းကြီးဆိုပြီး ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ ယနေ့(ဧပြီ ၁၉ ရက်)ကစပြီး ဓာတ်ဆီအကြပ်အတည်းဖြစ်ပေါ်နေပြီး အချို့ဆိုင်တွေမှာ ကန့်သတ်ရောင်းချမှုတွေရှိပါတယ်။ (သတင်းတွေကို ဒီနေရာ၊ဒီနေရာမှာတွေ့ရပါတယ်) ဒီလိုအခြေအနေမှာပဲ ဓာတ်ဆီဆိုင်တစ်ဆိုင်လို့ ယူဆရတဲ့ နေရာတစ်ခုရှေ့မှာ ကားတွေ ဘေးပတ်ပတ်လည်က စီတန်းနေတဲ့ ဓာတ်ပုံနဲ့အတူ “The Modern Cook”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက“ရန်ကုန်မြို့ရဲ့ ဓာတ်ဆီ ဆိုင်တစ်ဆိုင်ရှေ့ နွေနေပူပူမှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ ကားတန်းကြီး … Photo – Aung Myo Htay” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံကိုအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၁၀ ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: KNU ကအလင်းဝင်လာတဲ့ဗိုလ်မှူးနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ဆိုပြီးတော့ သတင်းတုဖြန့်

အလင်းဝင်လာတဲ့ ဗိုလ်မှူးတင်လင်းအောင်၊တပ်သားဟိန်းမင်းထွေးတို့မှာစစ်တပ်က သူရဲကောင်းမှတ်တမ်း ရရှိထားသူတွေဖြစ်လို့ သတိထားဖို့နဲ့ စစ်တပ်က လာရောက်ပူးပေါင်းတဲ့သူတွေကို သတိထားစောင့်ကြည့်ဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်ချက်ဆိုပြီးတော့ထုတ်ပြန်ချက်အတုတစ်ခုပျံ့နှံ့ခဲ့ပါတယ်။ “May La Minn”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“အလင်းဝင်ရောက်လာသူ  ဗိုလ်မှူးတင်လင်းအောင် နဲ့ ပတ်သတ်ပြီး  ကရင်အမျိုးသားအစည်းအရုံး(KNU) ၏အသိပေးထုတ်ပြန် ကြေညာချက်,,, #crdphoto  (3•4•2022)mlm” စသည်ဖြင့် ရေးသားပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် KNU ဒူးပလာယာခရိုင်က အလုပ်အမှုဆောင်ကော်မတီက ဒီထုတ်ပြန်ချက်ဟာ အတုဖြစ်တယ်လို့ ၎င်းတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာက တစ်ဆင့်ရှင်းလင်းထားတာတွေ့ရပါတယ်။  “ယခု ထုတ်ပြန်ချက်သည် စာအတုဖြစ်ပြီး KNU ကော့ကရိတ် မြို့နယ်၏ ထုတ်ပြန်ချက် မဟုတ်ကြောင်း အသိပေးအပ်ပါသည်” မူရင်းလင်ခ့် – ဒူးပလာယာခရိုင် |  Archive link   KNU […]

Continue Reading

Fact Check:  Taylor Swift သေဆုံးမှု သတင်းတုသတင်းမှားသာဖြစ်တယ်

အမေရိကန်အဆိုတော် Taylor Swift မိမိကိုယ်မိမိအဆုံးစီရင်သွားတယ်ဆိုပြီးတော့  ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ တကယ်တော့ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “Breaking News အမေရိကန်အဆိုတော် Taylor Swift မိမိကိုယ်မိမိအဆုံးစီရင်သွား”လို့ရေးသားထားသလို “အမေရိကန်နာမည်ကြီးအဆိုတော် Taylor Swiftသည်  ယနေ့ New York စံတော်ချိန် မနက် ၈ နာရီ (မြန်မာစံတော်ချိန် ည ၆နာရီခွဲ) ခန့်က ရုတ်တရက် မိမိကိုယ်မိမိ အဆုံးစီရင်သွားကြောင်းသိရသည်။ အတူနေထိုင်သူများ၏ ပြောကြားချက်အရ သေကြောင်းမကြံခင်က ၎င်းသည် ရုပ်သံလိုင်းတစ်ခုမှ ဖျော်ဖြေရေးအစီအစဉ်များကို စိတ်ဝင်တစား ကြည့်ရှု‌နေခဲ့သေးကြောင်း၊ ၎င်းတွင် စိတ်ညစ်စရာရှိသည်ဟု မကြားဖူးသေးကြောင်း ပြောကြားသည်။ Taylor Swift သည် သေဆုံးချိန်၌ အသက် ၃၂နှစ် ခန့်သာရှိသေးပြီး သန်း ၄၀၀ကျော် […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ၂၀၁၆ ခုနှစ် မန္တလေးသင်္ကြန်မှာ Skynet ရုပ်သံလိုင်း တိုက်ရိုက်ထုတ်လွှင့်မှုအနှောင့်အယှက်အဖြစ်အပျက်တစ်ခုသာဖြစ်တယ်

မန္တလေးသင်္ကြန်မှာ Skynet ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်နေချိန်မှာပဲ ထုတ်လွှင့်မှုကို တားမြစ်ခဲ့တယ် ဆိုပြီးတော့ ဗွီဒီယို ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဒီဖြစ်စဉ်ဟာ တကယ်တော့ ၂၀၁၆ ခုနှစ်က ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား နားလည်းမှုလွဲစေတာတွေ့ရပါတယ်။ “ဘောမချင်တဲ့ ကောင်မ စောက်ရှက်ကွဲ”လို့ရေးသားပြီး“မြန်မာ့ အားကစား” အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာ ကရေးသားပြီး အောက်ပါအတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ဒီဗွီဒီယိုကို ရှာဖွေကြည့်ရာမှာ ၂၀၁၆ ခုနှစ် ဧပြီ ၁၃ ရက်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ “မန္တလေးသင်္ကြန်SKYNETဖြစ်စဉ်”လို့ရေးသားပြီး “Myanmar Crime”အမည်နဲ့ youtube အကောင့်မှာ ၂၀၁၆ […]

Continue Reading