
မန္တလေးသင်္ကြန်မှာ Skynet ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်နေချိန်မှာပဲ ထုတ်လွှင့်မှုကို တားမြစ်ခဲ့တယ် ဆိုပြီးတော့ ဗွီဒီယို ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။
ဒီဖြစ်စဉ်ဟာ တကယ်တော့ ၂၀၁၆ ခုနှစ်က ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား နားလည်းမှုလွဲစေတာတွေ့ရပါတယ်။
“ဘောမချင်တဲ့ ကောင်မ စောက်ရှက်ကွဲ”လို့ရေးသားပြီး“မြန်မာ့ အားကစား” အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာ ကရေးသားပြီး အောက်ပါအတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ဒီဗွီဒီယိုကို ရှာဖွေကြည့်ရာမှာ ၂၀၁၆ ခုနှစ် ဧပြီ ၁၃ ရက်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။

“မန္တလေးသင်္ကြန်SKYNETဖြစ်စဉ်”လို့ရေးသားပြီး “Myanmar Crime”အမည်နဲ့ youtube အကောင့်မှာ ၂၀၁၆ ခုနှစ် ဧပြီ ၁၃ ရက်စွဲနဲ့တင်ထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Myanmar Crime | Archive link
သုံးသပ်ချက်
Skynet ရုပ်သံကတိုက်ရိုက်ထုတ်လွှင့်နေစဉ်မှာ ဒီထုတ်လွှင့်မှုကို အမျိုးသားတစ်ဦးက တားမြစ်တဲ့ ဖြစ်ဉ်ဟာ ၂၀၁၆ ခုနှစ်က ဖြစ်စဉ်ဟောင်းသာဖြစ်ပါတယ်။

Title:Fact Check: ဒီဗွီဒီယိုက ၂၀၁၆ ခုနှစ် မန္တလေးသင်္ကြန်မှာ Skynet ရုပ်သံလိုင်း တိုက်ရိုက်ထုတ်လွှင့်မှုအနှောင့်အယှက်အဖြစ်အပျက်တစ်ခုသာဖြစ်တယ်
Fact Check By: Nayar MaungResult: Misleading