Fact Check: မြန်မာစစ်တပ်ကိုယ်စားလှယ်ကို ကုလသမဂ္ဂကခွင့်ပြုဆိုတဲ့သတင်းတု သတင်းမှား

မြန်မာစစ်တပ်က ကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့တဲ့ ဦးမင်းသိန်းကို ကုလသမဂ္ဂက တရား၀င် အသိမှတ်ပြု လိုက်ပြီဆိုတဲ့ပို့စ်တစ်ခု စက်တင်ဘာ ၁၇ ရက်ကဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ ၇၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)ကို ကိုယ်စားပြုတဲ့ ဦးကျော်မိုးထွန်းတက်ရောက်နေတာတွေ့ရပါတယ်။ “ကုလသမဂ္ဂက မြန်မာသံအမတ်ကြီး ဦးမင်းသိန်းကိုတရား၀င်အသိမှတ်ပြုလိုက်ပြီ”လို့ ရေးသားပြီး “သတင်းတမန် သတင်းတမန်” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်(နယူးယောက်စံတော်ချိန် စက်တင်ဘာ ၁၃ ရက် ညနေ ၃ […]

Continue Reading

Fact Check: NUG လူ/ကယ်ပြန်ဝန်ကြီး တပ်မ ၉၉ ဗျူဟာမှူးထံမှာ လက်နက်ချ အလင်းဝင်ဆိုတဲ့သတင်းမှား

တပ်မ ၉၉ တံဆိပ်ပါရှိတဲ့ စစ်သားတစ်ယောက် ဒေါက်တာဝင်းမြတ်အေးနဲ့ ရယ်မောစကားပြောကာ လက်ဆွဲ နှုတ်ဆက်နေတဲ့ ဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဒေါက်တာဝင်းမြတ်အေး လက်နက်ချ အလင်းဝင်ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားမှာ ပျံနှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ NLD အစိုးရလက်ထက်မှာ လူကယ်ပြန်ဝန်ကြီး တာဝန်ယူခဲ့စဥ်က ဖြစ်ပြီး ၊ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မောင်းတောဒေသကို သွားရောက်ခဲ့စဉ် တပ်မ ၉၉ က စစ်သားတွေ အရာရှိတွေနဲ့ တွေ့ဆုံ နှုတ်ဆက် စကားပြောနေတဲ့ ဓာတ်ပုံသာ ဖြစ်ပါတယ်။ “လက်နက်ချ အလင်းဝင်ရောက်လာသည့်   NLD ဝန်ကြီးဟောင်း အား  ရှေ့တန်းတပ်မ ၉၉ နည်းဗျူဟာမှူးမှ လှိုက်လှဲစွာ ကြိုဆို”လို့  ရေးသားပြီး “ဇော် မင်း လွင်” အမည်နဲ့ […]

Continue Reading