Fact Check: ချောင်းဦး PDF က စပါးရိတ်တဲ့ တောင်သူတွေဆီက အခွန်ကောက်နေတဲ့ မြင်ကွင်း ဓာတ်ပုံလား-မဟုတ်ပါ
ချောင်းဦးPDF အဖွဲ့မှ စပါးရိတ်သိမ်းတဲ့တောင်သူလယ်သမားတွေဆီကနေ စပါးတစ်တင်းကို ၂၀၀၀ ကောက်နေ တယ်လိုဆိုပြီး ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ သေနတ်ကိုင်ထားသူအချို့ရဲ့နောက်မှာ စပါးရိတ်စက်နဲ့ စပါးရိတ်နေတဲ့ မြင်ကွင်းပါဝင်ပါတယ်။ “ချောင်းဦးPDF အဖွဲ့မှ စပါးရိတ်သိမ်းသည့်တောင်သူလယ်သမားများအား စပါးတစ်တင်းကို ၂၀၀၀ ကောက် ချောင်းဦးPDF အဖွဲ့မှ ချောင်းဦးမြို့နယ်အတွင်းရှိ စပါးရိတ်သိမ်းနေသောတောင်သူလယ်သမားများအား စပါးတစ်တင်းထွက်ပါက ၂၀၀၀ ကျပ် ၁၀၀ ထွက်ပါက ၂၀၀၀၀၀ ကျပ်တော်လှန်ရေး ရံပုံငွေအဖြစ်ကောက်ခံနေတယ်လို့သိရှိရ Crd”လို့ရေးသားပြီး“Aye Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီး အောက်ပါအတိုင်းမျှဝေထား ပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံးဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီပုံဟာ ဧပြီ ၁ […]
Continue Reading