Fact Check: ရခိုင်ကို ဘင်္ဂလားဒေ့ရှ်သိမ်းပိုက်ဖို့ AA နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ် ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့သတင်းမှား
ရက္ခိုင့်တပ်တော်(Arakan Amry – AA)ဟာ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထည့်သွင်းဖို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအကြံပြုချက်အဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိပါတယ်။နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ AA အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံ အတွင်း ထည့်သွင်းမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြောင်းနေ့စဉ်ဖော်ပြပေးနေသော Bangladesh Military Affairs ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၀ ခုနှစ် ဇွန် ၈ ရက်နေ့ ၁၀၃၀ နာရီအချိန်က ရေးသားဖော်ပြထား တယ်လို့ဆိုပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်တွေပါတဲ့ရေးသားချက်အပြည့်အစုံဖြစ်ပါတယ်။ “Arakan Army(AA) အဖွဲ့ကို ဘင်္ဂလားဒေ့ရ်ှစစ်တပ်တွင် ထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံအတွင်းထည့်သွင်းမည်ဖြစ်ကြောင်း ” ဘင်္ဂလားဒေ့ရ်ှစစ်တပ်အကြောင်း နေ့စဉ်ဖော်ပြပေးနေသော Bangladesh Military Affairs Page တွင်ဇွန် ၈ ရက်နေ့ ၁၀၃၀ နာရီအချိန်၌ […]
Continue Reading